Get Mystery Box with random crypto!

ညနေ ၃ နာရီ - မိုခါ မုန်တိုင်း စစ်တွေက ကျနော့် သတင်းရင်းမြစ် န | Mratt's Channel

ညနေ ၃ နာရီ - မိုခါ မုန်တိုင်း

စစ်တွေက ကျနော့် သတင်းရင်းမြစ် နှစ်ဦးနဲ့တော့ အဆက်အသွယ်ပြတ်သွားပါပြီ။ မနက်ပိုင်းကတည်းက ဝိုင်ဖိုင်တွေ မရတော့ဘဲ ဖုန်းဒေတာနဲ့ ဆက်သွယ်နေတာဆိုတော့ ခု ဖုန်းဒေတာ လုံးလုံးပြတ်သွားတယ်ပဲ ယုံကြည်ရပါတယ်။

စစ်တွေ ဒေသတွင်း ဖေ့စ်ဘုတ် ဂရုတွေမှာတော့ ဘယ်အိမ်ကိုကယ်ပေးပါ၊ ဘယ်မှာတော့ လူပိတ်မိနေလို့ပါ စသည်ဖြင့် အကူညီတောင်းထားကြတာတွေ ဒုနဲ့ဒေးပါ။ နဂိုက အဆောက်အဦးကြီးတယ်လို့ ယူဆပြီး ရှောင်တိမ်းနေကြတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်တချို့လည်း အန္တရယ်ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီ မုန်တိုင်းက ရခိုင်ပြီးရင် ချင်းနဲ့ စစ်ကိုင်းဆီ ရွေ့မှာဖြစ်ပါတယ်။ မိုးလေဝသပညာရှင်တွေရဲ့အဆိုအရ ကုန်းတွင်းပိုင်းကို ဝင်ရင် အားပျော့သွားမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းရောက်ရင် အားပျော့သွားမယ်လို့ မျှော်လင့်ရပါတယ်။

တနေ့ကတော့ မြိုင် ဘက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် မိုးထဲလေထဲ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ မုန်တိုင်းလာရင်တော့ ဘယ်လိုနေကြမယ် မပြောတတ်ပါ။