Get Mystery Box with random crypto!

စစ်တွေ၊ မိုခါ မုန်တိုင်း (ညနေ ၅ နာရီ ၁၅ မိနစ်) MPT လိုင်းတွေ | Mratt's Channel

စစ်တွေ၊ မိုခါ မုန်တိုင်း
(ညနေ ၅ နာရီ ၁၅ မိနစ်)

MPT လိုင်းတွေ ပြတ်သွားပြီး အော်ရီဒူးတော့ ရသေးတယ်လို့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ လေပြင်းပြင်းထန်ထန် တိုက်နေဆဲ ဖြစ်သလို မြို့ထဲကို ဒီရေ အလုံးလိုက် ဝင်လာနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ထဲက အိမ်တွေမှာ ၅ ပေကျော်လောက်ထိ ရေတက်နေပြီလို့ ဆိုပါတယ်။ ဒါဟာ မြို့ထဲဧရိယာဖြစ်ပြီး ကမ်းနားက အခြေအနေကတော့ ဒီထက် အများကြီး ပိုဆိုးနိုင်ပါတယ်။

“လေကတော့ အရေးမကြီးတော့ဘူး အဲလောက်ထိ။ ခုက ရေကိုကြောက်နေတာ” လို့ စစ်တွေမြို့ထဲမှာ ရှိနေဆဲ ဒေသခံက ပြောပြပါတယ်။