🔥 Burn Fat Fast. Discover How! 💪

အမြန်ဆုံး ငြိမ်မယ့်နည်း ******************* မင်းကင်းမြို့နယ်ဘ | Online News Channel

အမြန်ဆုံး ငြိမ်မယ့်နည်း
*******************
မင်းကင်းမြို့နယ်ဘက်မှာ
ခဏခဏ ဖြစ်နေတယ်ဗျာ
မင်းကင်းဦးမောင်မြင့် လည်း
သတိပေး နေတာပဲ
အချိန်မီ အပြည့်အဝ မကာကွယ်နိုင်ဘူး

ကဲ... ဒီလို လုပ်ကြည့်ပါလားဗျာ
မင်းကင်းနယ်ကို ဦးမောင်မြင့် ဦးစီး ကာကွယ်ရေး ဖွဲ့ခွင့် ပေးလိုက်ဗျာ ။ သူ့ဟာသူ လူစုစည်းလိမ့်မယ် ။ လက်နက်သာတပ်ဆင်ပေးလိုက် ။
တပ်မမှူး တစ်ယောက် လုပ်လာတဲ့ ဦးမောင်မြင့် ကို
ယုံယုံကြည်ကြည်သာ ခေါင်းတပ်ပြီး လက်နက်ထုတ်ပေးလိုက်ဗျာ ။
အစွမ်းပြလိမ့်မယ် ။
ငြိမ်ချမ်းသွားရင် လက်နက် ပြန်သိမ်းပါဗျာ ။

အခြားမြို့နယ်တွေလည်း
ဒီအတိုင်း ပဲ ။ တပ်မတော် အငြိမ်းစား ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဗိုလ်မှူး ဗိုလ်ကြီးတွေ ရှိတယ်ဗျာ ။
သူတို့ ဦးစီး ကိုယ့်ဒေသကို ကာကွယ်ရေး ဖွဲ့ခွင့်ပေးလိုက်ပါတော့ဗျာ ။ မြို့နယ် အလိုက် သူတို့နယ်မြေအတွင်းမှာ စုံစမ်း ရှာဖွေ ဖော်ထုတ် ဖမ်းဆီး အပ်နှံ လုပ်ပါလိမ့်မယ် ။ စစ်သားအချို့ ရဲအချို့လောက်ပဲ မြို့ပေါ် လုံခြုံရေး ချပြီး နေရုံပဲ ။
အတွင်းပိုင်း ဒေသအလိုက် မြို့နယ် အလိုက် ကာကွယ်ရေး တွေ အဆင့်နဲ့ တိုက်လို့မရလောက်အောင်
( နယ်စပ်က သောင်းကျန်းသူ စခန်းတွေလောက် ) ခိုင်မာတောင့်တင်းတဲ့ PDF စခန်းဆိုတာ
တစ်ခုမှ မရှိပါဘူး ။
(နယ်စပ်နဲ့နီးတဲ့ ပြည်နယ် တစ်ချို့မှာတော့ EAOs+PDF စခန်း ဆိုရင်တော့ ခိုင်မာမှာပေါ့လေ ။ ) လိုအပ်ရင် စစ်တပ်က စစ်ကူ ပစ်ကူ ပေးဖို့ပဲ လိုက်ပြီး ကျန်တဲ့အချိန် ဘားတိုက်ထဲ Standby နေ
ယာဉ်တွေ အသင့်ပြင် သတင်း စောင့်နေရုံပဲ ။

အဲဒီလိုလည်း မလုပ်ချင်ဘူး ..
( တပ်မတော် + ရဲ) အင်အားနဲ့လည်း
ပြည်သူတွေ ကိုလည်း အပြည့်အဝ မကာကွယ်နိုင်ဘူး
ပြည်သူတွေ ဟာ တနေ့တနေ့ NLD အကြမ်းဖက် တွေ သတ်တာ ခေါင်းငုံ့ခံနေရ...
အဲဒီလို ဆိုရင်တော့ တပ်မတော် ကို NLDတွေက မုန်းပြီး အခြားသော နဂိုကထောက်ခံခဲ့သော ပြည်သူတွေ မိတ်ဖက်တွေ က မုန်းတယ်လို့ မပြောပေမယ့် စိတ်ကုန် စိတ်နာ ဖြစ်ကုန်လိမ့်မယ် ။

စစ်မှုထမ်းဟောင်း ဗိုလ်ချုပ် ဗိုလ်မှူး ဗိုလ်ကြီးတွေ ကိုတောင် မယုံရင် ခင်ဗျားတို့ကိုလည်း
ပြည်သူတွေသာမက အဲဒီလူတွေ ကပါ
ထုတ်မပြောသော်လည်း မယုံတော့မှာ သေချာတယ်။
Crd #ခမ