🔥 Burn Fat Fast. Discover How! 💪

NUG ထောက်ခံသူတစ်ဦး၏စကား **************************** ချေးခြော | Online News Channel

NUG ထောက်ခံသူတစ်ဦး၏စကား
****************************
ချေးခြောက်ရေနှူးတာမဟုတ်ဘူး။ အဲ့ဒီ့ Go fund me
ငွေ Amount က USD ၉သိန်းတောင်မဟုတ်ဘူး ၉သန်းဗျ ၉သန်း။ ဒီငွေတွေခုထုတ်ခုသုံးလို့လဲ ပြောမနေဘူး။တာဝန်ခံခိုင်းတာ။
ကျနော်က ထုတ်မရဘူးဆိုလည်း ထုတ်မရပါဘူး တောင်းပန်ပါတယ် ကျနော်တို့ဘယ်လိုစီစဥ်နေပါတယ်တော့ ပြောရမယ်။ စကတည်းက ဒီ platform ရဲ့ Policy ကို သေချာမလေ့လာပဲ သုံးခဲ့တယ်ဆိုတာ ဝန်ခံရမယ်။ ကိုယ့်အပြစ်ကိုယ် ဖုံးထားလို့မရဘူး။ ဘာလို့တာဝန်ခံခိုင်းရလဲဆိုတော့ ပြည်သူ့ငွေ။ ပြည်သူတွေက တော်လှန်ရေးအတွက် တာဝန်ကျေကျေ ထည့်ထားတဲ့ငွေ။ Online currency မသုံးတတ်တဲ့ ကျေးလက်လူတန်းစားကအစ သုံးတတ်တဲ့လူတွေဆီအကူအညီတောင်းပြီး ညီညီညွတ်ညွတ်ထည့်ဝင်လှူဒါန်းထားကြတဲ့ငွေတွေ။ တောထဲကလူတွေငတ်ပြတ်နေတာ လက်နက်မလုံလောက်တာအတွက်တာဝန်ခံခိုင်းနေတာ။ တစ်ပြားမှထုတ်မရပဲ သတင်းအစအနပါပျောက်နေလို့ကို တာဝန်ခံခိုင်းတာ။ မြေပြင် fund riser တွေ တစ်ဖြည်းဖြည်းခက်ခဲလာပြီမို့ တာဝန်ခံခိုင်းတာ။ ဒီကိစ္စတွေအတွက် NUG မှာ တာဝန်အပြည့်အဝရှိတယ်။လှူပါ လှူရင်ပြီးပြီလို့ ပြောတုန်းကပြောပြီး အခုထိ ဒီကိစ္စကို NUG ရော လော်ဘီတွေရော တာဝန်ခံတယ်မပြောဖူးသေးဘူး။ ဒါက NUG ကိုတိုက်ခိုက်နေတာမဟုတ်ဘူး။ တာဝန်ခံမှုရှိဖို့ပြောနေတာ။နိုင်ငံရေးမှာ ပြည်သူ့အပေါ် ရိုးသားဖို့ပြောနေတာ။

https://m.facebook.com/story.php?story_fbid=2861936590802718&id=100009592158935