🔥 Burn Fat Fast. Discover How! 💪

ရန်ကုန်တိုင်းဒေသကြီးအပါအဝင်တစ်နိုင်ငံလုံးရှိ မြို့/ရွာ/ကျေးလက် | Online News Channel

ရန်ကုန်တိုင်းဒေသကြီးအပါအဝင်တစ်နိုင်ငံလုံးရှိ မြို့/ရွာ/ကျေးလက်/လမ်း/ရပ်ကွက် များအားလုံးလိုလိုတွင် တပ်မတော်၏ ဖမ်းဆီးခြင်း၊ ရှာဖွေစစ်ဆေးခြင်းမျာကြောင့် NLD ပါတီဝင်အကြမ်းဖက်အဖွဲ့များ၊PDFအကြမ်းဖက်များ နှင့်NUG လက်အောက်ခံအကြမ်းဖက် သမားများသည်၎င်းတို့နေအိမ်များ(သို့မဟုတ်)နီးစပ်ရာမြို့များ/ရပ်ကွက်/လမ်းများ တို့တွင် ပုန်းအောင်းနေကြသဖြင့်အောက်ပါအတိုင်း ပုန်းအောင်ခြင်းနှစ်မျိုး နှစ်စားရှိနေပါသည်-
(က) တစ်မျိုးမှာ- တောတွင်းပြန် PDF လူငယ်များ လက်နက်များကိုသိုဝှက်၍မိမိတို့ နေအိမ်များ (သို့မဟုတ်) နီးစပ်ရာနေအိမ်များ (သို့မဟုတ်) မြို့စပ်/ရွာစပ်နေရာ များ (သို့မဟုတ်) ရပ်ကွက်အတွင်းရှိရာအိမ်မှူး/ ဆယ်အိမ်မှူး/ အုပ်ချုပ်ရေးမှူး များ၏အကူအညီဖြင့် ပုန်းအောင်း နေပြီး လစ်ရင်လစ်သလို၎င်းတို့ပစ်မှတ်ထား သည့်သူများအားပစ်ခတ်သတ်ဖြတ်ခြင်းများဆောင်ရွက်နေပါသည်၊ထို့အတွက် အေးချမ်းစွာနေလိုသည့်ပြည်သူများနှင့်တပ်အားထောက်ခံသူ/NLD ပါတီဝင်နှင့် ၎င်းတို့အားမထောက်ခံသူ/NLD ပါတီမဟုတ်သည့်အခြားပါတီဝင်များ/တပ်နှင့် ရဲမိသားစုဝင်များ စသည်တို့သည် နေ့/ညမပြတ်စိုးရိမ်ကြောက်လန့်နေရပြီး မည်သည့်လုပ်ငန်းကိုမျှမလုပ်ရဲပဲပုန်းအောင်း (သို့မဟုတ်) ထွက်ပြေး နေရပြီး ဒုက္ခမျိုးစုံ/အခက်အခဲများစွာဖြစ်နေရပါသည်။ ထို့အတွက် မြို့တိုင်းနေရာတိုင်း ကို အသေးအမွှားမချန် ဧည့်စာရင်းသေချာစွာ စစ်ဆေးရှာဖွေသင့်ပါကြောင်းအ ကြံပြုအပ်ပါသည်၊ထိုသို့ဧည့်စာရင်းစစ်ဆေးပါကပုန်းအောင်းနေသည့် PDF အ ဖွဲ့များအားဖမ်းဆီးမိနိုင်မှာသေချာပါသည်။တပ်မှဖမ်းမည်ဆိုး၍ပုန်းအောင်းနေ သည့် PDF အကြမ်းဖက်သမားတစ်မျိုးရှိပါသည်။
( ခ ) တစ်မျိုးမှာ- လက်နက်လည်းမရှိ၊ အားကိုးစရာလည်းမရှိ ပဲ ရပ်ကွက်/လမ်းများ အတွင်းအေးချမ်းစွာနေထိုင်လိုသည့် တပ်ထောက်ခံအားပေးသူ/အမျိုးသားရေး အဖွဲ့များ/ NLD ပါတီအားမထောက်ခံသူပြည်သူများ နှင့် အခြားနိုင်ငံရေးပါတီ ဝင်များတို့သည် မိမိတို့ရပ်ကွက်/ လမ်းများအတွင်းလက်နက်များဖြင့်ပုန်းနေသည့် အကြမ်းဖက် PDF အဖွဲ့များ နှင့် ၎င်းတို့ကိုအားပေးထောက်ခံနေသူပြည် သူများ ၏ရန်ကိုကြောက်လန့်၍ နေအိမ်အတွင်းမှအပြင်သို့မထွက်ပဲ ပုန်းနေရ ပါသည်။ ကြာရှည်ပုန်းနေရန် မဖြစ်သဖြင့် ပြင်ပသို့ဈေးဝယ်ထွက်ခြင်း (သို့မဟုတ်) အခြားကိစ္စများဖြင့်ပြင်ပသို့ထွက်ခြင်း ပြုလုပ်ပါလုပ်သည်နှင့် PDF ဆိုသည့် အကြမ်းဖက်သမားများထံသို့ ၎င်းတို့ထောက်ခံသူများမှချက်ခြင်းသတင်းပေးသဖြင့် အချိန်တိုအတွင်းသတ်ဖြတ်ခြင်းများကိုခံနေရသဖြင့် ပုန်းနေရ သည့် ပြည်သူများတစ်မျိုးရှိနေပါသည်။