Get Mystery Box with random crypto!

အတွေ့အကြုံပေါ် အခြေခံတဲ့ အတွေးအခေါ်တွေကို တင်ပြတဲ့အခါ.. လူတွေ | Online News Channel

အတွေ့အကြုံပေါ် အခြေခံတဲ့ အတွေးအခေါ်တွေကို တင်ပြတဲ့အခါ..

လူတွေက အကြံပြုချက်ကိုပါ တောင်းဆိုလာပါတယ်..

ဒါက ခက်ခဲတဲ့ အလုပ်ပါ..

မြန်မာပြည်လို..ပြည်တွင်းစစ်လက်နက်ကိုင်တွေရှိတဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းသွားဖို့ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို မရပဲ ဒီမိုကရေစီကို
ဘယ်တော့မှရမယ်လို့ မယုံကြည်ပါ..

မေးခွန်းက တစ်ခုတည်းပါ..
စင်္ကာပူမှာ-
အမေရိကန်မှာ-
ဗြိတိန်မှာ-
မလေးရှားမှာ-
လက်နက်ကိုင်ပုန်ကန်သူရှိပါသလား?

ကမ္ဘာကြီးကရွာဖြစ်ပြီး၊နည်းပညာများနဲ့ လူတွေက ကြီးပွားရာလုပ်နေချိန်မှာ-
ငါကဗမာ..
ငါကကချင်..
ငါကချင်း..
ငါကကရင်..
ငါကမွန်..
ငါကရခိုင်..အစရှိသည်ဖြင့်၊ပြည်နယ်နာမည်တွေပေါ်မူတည်ပြီး၊လူမျိုးရေးစိတ်ဓါတ်ကျဉ်းမြောင်းနေမှု့တွေ..

ငါက ဗုဒ္ဓ၊ခရစ်ယာန်၊အစ္စလာမ်၊စသည်ဖြင့် ဘာသာရေးအစွဲအလမ်းကြီးမားမှု့တွေများတဲ့မြန်မာပြည်သူလူထုအတွက်ကတော့ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့၊ဆိုရမှာဖြစ်ပါတယ်..

ဒါဆို အကြံပြုချက်လေးရေးပါရစေ.

လက်ရှိ နစက လုပ်ပေးနိုင်တာက-

•"ဥပဒေနဲ့အညီ"ဆိုပါက ပြည်သူတွေ
အတွက်" တရားမျှတသောရွေး
ကောက်ပွဲ" ပါ၊ ဒီထက်မပိုပါဘူး။
•လက်တစ်လုံးခြားကြိုးစားရင်
တောင်၊အများဆုံး" PR စနစ်" ပေါ့..
•တိုင်းပြည်ကြီးဖွံဖြိုးတိုးတက်ပြီး
ပြည်သူတွေ စား၊ဝတ်၊နေရေး ကြီး
ပွားတိုးတက်ရေးကတော့ အများဆုံး
နောက် ၂နှစ်အတွင်း မရနိုင်ပါဘူး၊
•နောက် ၂နစ်ကျော်ကြာတဲ့အခါ အစိုး
ရ သစ်တစ်ရပ် တက်လာရပါမယ်..
•ဒါ"နစက" ရဲ့ ရပ်တည်ချက်အမှန်တ
ရားပါ..
•ဒီထက်ပိုပြီး ဘာမျှော်လင့်ပါလဲ?

အရှည်တွေးပြီးအဝေးမြင်ကြည့်ပါ..

•အစိမ်း၊အနီ၊အပြာ၊အဝါ၊ရောင်စုံပါ
တီတွေရဲ့ နိုင်ငံရေးအမြင်ကျဉ်းမှု့
တွေနဲ့ နိုင်ငံရေးတည်ငြိမ်ရန်မရှိပါ..

•တိုင်းရင်းသားလက်နက်ကိုင်တွေ၊အ
သစ်ပေါ်လာတဲ့ ကလေးတွေ( PDF
ထက်ဆိုးရွားစွာ အတွင်းလှိုက်စားလာ
မဲ့ အနီအမာခံ CDM တွေ၊ဖရဲသီးတွေ
ကောက်ကျစ်တဲ့ ဝန်ထမ်း၊သူဋ္ဌေး
တွေကြောင့်)စီးပွားရေးလည်း ကာင်း
လာစရာမရှိပါ..ဆိုလိုတာက အနီနဲ့
ပတ်သက်ခဲ့သူအားလုံးနောက်ဆုတ်
ရန်လမ်းကြောင်းမရှိတော့တဲ့အတွက်
သူသေကိုယ်သေလမ်းကြောင်းကို
သာရွေးချယ်ခဲ့ကြပါပြီ..

•စစ်ရေးကတော့ အနောက်ရယ်၊
အလယ်ရယ်၊နယ်စပ်တွေရယ်၊စစ်
သားတွေပေးဆပ်ရပါအုံးမည်..
ဘာသာရေးအခြေခံသောစစ်ကတော့
အပြင်းထန်ဆုံး မြို့ပြများထိရိုက်
ခတ်လာမည်ယူဆပါသည်..

နစက အလွန်" နိုင်ငံရေးအကြံပြုချက်" ရေးသားလိုပါသည်..

စာရှည်မည်စိုးရိမ်သဖြင့်..နောက်ထပ်
ရေးပါမည်..

စေတနာဖြင့်..
BG Zaw Myint