Get Mystery Box with random crypto!

GZ PDF များအလင်းဝင်ရောက်လာကြပြီ....3.10-2021 မနက်စစ်ကိုင်း တိ | Online News Channel

GZ PDF များအလင်းဝင်ရောက်လာကြပြီ....3.10-2021

မနက်စစ်ကိုင်း တိုင်း ကလေး မင်းတပ် မုံရွာ ချောင်းဦး အရာတော်
မှ ထွက်ပြေးပုန်းရှောင် နေသော GZ များ မနက် ၆ နာရီတွင် သက်ဆိုင်ရာ နီးစပ်ရာ လခရ များထံ တစ်ချိန်တည်း။ မိမိဆန္ဒ သဘောဖြင့်လာရောက် အလင်းဝင်ကြသည်ဟု ကနဦး သိရပါတယ်။
ကလေးမြို့ ၃၀
မင်းတပ် ၄၅
မုံရွာ ၂၀
ချောင်းဦး ၃၅
အရာတော် ၂၀
ပေါင်း ၁၄၅ ယောက် နယ်မြေ အသီးသီးတွင် လာရောက် အလင်းဝင်ကြပါတယ်။
အသေးစိတ်တော့ မသိရသေးပါ။

စုံစမ်းသိရှိရသလောက် ကတော့ ဝင်ရောက်ရာသည့်လူငယ်များ ဟာ အကြမ်းဖက် ဖောက်ခွဲရေးတွေ တပ်မတော်ကို တန်ပြန်တိုက်ခိုက်တဲ့ လုပ်ရပ်တွေထဲမှာ လုံးဝမပါဝင်ကြောင်း နဲ့ နစကမှ ထုတ်ပြန်ကြေငြာသော ကြောငြာချက် အရ.
အကြမ်းဖက် လုပ်ရပ်များ မလုပ်ခဲ့ပါက ကင်းလွတ်ခွင့်ပေးမည်ဆို လို့ လာရောက် အလင်းဝင်ရခြင်း ဖြစ်ကြောင်း နှင့် မိမိတို့ သည် သူများယောင်လို့ ဆန္ဒပြအဖွဲ့ထဲမှာ တောင်အော်မြောက်အော် အော်ခဲ့တာက လွဲလို့ မည်သို့ ရာဇဝတ်မူ့များမှ မကျူးလွန်ပဲ ကြောက်လို့သာ ထွက်ပြေးတိမ်းရှောင်နေရပါသည်ဟု ဝန်ခံထွက်ဆိုကြသည်ဟုသိရပါသည်။

လခရ များကလည်း နွေးထွေးစွာ ကြိုဆို ၍ ခနထိမ်းသိမ်း စီစစ်ပြီး ရပ်ဝေးရပ်နီး အိမ်အရောက်ပြန်ပို့​​ပေးမည်ဟုသိရသည်။