🔥 Burn Fat Fast. Discover How! 💪

မြန်မာအတွက် ပြင်သစ်က လောက်လောက်လားလား ဘာအကျိုးစီးပွားမှမရှိပါ | Online News Channel

မြန်မာအတွက် ပြင်သစ်က
လောက်လောက်လားလား
ဘာအကျိုးစီးပွားမှမရှိပါဘူး။

NUG ကိုထောက်ခံပြီး
နစက ကိုမထောက်ခံတာလည်းအပြစ်မပြောပါဘူး။
သူ့သဘောနဲ့သူပါ။

သို့သော်
သံတမန်ဆက်ဆံရေးမှာတော့ပြဿ နာရှိပါတယ်။
ထုတ်ဖော်ပြောဆိုကြေညာခွင့် မရှိပါဘူး။ ဟိုလူမှန်တယ်။ ဒီလူမှန်တယ်။ ဟိုလူနဲ့ဆက်ဆံမယ်။ ဒီလူနဲ့
ဆက်ဆံမယ် လုပ်လို့မရပါဘူး။

အခြေခံဥပဒေအရ မဲနဲ့တက်လာတဲ့အစိုးရကို
ဆက်ဆံရမှာဖြစ်သလို အခြေခံဥပဒေအရ
မှားယွင်းမှုကိုပြန်တည့်မတ် ချဉ်းကပ်နေတာကိုလည်း
လက်ခံရမှာပါ။

အခြေအနေမှန်ကို သိအောင်မလုပ်ဘဲနဲ့
တစ်ဘက်သတ်အမြင်နဲ့ဆုံးဖြတ်မှုကိုလက်ခံ
နိုင်စရာမရှိပါဘူး။

လက်ရှိဖြစ်နေတဲ့အခြေအနေမှန်ကို
လက်မခံချင်ရင်တောင် silent နေပေးတာက
သံတမန်ကျင့်ဝတ်နဲ့ညီပါလိမ့်မယ်။

တဆင့်တက်လာရင်
လုပ်သင့်တဲ့အဖြေကရှင်းရှင်းလေး။
သံရုံးပိတ်ပြီး သံအမတ်ကို
မောင်းထုတ်လိုက်ရုံကလွဲပြီးဘာမှမရှိ။

သူတောင်အမေရိကန်က သံအဖွဲ့ကို
သူ့အကျိုးစီးပွားထိလို့ ပြန်ခေါ်ရဲသေးတာပဲလေ။

geopolitics အရေရာ business အရေရာ
စစ်ရေး နိုင်ငံရေး မဟာဗျူဟာအရရော ဘာတန်ဖိုးမှ
မရှိတဲ့ပြင်သစ် ကို လွမ်းစရာမရှိပါဘူး။

သူ့ရဲ့အဓိက ရည်ရွယ်ချက်က
ကမ္ဘာမှာလူရာဝင်ချင်တာပါ။

ဒါကြောင့် သက်သက်မဲ့ နစကကို
အကျောကြီးနဲ့လွှမ်းမိုးတာ။

ပြင်းထန်စွာတုန့်ပြန်သင့်တယ်။

ဝင်းနိုင်သောင်း
၀၇ ၁၀ ၂၀၂၁။