🔥 Burn Fat Fast. Discover How! 💪

နိုင်ငံတော်သမ္မတဟောင်း၊NLDပါတီဒုတိယဥက္ကဋ္ဌ (၁)ဦးဝင်းမြင့် က 'ဥ | Online News Channel

နိုင်ငံတော်သမ္မတဟောင်း၊NLDပါတီဒုတိယဥက္ကဋ္ဌ (၁)ဦးဝင်းမြင့် က "ဥပဒေအတိုင်းသာ လုပ်သင့်၊အာဏာမသိမ်းသင့် "လို့ တရားရုံးမှာ ပြောဆိုခဲ့ကြောင်းရှေ့နေကတဆင့်ပြောတဲ့ သတင်းတွေ့လိုက်ရပါတယ်။

အာဏာသိမ်းတဲ့နေ့ ကသူ့ဆီလာတာ ဗိုလ်ချုပ်ကြီးလား ဒုဗိုလ်ချုပ်ကြီးလားမသိဘူးလို့ ဆိုတဲ့အတွက် အရပ်သားသမ္မတစစ်သေနာပတိလုပ်ချင်သူက တပ်မတော်မှာလက်ချိုးရေတွက်လို့ရတဲ့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေဘယ်သူတွေလဲဆိုတာလောက်တောင် မသိဘူး ဆိုလို့ အံ့သြမိရပါတယ်။

ပါတီမှာစီအီးစီစာရင်းပါဝင်ရုံနဲ့ ပါတီကထုတ်တဲ့စာအပေါ်အရေးယူလို့မရဘူးလို့ ဆိုပြန်တဲ့အတွက် သူဟာ ပါတီမှာဒုတိယတာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ပါတီဒုဥက္ကဋ္ဌ ဆိုတာမေ့နေပုံရပြီး သာမန်စီအီးစီအဖွဲ့ဝင်တစ်ဦးလို့ခံယူထားပုံလည်းရပါတယ်။

တကယ်တော့ NLD အစိုးရ သာ ဥပဒေအတိုင်း လုပ်ခဲ့ရင် အာဏာသိမ်းတယ်လို့ ပြောနေကြတဲ့ အာဏာထိန်းစရာအကြောင်းမရှိတဲ့အတွက် အာဏာသိမ်း(ထိန်း)ခြင်းဟာ ဥပဒေအတိုင်း လုပ်သင့်တာတွေ မလုပ်ခဲ့တဲ့ NLD အစိုးရကြောင့်လို့သာ ပြောရမှာဖြစ်ပါတယ်။

NLD အစိုးရကာလငါးနှစ်အတွင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတာတွေ၊ တည်ဆဲဥပဒေတွေကို လိုရင်သလိုဆွဲသုံးပြီး မလိုရင်မလိုသလို ပစ်ပယ်ထားခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။

ဒီိမိုကရေစီရဲ့အခြေခံဖြစ်တဲ့ လွတ်လပ်စွာဝေဖန်ပြောဆိုရေးသားခွင့် ဟာ NLDကိုထောက်ခံဝန်းရံသူတွေ အတွက်သာဖြစ်ခဲ့ပြီး အစိုးရကိုဝေဖန်ထောက်ပြသူတွေ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခံခဲ့ရပါတယ်။

ဒီမိုကရေစီမိခင်ကြီးဦးဆောင်တယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ နဝတအစိုးရထက်အနည်းငယ်သာသော်လည်း ဒီမိုကရေစီအကူးအပြောင်းပထမငါးနှစ်ကာလ စစ်တစ်ပိုင်းအစိုးရလို့ ဆိုကြတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်လောက် ဒီမိုကရေစီမရခဲ့ဘူးဆိုတာ လည်း ထင်ထင်ရှားရှားမြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။

#SittNyein