🔥 Burn Fat Fast. Discover How! 💪

စစ်ကိုင်းတိုင်းအထက်ပိုင်းကို ခွေးပြေး-ဝက်ပြေးနဲ့ ပြေးလာခဲ့တဲ့ | Online News Channel

စစ်ကိုင်းတိုင်းအထက်ပိုင်းကို ခွေးပြေး-ဝက်ပြေးနဲ့ ပြေးလာခဲ့တဲ့ ရွှေဘို၊ရေဦး၊ဝက်လက်၊ယင်းမာပင်ဘက်က PDFသူပုန်လေးတွေ အပြေးသန်ချက်ကတော့ (၃)ရက်အတွင်း ကန့်ဘလူဘက်ရောက်လာတယ်၊
နေ့ရော/ညရော ပြေးရတာနော်...
ဘယ်သက်သာလိမ့်မလဲ?
သဖန်းဆိပ်ဆည်အနီးနားက ခိုလို့ကောင်းတဲ့နယ်လေ...

မနေ့က PDFသူပုန်လေးတွေ နယ်မြေသတင်းထောက်လှမ်းပြီး ကျွန်းလှဘက် ဆက်ပြေးတယ်။
ဒေသခံPDFတွေက လမ်းပြတာနော်..
ဘာမြေပုံမှ မဖတ်တတ်၊
ဖြတ်သန်းရာနယ်မြေတွေကို ငကြောင်ငကျားPDFလေးတွေက ဆရာကြီး အထာနဲ့ ရွာတွေမြို့တွေကို ရှောင်ပြီး
ချီတက်ကြတယ်။

ကျွန်းလှနယ်ထဲမှာ မီးပျောက်ရိက္ခာနဲ့ တောတွင်းပုံဖျက် အသင့်စောင့်ဆိုင်းနေရာယူထားတဲ့ မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်းဟာ KILLING-GROUNDခေါ် သတ်ကွင်းထဲရောက်လာတာနဲ့ အရှင်အဖမ်းခံဖို့ ဝိုင်းထားလိုက်တယ်။
ထွက်ပြေး ပစ်ပြေးတဲ့ကောင်တွေ ဆယ်ဂဏန်းလောက်ကတော့ မတ်စေ့ ငုံသွားရတယ်လေ...

အရှင်ဖမ်းမိတဲ့ကောင်တွေကလည်း မနည်းဘူးဗျ!

ကောလင်း၊ပင်လည်ဘူးနားက ဝန်းသိုအထက် မိုင်းသုန်တောင်ကြောမှာ ပွဲအကြီးကြီး ထပ်က,ရဦးမှာပါ။
ထီးချိုင့် လေသာရွာတဝိုက်နဲ့ ကသာ မိုးတားခွင်စစ်သတင်းများစောင့်ပါ။
KIAပါနေတယ်၊ လူတစ်ရာမှာ မောင်းပြန်(၃၀)လက်လောက်ပါတယ်။
တစ်ထောင်ဆို အလက်(၃၀၀)ဘဲ စဉ်းစားနိုင်အောင်လို့ပါ။

လက်နက်ကြီးအနေနဲ့ လိုင်ဇာထုတ် ဆုံလည်40MMတွေတော့ ပါတယ်ဗျ၊
ခဲယမ်း အတော်နည်းပါးပါတယ်၊
တူမီးကိုင်တဲ့ကောင်တွေက ယမ်းတွေ၊ကက်သီးတွေ မိုးရွာချောင်းကူးချိန် ရေမစိုအောင် ပလတ်စတစ်နဲ့ သေချာ ထုတ်ထားကြရတာပါ။
ရိက္ခာလည်း သိပ်မသယ်နိုင်ဘူး၊

Local guerrillaခေါ် ဒေသပျောက်ကျားPDFလေးတွေက မြို့ရွာအလိုက် အလှူခံပြီး စားသောက်ရေးစီစဉ်နေရတာ..စိတ်ဓါတ်တွေ အတွဲလိုက် ကျနေကြပြီလေ....
(၄)ရက်ခရီးလေးကို ဒင်းတို့ ခံနိုင်ရည်မရှိလို့ ပင်လည်ဘူး၊လုံးတုံ၊တာမခံဘက်ကို ကချင်ပြည်နယ်ထဲ အသက်ပါလျှက် ဖြတ်သန်းနိုင်ပါ့မလား?
ထီးချိုင့်၊ကသာ၊မိုးတားကနေ ကောက်ကွေ့ချောင်းကူးပြီး ကချင်ပြည်နယ်ထဲ ဘယ်လိုဖြတ်သန်းကြမလဲ?
စိတ်ဓါတ်တွေ အကြီးအကျယ် ကျနေပြီ၊

အခုဗျင်းနေတာက အနော်ရထာစစ်ဆင်ရေးကြီးရဲ့လက်အောက်ခံတပ်တွေက ဗျင်းနေတာနော်..GZ,Pdfလေးတွေကို ဝေဟင်ခရီးက လေယာဉ်စီးပြီး Chopperတွေနဲ့ စစ်ကိုင်း၊ကချင်နယ်စပ်မှာ မင်းတို့ကို သမဖို့ အသင့်စောင့်နေတဲ့ အလောင်းမင်းတရား စစ်ဆင်ရေးကြီးလက်အောက်ခံခြေမြန်တပ်တွေက အမဲဖျက်ဖို့ အသင့်စောင့်နေလေရဲ့!

အဆိုတော်ခင်မောင်တိုးရဲ့ "ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီခရီးစဉ်"ကတော့ စပြီပေါ့ကွာ....
အများနည်းတူ သက်လုံမကောင်းရင်တော့ ချာတိတ်လေးတို့ရေ...ငှက်ဟာ ပျံရင်း သေသလို မင်းတို့ဟာလည်း ကချင်ပြည်နယ်ဘက် မရောက်ခင် တဖြုတ်ဖြုတ်ကြွေကုန်မှာ မြင်ယောင်ပါသေးတယ်ကွာ....။