Get Mystery Box with random crypto!

ထားဝယ် PDF စခန်း ဝင်စီးခံရ လက်နက်နှင့် ဆက်စပ်ပစ္စည်း သိန်း ၁ ထ | Online News Channel

ထားဝယ် PDF စခန်း ဝင်စီးခံရ လက်နက်နှင့် ဆက်စပ်ပစ္စည်း သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံး

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ PDF တပ်စခန်းအား လခရတပ်ဖွဲ့ဝင်များမှ ဝင်ရောက် စီးနင်းခဲ့ခြင်းကြောင့် ငွေကျပ်တန်ဖိုး သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်က “စစ်ကောင်စီက မီးရှို့သွားတဲ့အချိန်မှာ စက်လှေတွေ ကုန်ကြမ်းတွေ လက်နက်တွေ သိန်း ၁ ထောင်ဖိုးလောက်ရှိတယ်။ စက်လှေအကြီးတွေ ရိက္ခာခြောက်တွေ၊ သေနတ်တွေ၊ စခန်းတွေ အကုန် မီးရှို့ခံရ တယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းသည့် ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်၏ စခန်းတည်ရှိရာ ထားဝယ်မြို့နယ် ကြက်စားပြင် တဖက်ကမ်းတွင်ရှိသည့် ဓနိတောရှိ တဲများအား မီးရှို့ဖျက်ဆီးပြီးနောက် PDF ၂၀ ကျော်အား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi



