🔥 Burn Fat Fast. Discover How! 💪

'မရမ်းကုန်း ဘောဂသိဒ္ဓိကွန်ဒိုပေါက်ကွဲမှုတွင်သေဆုံးသောအမည်မသိသူ | Online News Channel

"မရမ်းကုန်း ဘောဂသိဒ္ဓိကွန်ဒိုပေါက်ကွဲမှုတွင်သေဆုံးသောအမည်မသိသူမှာ ဗုံးထောင်သူဖြစ်"

စက်တင်ဘာ ၆၊ ၂၀၂၁ (TRN)

မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓိလမ်း၊ ဘောဂသိဒ္ဓိအိမ်ယာ ကားပါကင်တွင်စက်တင်ဘာ ၅ရက်ညနေက ဗုံးပေါက်ကွဲပြီးလုံခြုံရေးတစ်ဦးနှင့်အမည်မသိအမျိုးသားတစ်ဦးသေဆုံးခဲ့ရာ CCTV မှတ်တမ်းများအရ အဆိုပါသေဆုံးသူအမည်မသိအမျိုးသားမှာဗုံးထောင်နေသူဖြစ်ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ကစစ်ဆေးခဲ့ရာ ဗုံးသည် ကွန်ဒိုလုံခြုံရေးအစောင့်၏ အနောက်ဘက်ဆယ်ပေခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးပေါက်ကွဲမှုကြောင့် အဆိုပါအမည်မသိအမျိုးသားမှာခြေလက်ပြတ်တောက်၊ ဗိုက်ပွင့်ထွက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ အိမ်ယာဝင်းရှိ CCTV မှတ်တမ်းများကိုစစ်ဆေးခဲ့ရာမှ အဆိုပါသူသည်ဗုံးဖောက်ခွဲရန်ပြင်ဆင်နေစဉ်ဗုံးပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။