Get Mystery Box with random crypto!

နှစ် လ နာရီ အခါရာသီရွေ့ပေမဲ့ ....... ........ မနက်ဖြန်ဆိ | Myanmar Ebooks

နှစ် လ နာရီ အခါရာသီရွေ့ပေမဲ့
....... ........

မနက်ဖြန်ဆို အာဇာနည်နေ့ ရောက်ပြီ။

အာဇာနည်နေ့ရောက်တိုင်း ကိုယ်သတိရမိတာက
ဖြိုးမင်းသိန်းကြီးနဲ့ သူ့အကြည့်တွေကိုပဲ။

ပထမဆုံးပုံက သူ တပ်ချုပ်ကို ညွှန်ချုပ်အဆင့်လို့စော်ကားပြီးမှ စာပို့ပြီးတောင်းပန်ထားစ အာဇာနည်နေ့မှာ
တက်ရောက်ဂါရဝပြုတဲ့ တပ်ချုပ်ကို တောင်းပန်တိုးလျှိုးတဲ့အကြည့်နဲ့ ကြည့်နေတာ။

ဒုတိယပုံက တောင်းပန်ပြီးနောက်နှစ်ပဲ။ NLD က အရေးမယူတော့ဘူးဆိုတာ သိ၊ တပ်ချုပ်ကလည်း ဘာမှဆက်မလုပ်တော့တာသိပြီးတော့ ''မင်းဘာတတ်နိုင်သေးလဲ'' ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာ။

တတိယပုံကတော့ ဒေါ်စုကို ရွှေခုနစ်ပိဿာနဲ့ ဒေါ်လာခြောက်သိန်းလာဘ်ထိုးပြီး အိပ်ထဲထည့်ထားနိုင်ပြီဆိုပြီး ဘယ်သူတိုင်တိုင်မမှုတော့ဘဲ အနာဂတ်ရဲ့ NLD သမ္မတလောင်း ဒေါ်စုနေရာဆက်ခံမဲ့သူ We Love ကွီးဖြိုး Group တွေထောင်ပြီး ပွဲခံနေတဲ့အချိန်တုန်းက။

အခုတော့ အနာဂတ်သမ္မတလောင်းကြီး NLD မှာ ဒေါ်စုနေရာကို ဆက်ခံမယ်ဆိုတဲ့သူကြီးဟာ ဒေါ်စုကို သူ လာဘ်ပေးရကြောင်း နစကကို ဒူးထောက် ဖော်ကောင်လုပ်ပြီး နိုင်ငံရေးသေသွားပြီ။ လာဘ်ပေးတတ်တဲ့ စရိုက်ရှိတဲ့ လာဘ်ယူမှုတွေနဲ့ တိုင်ခံရတဲ့ ဝန်ချုပ်ပြုတ်ဟောင်းဖော်ကောင်အဖြစ်နဲ့ တပ်ချုပ်ကို ဒူးထောက်ခယနေပြီ။

အခုအချိန်မှာ သူ တပ်ချုပ်ကို ဘယ်လိုရင်ဆိုင်နေလဲ မသိပေမဲ့ ပထမပုံကလို မျက်လုံးမျိုးလေးထက်တော့ အရည်လဲ့နေမှာ သေချာတယ်။

Phyo Wei