🔥 Burn Fat Fast. Discover How! 💪

သတင်းသမား ကတော့ သတင်းကို တွေ့ရင် အစောတလျှင် သတင်းဦးဖြစ်ဖို့ တ | သံတော်ဆင့် 2

သတင်းသမား ကတော့ သတင်းကို
တွေ့ရင် အစောတလျှင် သတင်းဦးဖြစ်ဖို့
တင်ပြတာ မဆန်းပါဘူး။

သို့သော် တစ်ဖက်က မြေပြင်မှာ လုပ်ကြ
ရတဲ့ တာဝန်ရှိသူများအဖို့က
မီဒီယာပေါ်ရောက်တဲ့ သတင်းကြောင့်
သတင်းကွင်းဆက် လိုက်ဖို့ ခက်ခဲ ပြတ်
တောက် သွားတတ်တာမျိုးရှိပါတယ်။

အကြမ်းဖက်တိုက်ဖျက်နေတာဖြစ်လို့
သတင်းကွင်းဆက်ဖော်ထုတ်နိုင်မှနောက်ထက်အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

ဒါ့ကြောင့် ဖမ်းဆီးရမိ သတင်းတွေ
ရရှိတဲ့ အခါ သတိပြုဆင်ချင်ပြီး တင်ကြ
ပါ။

သတင်းကွင်းဆက်
အားလုံးဖော်ထုတ်ပြီးပြီ ဆိုမှ လူမှုကွန်
ယက်ပေါ်ကို ရောက်တာ အကောင်းဆုံး
ပါပဲ။

ဒါက သတင်းသမား ကလည်း
တာဝန်ရှိသူတွေ ဟာ မြေပြင်မှာ အမှန်
တကယ်လုပ်နေတယ် ဖမ်းမိတယ်
ဆိုတာမျိုးကို သိစေချင်လို့ ဖော်ပြတာပါ။

မြေပြင်ကလည်း သတင်းကွင်းဆက်
အကုန် ဖမ်းမိမှ ပြည်သူလူထု လုံခြုံ မယ်
ဆိုသော အချက်ရဲ့ ကွာဟ မှုပါ။

သတင်းသမားအတွက်
အပြစ်ဟု မဆိုထိုက်သော်လည်း အကြမ်းဖက်သမား ကွင်းဆက်တွေ လွတ်
မြောက်သွားတာဟာ ကြီးမားသောဆုံးရှူံး
မှုပါ။

ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာ
ပါဝင် ကူညီနေသော သတင်းသမားများ
အနေဖြင့် ဖမ်းဆီးရမိသတင်းတွေဆိုရင်
နောက်ဆက်တွဲကွင်းဆက်ရှိတယ်ဆိုတာ
သတိပြုဆင်ချင် ပြီးမှ တင်ပြစေချင်ပါတယ်။

punishment လုပ်ထားတဲ့ ဖမ်းဆီးရမိ
သတင်းမျိုး ၊ တိုက်ပွဲ သတင်းမျိုးက ပြသ
နာ မရှိ ပါဘူး။

လက်နက်ခဲယမ်း ဖမ်းဆီးရမိသတင်းမျိုး
တွေကို တော့ ကွင်းဆက်အားလုံးဖော်ထုတ်
ပြီးမှ တင်ပြတာ အကောင်းဆုံးပါပဲ။

ks