🔥 Burn Fat Fast. Discover How! 💪

မုံရွာမြို့၌ PDF အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများ | သံတော်ဆင့် 2

မုံရွာမြို့၌ PDF အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများအား ဖမ်းဆီးရမိ
======================
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက် #FiftyTwoNews
မနေ့က နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ဂရန်းသလ္လာဝတီဟိုတယ်တွင် လုံခြုံရေးအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်များနှင့်ဆက်နွယ်နေသူများဖြစ်သည့် အောင်ဇင်မြင့် (မြန်မာစာဌာန၊ တောင်ကြီးဆေးတက္ကသိုလ် CDM) စကားဝါလမ်း၊ ဘုန်းစိုးရပ်ကွက်၊ မုံရွာမြို့၊ ရဲထက်အောင် (ခ)အက်ပီစလာ အေးသာယာရပ်ကွက်၊ မုံရွာမြို့၊ ကောင်းမြတ်အောင်(ခ)အူဝဲ၊အေးသာယာ ရပ်ကွက်၊ မုံရွာမြို့တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထွက်ဆိုချက်အရ PDF အကြမ်းဖက် သင်တန်းပို့ချပေးနေသော မျိုးမင်းထွန်း၊ နယ်မြေ(၁)၊ နန္ဒာဝန်ရပ်ကွက်၊ မုံရွာမြို့၊ ညီဉာဏ်မိုး၊ အေးသာယာရပ်ကွက်၊ မုံရွာမြို့နှင့် အောင်ဇော်မြင့် ၊ အေးသာယာရပ်ကွက်၊ မုံရွာမြို့တို့(၃)ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း(၆)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။