🔥 Burn Fat Fast. Discover How! 💪

အစိုးရဖြစ်ချင်တာလည်း ပြာ လို့.... ရုံးခန်းတောင်မပြနိုင်တာကလည်း | Online News Channel

အစိုးရဖြစ်ချင်တာလည်း ပြာ လို့....
ရုံးခန်းတောင်မပြနိုင်တာကလည်း ချာ လို့....

Golden Hand Journal အတွဲ၃အမှတ်၆

မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ PDFတွေ တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှု အောက်အကျအဆုံးများနေရတဲ့ နှစ်သစ်ကူးကာလမှာ အခုလိုအခြေအနေဆိုးတွေကြုံတွေ့နေရမှုအပေါ်NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက "အောင်ပွဲနီးလေ အခက်အခဲကြီးလေ"ဖြစ်တဲ့အတွက်အောင်ပွဲဟာနီးကပ်လာနေပြီ ဖြစ်တယ်လို့ နှစ်သစ်ကူးအားပေးစကားပြောကြားလိုက်ပါတယ်။တော်လှန်ရေးဟာအောင်မြင်နေပြီ၊ခရီးအလွန်​ပေါက်နေပြီလို့လည်း အားပေးလိုက်ပါတယ်။(သခင်သန်းထွန်းက "ဗိုလ်ဇေယျကျဆုံးသွားတာဟာ ကောင်းတယ်၊သိပ်ကိုကောင်းတယ်၊အောင်ပွဲနီးလာတာဖြစ်တယ်"လို့ သူ့ရဲဘော်တွေကိုအားပေးမိန့်ခွန်းပြောတာသွားသတိရမိတယ်)သန်းပေါင်းများစွာသောလူထုကြီး၊ပြည်သူလူထုတစ်ရပ်လုံးကထောက်ခံနေကြတယ်၊တော်လှန်ရေးအောင်မြင်နေပြီလို့ ပြောသလိုလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်ကြရင် အောင်မြင်မယ်လို့လည်း ပြောပြန်ပါတယ်။
အခုခေတ်နိုင်ငံရေးလုပ်သူတွေ မဖြစ်မနေပြောကြရမယ့် "ဖက်ဒရယ်ဒီမိုကရေစီ"ကိုလည်း မမေ့ဘဲ "ဖက်ဒရယ်ပြည်ထောင်စု" အုတ်မြစ်ချမယ်လို့ ထည့်ပြောသွားပြီး "အရေးတော်ပုံအောင်နေပြီ"လို့လက်သုံးချောင်းထောင်နိဂုံးချုပ်ပြောသွားခဲ့ပါတယ်။NUGကာကွယ်ရေးဝန်ကြီးကလည်း တပ်မတော်ဟာခြေလျင် တိုက်ခိုက်ရေး စွမ်းရည်နိမ့်ကျနေလို့ လေကြောင်းသာအားကိုးတိုက်ခိုက်နေရတာဖြစ်လို့မကြာခင်အောင်ပွဲရတော့မယ်လို့ အားပေးလိုက်ပြီးဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းစဥ်က နေပြည်တော်ဒေါ်အောင်ဆန်းစုကြည်အိမ်ကနေ တက္ကစီဒရိုင်ဘာယောင်ဆောင်ပြီးထွက်ပြေးလွတ်မြောက်လာတယ်လို့ပြောတဲ့
ဂျိမ်းစ်ဘွန်းဆန်ဆန်ရမ်ဘိုဆန်ဆန် လွတ်မြောက်လာသူ ဒေါက်တာဆာဆာပေါကတော့ ပြည်တွင်းစစ်မှာလေကြောင်းတိုက်ခိုက်မှုလုပ်ခွင့်မရှိလို့ စစ်ရာဇဝတ်မှုနဲ့ တရားစွဲမယ်လို့PDFများကြောက်လန့်နေကြတဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် မကြောက်လန့်ကြဖို့အားပေးစကားတွေပြောကြားခဲ့ကြပါတယ်။တပ်မတော်အနေနဲ့ PDFကျဆုံးစာရင်းများထုတ်ပြန်မှုမပြုတဲ့အတွက် အတိအကျ မသိကြရပေမယ့် မြေပြင်မှာရှိနေကြတဲ့ PDFများကိုယ်တိုင် လူမှုကွန်ရက်ပေါ်တင်နေကြတာမြင်နေရတဲ့အနေအထားနဲ့တင် PDFကျဆုံးမှုတွေ ကိုခန့်မှန်းကြည့်လို့ရပါတယ်။ကျည်လွတ်မြေကနေ အနေ အစားမပျက် လေထဲကအားပေးနေကြတဲ့ NUGဝန်ကြီးများအနေနဲ့ မြေပြင်မှာ ဆင်းရဲဒုက္ခပေါင်းစုံနဲ့အသက်ဆုံးရှုံးနေကြရတဲ့ PDF တွေကို မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ပေးပြီးဆက် မြှောက်ပေးနေဖို့ မသင့်တော့သလို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတည်ထောင် ပြီး ဘာမှ ထိထိရောက်ရောက်မဖြည့်ဆီးပေးနိုင်ဘဲ လေနဲ့ တော်လှန်ရေးလုပ်နေတဲ့ NUGအတွက်အသက်တွေစွန့်လွှတ်နေကြရတာ ထိုက်တန်ရဲ့လားဆိုတာလည်း PDFများစဥ်းစားကြဖို့လိုနေပြီဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတစ်ရပ် ဆိုတာ အသက်နဲ့ရင်းရတဲ့အလုပ်ဖြစ်လို့ ဘယ်လောက်ခက်ခက်ခဲခဲ ပြင်ဆင်ရပြီး ကာလဒေသပယောဂဆိုတဲ့အခြေအနေအချိန်အခါတွေ ရောက်မှ စွန့်စား တော်လှန်ရတယ်ဆိုတာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကိုနမူနာယူလေ့လာဖို့ ကောင်းပါတယ်။တော်လှန်ရေးတစ်ရပ်ကိုဆယ်စုနှစ်ချီမသေရုံ ရပ်တည်နေနိုင်ခြင်းထက် အချိန်တိုအတွင်း အောင်ပွဲရယူနိုင်ခြင်းကသာ တော်လှန်ရေးအောင်မြင်ခြင်းဖြစ်ပါတယ်။အခု NUGက စိတ်ရူးပေါက်သလို ထ လုပ်တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်နိုင်မယ့်အင်္ဂါရပ်တွေ ရှိမရှိ ဘက်မလိုက်မှန်မှန်ကန်ကန်နိုင်ငံရေးလေ့လာသုံးသပ်သူတွေ မှန်သမျှ မအောင်မြင်နိုင်ဘူးဆိုတဲ့အဖြေသာ ပေးကြမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအတွက် အထက်အောက်အပြန်အလှန်အဆင့်ဆင့်တာဝန်ယူမှုတာဝန်ခံမှု၊တိကျတဲ့အမိန့်နာခံမှု၊စည်းကမ်းလိုက်နာမှု ရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလိုအပ်ပါတယ်။တော်လှန်ရေးအောင်မြင်နိုင်တဲ့အခြေအနေ အချိန်အခါတွေ နဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှုလိုအပ်ပါတယ်။NUGက D Dayခေါ်တဲ့​ကြေငြာချက်မှာ ပြောကြားခဲ့တဲ့ "လှည်းနေလှေအောင်း မြင်းဇောင်းမကျန်"တော်လှန်ကြ ဆိုတဲ့စကား ဟာဖက်ဆစ်တော်လှန်ရေးကသုံးစွဲခဲ့တဲ့စကားဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး က မခံမရပ်နိုင်ဘဲအုံကြွ တော်လှန်ကြတယ်ဆိုတာ ဖက်ဆစ်ဂျပန်တွေရဲ့ နှိပ်စက်ညှင်းပန်းမှု အောက်မှာ မခံမရပ်နိုင်လွန်းတော့တဲ့အတွက် သုံးနှစ်သုံးမိုးအောင့်အီးသီးခံနေခဲ့ရသမျှ လက်နက်ကိုင်တော်လှန်ရေး (D Day)စတာနဲ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ထ တော်လှန်ကြတာဖြစ်ပါတယ်။နိုင်ငံတကာအမည်ခံအမေရိကန်အနောက်အုပ်စုနဲ့လက်ဝေခံမီဒီယာပေါင်းစုံ အားနဲ့ တပ်မတော်ကို ဖက်ဆစ်ဂျပန် ပုံစံဖြစ်အောင် အမျိုးမျိုးဝါဒဖြန့် လှုံ့ဆော်ကြပေမယ့်တပ်မတော်ဟာ ဖက်ဆစ်ဂျပန် မဟုတ်တဲ့အတွက် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ထ မတော်လှန်ကြဘဲတပ်မတော်ကိုလိုလားထောက်ခံတဲ့လူထုအင်အားစုကလည်း အခိုင်အမာရှိနေတာကလည်း တော်လှန်ရေးမအောင်မြင်နိုင်တဲ့အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။

NUG.PDFမထောက်ခံသူကိုရန်သူ၊သူလျိုဒလန်လို့သတ်မှတ်သတ်ဖြတ်နေခြင်းကလည်း လူထု ကိုမိမိဖက်ပါအောင်စည်းရုံးတာမဟုတ်ဘဲ အကြောက်တရားနဲ့ခြိမ်းခြောက် ဆွဲခေါ်တာဖြစ်တဲ့အတွက် လူထုထောက်ခံမှုပိုကျဆင်းလာစေတာ ဖြစ်ပါတယ်။PDFတွေရဲ့ အကြမ်းဖက်လူသတ်မှုတွေဟာ NUGနဲ့မဆိုင်ဘူး၊NUGကညွှန်ကြားတာမဟုတ်ဘူး၊NUGမှာမူဝါဒမရှိဘူးလို့ တာဝန်မဲ့စွာ