🔥 Burn Fat Fast. Discover How! 💪

ဖင်ပိတ်ငြင်းနေလို့မရဘဲPDFတည်ထောင်စီမံကွပ်ကဲတဲ့တာဝန်ရှိမှုအရ တစ | Online News Channel

ဖင်ပိတ်ငြင်းနေလို့မရဘဲPDFတည်ထောင်စီမံကွပ်ကဲတဲ့တာဝန်ရှိမှုအရ တစ်ချိန်မှာဥပဒေနဲ့အညီတရားစီရင်ခံကြရမှာဖြစ်ပါတယ်။ပြည်သူလူထုတစ်ရပ်လုံးကတော်လှန်ရေးကိုထောက်ခံအားပေးနေတယ်ဆိုတာ BBC.VOAဦးဆောင်တဲ့ လက်ဝေခံမီဒီယာများအားနဲ့ဝါဒဖြန့်ချိမှုသာ ဖြစ်ပါတယ်။သတင်းမှားတွေနဲ့ဝါဒဖြန့်ချိမှုဟာ စိတ်အားတက်ကြွအောင်ဖန်တီးရာမှာ အသုံးဝင်ပေမယ့် အချက်အလက်အမှားတွေကို ယုံကြည်ပြီးလက်တွေ့ ဆုံးဖြတ်လုပ်ကိုင်ရာမှာ ဆိုးကျိုးတွေသာဖြစ်လာစေမှာသာဖြစ်ပါတယ်။ပြည်သူလူထုတစ်ရပ်လုံးဆိုတဲ့ (၅၄)သန်းမှာ NUGလက်နက်ကိုင်တော်လှန်ရေးကိုဘယ်နှစ်သန်းက ထောက်ခံအားပေးသလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုပါတယ်။ တပ်မတော်ကို ဖက်ဆစ်ဂျပန်လို ပုံဖော်ခြင်း၊ပြည်သူလူထုတစ်ရပ်လုံး က နွေဦးတော်လှန်ရေးကိုထောက်ခံအားပေးနေသလို ပုံဖော်ခြင်းများနဲ့ မီဒီယာအား ကောင်းစွာမြိုင်မြိုင်ဆိုင်ဆိုင် ဝါဒဖြန့်ခြင်းဟာ အတိုင်းအတာတစ်ခုအထိထိရောက်မှုရှိပေမယ့် လက်တွေ့ဖြစ်ရပ်တွေမဟုတ်ဘဲ ကိုယ်လိုရာဆွဲ ဝါဒဖြန့်မှုတွေသာဖြစ်တဲ့အတွက် လက်တွေ့ ဆုံးဖြတ်လုပ်ကိုင်မှုတွေ မှားယွင်းပြီး အကျိုးမဲ့ အသက်ဆုံးရှုံးမှုတွေသာ ရလာကြမှာဖြစ်ပါတယ်။လူ၁၀ယောက်လောက်နဲ့ လျှပ်တပြက်ပျောက်ကြားသပိတ်ဆိုပြီး ပြည်ဖျက်မီဒီယာများနဲ့ကြိုတင်ချိတ်ဆက် ဓာတ်ပုံဗီဒီယိုမှတ်တမ်းယူပြီး နေ့စဥ်နဲ့အမျှလူထု ဆန့်ကျင်ဆန္ဒပြပွဲတွေ ရှိနေတယ်လို့ ဝါဒဖြန့်ခြင်း၊ အေးချမ်းတဲ့ဒေသတွေကိုစစ်မြေပြင်ဖြစ်အောင် လှုံ့ဆော်ပြီး တစ်နိုင်ငံလုံးစစ်မြေပြင်အဖြစ်ပုံဖော်ခြင်း၊တိုက်ပွဲတိုင်းတပ်မတော်ဘက်က သုံးလေးဆယ်လောက်ကျဆုံးပြီးPDFက တစ်ယောက်လောက်သာဆူးခြစ်ဒဏ်ရာလောက်ရခြင်း၊တိုက်ပွဲများအတွင်းစစ်ဘေးဒဏ်ခံကြရတဲ့ဒေသခံပြည်သူတွေ ရဲ့ဒုက္ခများကို ဂရုဏာသက်ဖွယ်ဖော်ပြပြီး PDFက ဘာမှဒုက္ခမပေးဘဲတပ်မတော်ကလုပ်လို့သာဖြစ်ရတယ်လို့ ဝါဒဖြန့်ခြင်းတွေဟာ အချက်အလက် အတိအကျမရှိဘဲကိုယ်လိုရာဆွဲ ပြောချင်ရာပြောပြီးနောက်ဆုံးမှာ"အတည်မပြုနိုင်သေးပါဘူး"ဆိုတဲ့အတွက် NUG.PDF နဲ့ထောက်ခံဝန်းရံသူတွေ အားတက်စရာတွေ ဖြစ်ပေမယ့် လက်တွေ့မှာတော့ မြေပြင်ကPDFတွေကိုဆက်အသေခံကြဖို့ မီဒီယာအဆိပ်ခတ်သတ်နေတာ တွေသာ ဖြစ်နေပါတယ်။

နိုင်ငံရေးအယူဝါဒခိုင်ခိုင်မာမာရှိပြီးအစဥ်အလာကြီးမားတဲ့ ခေါင်းဆောင်များဦးဆောင်တဲ့ဗမာပြည်ကွန်မြုနစ်ပါတီဟာ
တရုပ်ကွန်မြူနစ်ပါတီက လူအင်အားအပါအဝင် လက်နက်ခဲယမ်း ရိက္ခာ ဦးထုပ်ကနေဖိနပ်အထိ လိုလေသေးမရှိ အလျှံပယ်ထောက်ပံ့မှုနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တာ မအောင်မြင်ရခြင်းအကြောင်းရင်းက ပြည်တွင်းကအခြေအနေမှန်ကို မသိဘဲ မိမိတို့လိုချင်တဲ့ လူတန်းစားလက္ခဏာသတ်မှတ်ချက်ထဲအတင်းဆွဲယူပြီး "ဖောက်ပြန်တဲ့ ဖက်ဆစ်စစ်အစိုးရ"ကို ပြည်သူလူထုတစ်ရပ်လုံးက မလိုလားတော့ဘူး ဆိုတဲ့ ဝါဒဖြန့်ချိမှုအောက်မှာကိုယ်တိုင် အမှန်လို့ထင်လာတဲ့ အတွေးအမြင်မှားကြောင့်ဖြစ်ပါတယ်။ပျဥ်းမနား လယ်ဝေးဂျင်လို ညီလာခံမှာ လူထု အင်အားနှစ်သိန်းလောက်စုဝေးလာတာမြင်ရတော့ ညီလာခံတက်လာတဲ့ပြည်ပကွန်မြူနစ်တွေက"လူထုတစ်ရပ်လုံးကထောက်ခံနေပြီ၊တော်လှန်ရေးကရင့်မှည့်နေပြီ၊နောက်ကျရင်ပုပ်သိုးကြွေကျသွားတော့မယ်"ဆိုတဲ့အကြံပေးချက်ကြောင့်လက်နက်ကိုင်တော်လှန်ရေး ဘက်ပိုတိမ်းညွှတ်သွားပါတယ်။အမှန်ကဒီလူစုလူဝေးအများစုဟာပျော်ပွဲရွှင်ပွဲပြတ်နေတာကြာပြီဖြစ်လို့လယ်ယာလုပ်ငန်းသိမ်းပြီးလုပ်ငန်းအားချိန်စုဝေးလာတဲ့လူထုအများစုဖြစ်ပါတယ်။တပ်မတော်က ဖောက်ပြန်တဲ့ဖက်ဆစ် စစ်အုပ်စု မဟုတ်ဘဲ ပြည်သူကိုအကာအကွယ်ပေးစောင့်ရှောက်နေတဲ့တပ်မတော်ဖြစ်နေခြင်း၊ ပြည်သူလူထုတစ်ရပ်လုံးက တော်လှန်ရေးကိုထောက်ခံအားပေးမှု မရှိခြင်းဆိုတဲ့လက်တွေ့ အရှိတရားတွေကို ပစ်ပယ်ပြီး ကိုယ်လိုချင်သလို ပုံဖော် ဆွဲယူသုံးသပ်ခြင်း​ကြောင့် မအောင်မမြင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

တော်လှန်ရေးတစ်ရပ်အောင်မြင်ဖို့ ခေါင်းဆာင်မှုကဏ္ဍ က အဓိကရေးကြီးတဲ့အချက်ဖြစ်ပါတယ်။"ပြည်သူလူထုကခေါင်းဆောင်တယ်"အားလုံးစက်ခေါင်းတွဲတွေ ဖြစ်တယ် "ဆိုတဲ့စကားတွေက ပြည်သူကိုအမွှမ်းတင်ဂုဏ်ပြု တာဖြစ်လို့ နားထောင်ကောင်းသလိုလိုရှိပေမယ့် လက်တွေ့တော်လှန်ရေးမှာဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။တော်လှန်ရေးမှာခေါင်းဆောင်မှုကဏ္ဍဟာ ပြည်သူနဲ့တစ်သားတည်းရှိပြီးပြည်သူကိုရှေ့ကဦးဆောင်သွားနိုင်ဖို့လိုပါတယ်။ပြည်သူနဲ့ကင်းကွာပြီးရှေ့ရောက်လွန်းနေရင်မအောင်မြင်နိုင်သလို ပြည်သူ့နောက်က မှေးလိုက်ပြီး ပြည်သူကိုရှေ့တင်လွန်းရင်လည်း ပြည်သူ့နောက်မြီးဆွဲတော်လှန်ရေး သာဖြစ်လို့ အောင်မြင်စရာအကြောင်းမရှိပါဘူး။အခု NUGမှာဦးဆောင်နေကြတဲ့ ခေါင်းဆောင်များမှာ အစဥ်အလာ သဘာ ရှိတဲ့ခေါင်းဆောင်မှု မရှိကြဘဲ ပြောကြားချက်၊ထုတ်ပြန်ကြေငြာချက်များ ဟာ လည်း လူရယ်စရာဟာသတွေ ဖြစ်​နေတာ မကြာခနတွေ့မြင်နေကြရတဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးရဲ့ အနှစ်သာရ သေတူရှင်ဖက် ခေါင်းဆောင်မှုမဟုတ်ဘဲ သီးခြားစီကင်းကွာနေတဲ့ ခေါင်းဆောင်မှုဖြစ်လို့ မြေပြင်မှာ အသက်စွန့်တိုက်ပွဲဝင်နေကြတဲ့ PDF တွေရဲ့ယုံကြည်လေးစားအားကိုးမှုမရနိုင်တာဖြစ်ပါတယ်။"ရဲဘော်တို့နှင့်အတူ"ငါကိုယ်တိုင်ရှေ့ဆုံးကအသေခံ တိုက်ပွဲဝင်မယ် မဟုတ်ဘဲ ရဲဘော်တို့အငတ်ငတ်အပြတ်ပြတ်အသေခံတိုက်ကြ၊ခေါင်းဆောင်တွေက ကျည်လွတ်မြေက ကောင်းကောင်းစားသောက် ပြီး လေနဲ့