🔥 Burn Fat Fast. Discover How! 💪

အားပေးနေမယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေး ကမ္ဘာမှာ မရှိဖူးသေးတဲ | Online News Channel

အားပေးနေမယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေး ကမ္ဘာမှာ မရှိဖူးသေးတဲ့အတွက် ထူးဆန်းသောNUGတော်လှန်ရေးကြီး ဖြစ်နေပါတော့တယ်။အစိုးရဆိုတဲ့ ခေါင်းတွဲကြီးတစ်ခုလုံးက ကျည်လွတ်မြေ ပြည်ပနိုင်ငံများမှာဆီဦးထောပတ်စားဇိမ်ကျကျနေထိုင်ကြပြီးမြေပြင်မှာ လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေဆီ လိုအပ်တဲ့လက်နက်ခဲယမ်း ဆေးဝါးရိက္ခာ လုံလောက်အောင်မပို့ဘဲပါးစပ်ထဲကသာ လေ နဲ့ မြှောက်ပင့် အားပေးနေတဲ့လက်နက်ကိုင်တော်လှန်ရေး အောင်မြင်တယ် ဆိုတာ မရှိခဲ့ဖူးတဲ့အတွက်လည်း ဘက်မလိုက်ဝေဖန်သုံးသပ်သူတွေက အောင်မြင်စရာအကြောင်းမရှိဘူးလို့ အခိုင်အမာပြောနေကြတာ ဖြစ်ပါတယ်။

အမေရိကန်အနောက်အုပ်စု အိုအိုင်စီ ရဲ့ လိုလားချက်အစစ်အမှန်ကမြန်မာပြည်ဒီမိုကရေစီရရှိရေး၊ NLDအာဏာပြန်ရရေး၊NUG လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ရေးတွေ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးပြည်တွင်းစစ်မီးဟုန်းဟုန်းတောက် ပြီးတိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲရေးသာဖြစ်ပါတယ်။CIAက လစ်ဗျားဆီးရီယားလို ဖြစ်အောင်နောက်ကွယ်ကကြိုးကိုင်စီမံ​ပုံဖော်နေတာကိုNUGက လိုက်လုပ်ပေးနေရတဲ့အဆင့်ပဲရှိပါတယ်။မြန်မာပြည်ပြည်တွင်းစစ်ကြီးဖြစ်တော့မယ်ဆိုတဲ့နမိတ်ပြစကားတွေနဲ့ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းနေတာကို NUGက ကျေးဇူးရှင်ကယ်တင်ရှင်လိုကိုးကွယ်အားကိုးနေတာ ဖြစ်ပါတယ်။NUGခေါင်းဆောင်များရဲ့နိုင်ငံရေးဝမ်းစာနည်းပါးမှု၊လုပ်ရည်ကိုင် ရည်အရည်အချင်းနုံချာမှု၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ရဲ့ အနေအထားတွေအရ မြန်မာပြည်စစ်မီး ထ တောက်အောင်မီးမွှေးပေးဖို့ အလွန်လွယ်ကူတယ်လို့ သုံးသပ်ပြီး ဒီမိုကရေစီတော်လှန်ရေးအမည်တပ်၊ပြည်တွင်းစစ်မီးထဲ တွန်းပို့နေတာကို NUGက အကောင်အထည်ဖော်ပေးရတဲ့အဆင့်သာ ရှိပါတယ်။PDFနဲ့ပေါင်းရင်ရောအထောင်းခံရမှာသိတဲ့EAOများက ဝေးဝေးရှောင်ကြပေမယ့် လုပ်စားဂွင်တစ်ခုအဖြစ်လုပ်စားကြတဲ့EAOတချို့ ရဲ့ဒေသခံလူထုတွေ စစ်ဘေးဒုက္ခသည်အဖြစ်ပြေးလွှားနေကြရပြီဖြစ်ပါတယ်။PDFနဲ့EAOတွေပေါင်းတိုက်ရင် တပ်မတော်ကိုနိုင်ပြီလို့ စိတ်ကူးဖဲရိုက်နေကြသူတွေလည်းရှိပါတယ်။လူမျိုးတူတစ်ခုထဲမှာကိုလက်နက်ကိုင်အဖွဲ့တွေ ကွဲပြီးအချင်းချင်းတိုက်နေကြတဲ့ လူမျိုးစုလက်နက်ကိုင်တွေမပေါင်းနိုင်ဖြစ်နေကြတဲ့ လက်တွေ့ဘဝမှာ ဗမာသူပုန်နဲ့ ဘယ်လိုပေါင်းမလဲ။ရှမ်းလူမျိုးတူချင်းဖြစ်တဲ့ RCSS (SSA)နဲ့ SSPP(SSA)နှစ်ဖွဲ့ တိုက်နေကြလို့ စစ်ဘေးဒုက္ခ သည်တွေဖြစ်နေကြတာ လက်ရှိမြင်တွေ့နေကြရတဲ့အရှိတရားဖြစ်ပါတယ်။PDFနဲ့လူမျိုးစုလက်နက်ကိုင်တွေပေါင်းဖို့မပြောနဲ့၊လူမျိုးတူလက်နက်ကိုင်ချင်းတောင် ထ ချနေကြတဲ့ အဖွဲ့တွေ ရဲ့သမိုင်းကြောင်းဖြစ်စဥ်တွေ သိရင် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက PDFကိုလက်ခံထားတာဟာ အသုံးချရုံသက်သက်ဆိုတာ သိကြမှာဖြစ်ပါတယ်။ PDFကို NUGက အချိုသပ်မြှောက်ပင့် အရိုးအရင်းပေးကမ်း ခိုင်းစားအလှူခံစားနေသလို အမေရိကန်အနောက်အုပ်စုအိုအိုင်စီက NUGကို မြှောက်ပင့် အရိုးအရင်းပေးကမ်း ပြီး တိုင်းပြည်အလုံးစုံပျက်သုဥ်းရေး ခိုင်းစားနေတဲ့ အခင်းအကျင်း သာ ဖြစ်ပါတယ်။NLDအစိုးရဘဝက စီးပွားရေး၊ပညာရေး၊သာသနာရေးယဥ်ကျေးမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ နိုင်ငံခြားအကြံပေးများအဖြစ်ဝင်ပူးပြီး တိုင်းပြည်ပျက်စီးရေးလုပ်ခဲ့သလိုအခု NUGကိုအစိုးရတစ်ရပ်အဖြစ် စင်ပေါ်တင်ပွဲထုတ် ပြီးဖျက်ဆီးတာ ပုံသဏ္ဍန်ကွဲပေမယ့်အနှစ်သာရကတော့ အတူတူပဲ ဖြစ်ပါတယ်။

သွေးထွက်သံယိုမှုမရှိ၊တိုင်းပြည်လူထုနစ်နာမှုမရှိ၊တည်ငြိမ်အေးချမ်းစွာနဲ့တစ်နှစ်နှစ်နှစ်အတွင်း ရွေးကောက်ခံအစိုးရတစ်ရပ်တက်လာမယ့် ဒီမိုကရေစီလမ်းကြောင်းကြီးဖြောင့်ဖြူးနေတာ တွေ့မြင်နေရပါရက်နဲ့ ဒီလမ်းကြောင်းကို ဖျက်ပြီး တိုင်းပြည်အလုံးစုံပျက်သုဥ်းအောင်ကြံစီလုပ်ဆောင်နေတာကို ဒီမိုကရေစီတော်လှန်ရေးလို့ လိုက်လုပ်တဲ့ NUG ရဲ့ မိုက်မဲမှုဟာ အနောက်အုပ်စုအိုအိုင်စီအကြိုက် နဖားကြိုး ထိုးလို့အကောင်းဆုံး ဖြစ်နေပါတယ်။စစ်အာဏာရှင်တစ္ဆေခြောက်ခံနေရသလို စစ်အာဏာရှင်လို့မျက်စိမှိတ်အော်နေပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပြီး
အခြေ ခံဥပဒေနဲ့အညီရွေးကောက်ပွဲလုပ်အာဏာလွှဲဆိုတဲ့ လမ်းပြမြေပုံအတိအကျ ရှိနေတဲ့အတွက်စစ်အာဏာရှင်မဟုတ်တာသေချာပါတယ်။တကယ်တန်းလုပ်ရမှာက ရွေးကောက်ပွဲအမြန်ဆုံးလုပ်ပေးနိုင်အောင်ဝိုင်းဝန်းကူညီခြင်း၊လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ထိန်းကျောင်းခြင်းတို့သာဖြစ်ပါတယ်။အခုNUGလုပ်နေတဲ့လက်နက်ကိုင်တော်လှန်ရေးဟာ နစကအစိုးရ သက်တမ်းရှည်အောင် လုပ်ပေးနေတာ သာ ဖြစ်နေပါတယ်။တည်ငြိမ်အေးချမ်းမှုပျက်ပြားနေတာနဲ့အမျှ ရွေးကောက်ပွဲလုပ်ပေးဖို့ အခက်အခဲရှိနေမှာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပေးထားတဲ့ကာလ ပြည့်သည်အထိ အာဏာပြန်မလွှဲပေးနိုင်ခဲ့ရင် အခုရှိနေတဲ့ ဒီမိုကရေစီလမ်းကြောင်းတောင် ပျောက်သွားနိုင်ပါတယ်။နစက ဥက္ကဌကိုယ်တိုင်ကလည်း ဒီလိုဖြစ်လာကောင်းဖြစ်လာနိုင်တဲ့သဘော စကားဦးသန်းလာတဲ့အတွက် NUGရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒီမိုကရေစီရရှိရေးလား၊နစကအစိုးရ သက်တမ်းရှည်ရေးလား ဆိုတာ သေသေချာချာ ပြန်သုံးသပ်ကြည့်ကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။