🔥 Burn Fat Fast. Discover How! 💪

လက်နက်ကိုင်တော်လှန်ရေးအခြေခံလိုအပ်ချက်ဖြစ်တဲ့ လူလက်နက်ခဲယမ်းအခ | Online News Channel

လက်နက်ကိုင်တော်လှန်ရေးအခြေခံလိုအပ်ချက်ဖြစ်တဲ့ လူလက်နက်ခဲယမ်းအခြေခံနယ်မြေ လွတ်မြောက်နယ်မြေတွေ ကြိုတင်ပြင်ဆင်စုဖွဲ့ထားမှုမရှိဘဲ ရရာလက်နက်ဆွဲကိုင်တော်လှန်ကြ၊အလှူခံငွေနဲ့ တော်လှန်ကြဆိုတာ တော်လှန်ရေးထဲကိုယ်တိုင်ကိုယ်ကျပါဝင်လာတဲ့ သူတွေကိုသေတွင်းထဲပို့တာနဲ့အတူတူပါပဲ။အစိုးရတစ်ရပ်ရဲ့အင်္ဂါရပ်တွေ ထဲမှာ အဓိကအချက်တစ်ချက်​ဟာ နယ်မြေပိုင်ဆိုင်မှုရှိခြင်းဖြစ်ပါတယ်။ဘယ်ဥပဒေ၊ဘယ်တရားစီရင်ရေးနဲ့ဘယ်နယ်မြေတွေပိုင်ဆိုင် တယ်ပြောနိုင်ဖို့ နေနေသာသာ အစိုးရအဖွဲ့ရုံးတောင်ဘယ်မှာရှိမှန်းမပြောနိုင်တဲ့ဘဝရောက်နေတဲ့ NUGဟာ အစိုးရဖြစ်ချင်တာလည်း "ပြာ "လို့၊ ရုံးခန်းတည်နေရာတောင်မှ မပြနိုင်တာလည်း "ချာ"လို့ ဆိုတဲ့ အကောင်အထည်မရှိ၊လေထဲကအစိုးရ တစ်ရပ်အဖြစ် နိဂုံးချုပ်ရမှာသာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

စစ်ငြိမ်း
၆.၁.၂၀၂၂