🔥 Burn Fat Fast. Discover How! 💪

ခါတိုင်းထက်ပိုလိုအပ်နေပြီဖြစ်တဲ့ ပရိုဖက်ရှင်နယ်တပ်မတော် ×××× စ | Online News Channel

ခါတိုင်းထက်ပိုလိုအပ်နေပြီဖြစ်တဲ့
ပရိုဖက်ရှင်နယ်တပ်မတော်
××××
စစ်သည်တဦးခြင်းရောတပ်ဖွဲ့လိုက်ပါစစ်ရေးစစ်ရာမှာအထူးကျွမ်းကျင်အတွေ့အကြုံပြည့်ဝတဲ့တပ်မတော်မျိုးကိုဆိုလိုတယ်လို့ထင်ပါတယ်

လက်နက်ကိုင်သောင်းကျန်းမှုမျိုးစုံနဲ့ဝိုင်းဝိုင်းလည်နေတဲ့မြန်မာပြည်အတွက်
ဗိုလ်ချုပ်အောင်ဆန်းတချိန်ကမျော်မြင်မိန့်ကြားခဲ့သလို
စစ်သည်တစ်သန်းလောက်ရှိမှ
နယ်နိမိတ်တပါတ်လည်ရောပြည်တွင်းပါ
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်သယံဇာတအားလုံးကိုထိမ်းချုပ်ကာကွယ်နိုင်ပါလိမ့်မယ်

ဒီလောက်အင်အားရှိမှရှေ့တန်းထွက်စစ်အင်အား၅သိန်းလောက်ရပါလိမ့်မယ်

ဒီနေ့တပ်မတော်ရဲ့အဓိကအခက်အခဲက
တပ်ရင်းတွေမှာစစ်သည်အင်အားမပြည့်လို့
စစ်ထွက်အင်အားတစ်ရာသာသာလောက်နဲ့မနိုင်မနင်းဖြစ်နေရတဲ့အခြေအနေလို့ထင်ပါတယ်

စစ်ထဲဝင်မယ့်သူမရှိတာမှာအဓိကအကြောင်းရင်းက
လစာနဲ့ရိက္ခာကဆွဲဆောင်မှုမရှိလို့ပါ
တဖက်နိုင်ငံကူးအလုပ်လုပ်ရင်ကျည်လွတ်မြေမှာ
ကျပ်၅သိန်းလောက်သက်သက်သာသာနဲ့ရနိုင်ချိန်မှာ
အသက်သွေးချွေးရင်းရတဲ့၂၄နာရီတာဝန်ကို
ကျပ်၁သိန်းကျော်ဘဲပေးနိုင်နေသမျှ
ဘယ်သူမှစစ်ထဲဝင်ချင်မယ်မဟုတ်ပါ

လစာအပေါင်းရိက္ခာကိုတလငါးသိန်းလောက်ပေးနိုင်မှ
တကယ်အခြေခံအရည်အချင်းရှိသူစစ်သည်သစ်တွေစုဆောင်းနိုင်လာပါလိမ့်မယ်

ပရိုဖက်ရှင်နယ်လိုချင်ရင်ပရိုကျေးပေးရမှာကိုရှောင်လွှဲလို့မရနိုင်ပါ

တနှစ်ကိုစစ်သည်တယောက်အတွက် ဒေါ်လာ ၃၀၀၀လောက်ကျသင့်မယ့်သဘောပါ
စစ်သည်၁သန်းအတွက် ၃ဘီလျံလောက်သုံးရပါမယ်

ဒီ၃ဘီလျံဘယ်ကရမလဲလို့မေးစရာရှိပါတယ်
တနှစ်တနှစ်ကို
မိမိကမစိုးမိုးနိုင်လို့ လက်နက်ကိုင်မျိုးစုံက
တရားမဝင်ထုပ်ယူရောင်းချနေတဲ့ကျောက်စိမ်းပတ္တမြားနီလာရွှေနဲ့သယံဇာတမျိုးစုံရဲ့တန်ဘိုးက
၃ဘီလျံထက်မလျှော့နိုင်ပါ
အဟောသိကံဖြစ်နေတဲ့အခွန်အခတွေနစ်နာမှုပါထဲ့တွက်ရင်ဒီထက်မကများပါလိမ့်မယ်

ပြည်သူုအသက်စည်းစိမ်လုံချုံမှုဆိုတဲ့တန်ဘိုးဖြတ်လို့မရတဲ့ဝန်ဆောင်နိုင်စွမ်းပါထဲ့စဥ်းစားရင်
အလွန်ကိုလုပ်သာလုပ်သင့်တယ်ဆိုတာမြင်လာနိုင်ပါတယ်

ပြည်သူ့ဘဝကိုရှေ့တန်းတင်စဥ်းစားရင်
စစ်လက်နက်နဲ့ယန္တယားတွေဝယ်ယူတပ်ဆင်ရေးမှာ
ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးမှာအသုံးကျမယ့်
ဝယ်ယူမှုတွေကိုအသားပေးရပါလိမ့်မယ်

ပြည်တွင်းနိုင်နင်းမှပြည်ပရန်ကိုကာကွယ်နိုင်ပါလိမ်မယ်
ပြည်တွင်းစည်းပေါက်နေသမျှပြင်ပကထိုးနှက်တိုက်ခိုက်မှာကိုကာကွယ်ရေးကတပန်းရှုံးနေဦးမှာပါ

တိုက်လေယာဥ်တွေရေငုတ်သင်္ဘောတွေလိုအလွန်စျေးကြီးတဲ့လက်နက်စံနစ်တွေဝယ်နိုင်တာကိုဝမ်းသာအားရဖြစ်ပါတယ်
သို့သော်မြေပြင်မှာတကယ်လိုနေတာက
ပို့ဆောင်ရေးလေယာဥ်ရဟတ်ယာဥ်တွေ
မြေပြင်တိုက်ခိုက်ရေးလေယာဥ်တွေ
ယန္တယားတပ်ဖွဲ့
Mechanized Calvary တွေပါ
စစ်သည်တဦးချင်းအတွက်စစ်ဝတ်ကျည်ကာနဲ့
အဆင့်မြင့်လက်နက်ရိက္ခာတွေပါ

တကယ့်အရည်အချင်းပြည့်ဝတဲ့
အရေအတွက်လုံလောက်တဲ့
ပရိုဖက်ရှင်နယ်တပ်မတော်ကြီးတရပ်
ဒီနေ့မှာခါတိုင်းထက်ပိုလိုအပ်နေပါပြီ

နိုင်ငံတစ်ခုလုံးမှာလွှမ်းမိုးအစိုးရတဲ့
နိုင်ငံရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို
မယိုမဖိတ်မထိပါးရလေအောင်ကာကွယ်ထမ်းရွက်မယ်တပ်မတော်တရပ်ဖြစ်တည်ဘို့လက်ကုန်လုပ်ကြပါ
ရဲရဲထူထောင်ရဲရဲတိုက်ရဲရဲကာကွယ်စောင့်ရှောက်ပေးမယ့်
စစ်ခေါင်းဆောင်တွေကသာဒီနိုင်ငံကိုလမ်းမှန်ပေါ်ပြန်တင်ပေးနိုင်ပါလိမ့်မယ်

နဖူးပေါ်လက်တင်စဥ်းစားလေးနက်ဆုံးဖြတ်ချက်ချနိုင်ကြပါစေ။

#KMZ