🔥 Burn Fat Fast. Discover How! 💪

လိမ်နေတယ်ဆိုတာရှင်းနေပေါ်နေတာဘဲ၊ ဒါတွေကိုကြို သိရဲ့သားနဲ့ ဘယ်လ | Online News Channel

လိမ်နေတယ်ဆိုတာရှင်းနေပေါ်နေတာဘဲ၊ ဒါတွေကိုကြို သိရဲ့သားနဲ့ ဘယ်လောက်တားတားကော်မရှင်က ဗြောင်ကျကျလိမ်ပြီးသူလုပ်ချင်ရာလုပ်သွားခဲ့တာပါ၊ အစိုးရ လည်းမဲလိမ်တာလွန်သွားတော့ပေါ်မှာကြောက်ပြီး ကော်မရှင်ကသူတို့နဲ့မဆိုင်သလိုပြောလာတယ်၊ ကော်မရှင် ကလည်း ဒါအစိုးရခန့်ထားတာလို့ပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် လွှဲချနေခဲ့ကြတယ်၊ ကော်မရှင်က ထါက်ပြောတဲ့စကားက နိုင်ငံတော်ရဲ့ဌာနကြီးတစ်ခုကပြောတဲ့စကား ဟုတ်မှဟုတ်ရဲ့လားလို့တောင်ထင်မိပါ တယ်
ဒီနေ့အထိရွေးကောက်ပွဲ ကော်မရှင်ကိုတိုင်တဲ့တိုင်စာ တစ်စောင်မှမရောက်သေးဘူးလို့လည်းကလိမ်ကကျစ် လုပ်ပြီးပြောလိုက်သေးတယ်၊ မြို့နယ်ကော်မရှင်ကိုရောက်နေတဲ့ တိုင်စာအားလုံးဟာ ရွေးကောက်ပွဲကော်မရှင် ဗဟိုကိုမရောက်စရာအကြောင်းမရှိဘူး မရောက်ဘူးဆိုတာဗြောင်လိမ်တာဘဲ ဗြောင်လိမ်တာထက်ရွေးကောက် ပွဲကော်မရှင်က သူမသိပါဘူး၊ ရပ်ကွက်/ကျေးရွာ ၊မြို့နယ်၊ ခရိုင်၊တိုင်းအဆင့် တွေမှာဖြစ်နေတာ သူတို့နဲ့မဆိုင် ပါဘူး အောက်ခြေမှာဖြစ်နေတာပါလို့ပြောတဲ့စကားတွေ ဟာဒီလူတွေလူတွေမှဟုတ်ရဲ့လားလို့တောင်ထင်ရ တယ်၊ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရပ်/ကျေးကော်မရှင်ဘဲဖြစ်ဖြစ်၊ မြို့နယ်ကော်မရှင်ဘဲဖြစ်ဖြစ်ကော်မရှင် ဆိုတာတစ်ခုဘဲရှိတယ်၊ ၂၀၂၀ ရွေးကောက်ပွဲကြီးဟာတရားမျှတပြီးလွတ်လပ်သောရွေးကောက်ပွဲတစ်ခုမဖြစ် တာ ပေါ်နေပြီဖြစ်တယ်၊ ဗြောင်လိမ်/ဗြောင်ညာ/ဗြောင်ညစ် သောရွေးကောက်ပွဲကြီးသာဖြစ်ပါသည်၊ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မတွေကိုတော့ မပြောတော့ပါဘူး ၊ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ၊ ဆန့်ကျင်တာ၊ မျက်ကွယ်ပြုတာဘဲမဟုတ်ပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘေးမှာထားပြီး သူလုပ်ချင်ရာလုပ်သွားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ပါမယ်ဆိုတဲ့ လူတွေလည်းဆင်ကြီး တစ်ကောင်လုံးတွေ့နေပြီးတော့မှ ဆင်ခြေရာကို ပြန်ရှာနေဘို့မလိုတော့ဘူးလို့ထင်ပါတယ်။