🔥 Burn Fat Fast. Discover How! 💪

ကျောင်းတွေစဖွင့်တော့စစ်ကျွန်ပညာရေးကိုမတက်ဘူးဆိုပြီး ကျောင်းမအပ | Online News Channel

ကျောင်းတွေစဖွင့်တော့စစ်ကျွန်ပညာရေးကိုမတက်ဘူးဆိုပြီး ကျောင်းမအပ်ကြဘူး၊ အန္တရာယ်ကြားခြိမ်းခြောက် မှုတွေကြားထဲကကျောင်းလာအပ်ပြီး ကျောင်းတက်နေတဲ့ ကလေးတွေကို အမျိုးမျိုးအခက်အခဲဖြစ်အောင်ဒုက္ခ ပေးကြတယ်…. ဒါပေမဲ့ မိဘတွေက၎င်းတို့ကလေးတွေအတွက် အရဲစွန့်ပြီးကျောင်းထားပေးကြတယ် ဒါပေမဲ့ တစ်ဖက်ကတော့ အမေစုလာမှကျောင်းတက်မယ်ဘာညာနဲ့ ကျောင်းမအပ်ပဲ နေကြတယ်….. အခုစာမေးပွဲဖြေ တော့မယ် သူတို့အမေစုကလည်းမသေချာတော့ဘူးဆိုတော့ စာမေးပွဲဖြေဖို့အတွက် ကျောင်းတွေမှာရှိတဲ့ Silent CDM ကျောင်းအုပ်ကြီး(ဖရဲသီး)တွေကကျောင်းသားတစ်ဦးကိုငွေ(၅)သောင်းယူပြီးစာမေးပွဲဖြေဖို့အတွက်စာရင်း တွေခိုးထည့်ပေးကြတယ်၊ကျောင်းခေါ်ကြိမ်တွေခိုးထည့်ပြီး မသမာတဲ့နည်းတွေနဲ့ လုပ်နေကြတာလည်းအထက် တန်းကျောင်းတိုင်းမှလိုလိုဖြစ်နေကြတာ ရင်နာစရာပါ အခက်အခဲကြားထဲက ကျောင်းတက်နေတဲ့ကျောင်းသား တွေကို စာနာသင့်ပါတယ်…… ပညာရေးဝန်ကြီးစီစစ်ဆောင်ရွက်သင့်ပါတယ်……..

နောက်ထပ်ပြောချင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်အချို့မှာရပ်ကွက်အုပ်ချုပ်ရေးမှူးတော်တော် များများကို ယခင် NLD အစိုးရလက်ထက်တုန်းက၎င်းတို့ဩဇာခံသစ္စာခံတဲ့ သူတွေကိုပဲ ပြန်ခန့်အပ်ပေးထားကြ တယ်…… နစကကြီးစတင်တာဝန်ယူကတည်းက မပြတ်တင်ပြပေးခဲ့သော်လည်းယခုချိန်ထိဆက်လက်တာဝန် ပေးထားကြတုန်းပဲ…..
အဲ့လို NLD အမာခံတွေကိုပဲ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဆက်ခံထားတော့ ဘာတွေဖြစ်ကြသလဲဆိုတော့…..အခု ရန်ကုန်မှာဖြစ်နေတဲ့ ချောင်မြောင်းလုပ်ကြံပစ်ခတ်သတ်ဖြတ်တာတွေ၊ မိုင်းခွဲတာတွေ၊ လစ်ရင်လစ်သလိုလုံခြုံ ရေးအဖွဲ့တွေ ရဲကင်းတွေကို ပစ်ခတ်ထွက်ပြေးတာတွေကိုလုပ်နေကြတဲ့ အကြမ်းဖက်သမား PDF တွေဟာအဲ့ဒီ NLD အမာခံတွေကိုပဲ ဆက်လက်ခန့်အပ်ထားတဲ့ ရပ်/ကျေးလမ်းတွေမှာပဲ ပေါ်ပေါ်တင်တင်နေထိုင်နေကြတာ ခုထိပါပဲသူတို့ကိုအဲ့ဒီရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ကာကွယ်ပေးထားတယ်……

အဲဒီကျေး/ရွာ အုပ်ချုပ်ရေး မှူးတွေကနေတဆင့် နယ်ထိန်းရဲတွေ/မြို့နယ်ရဲစခန်းကရဲတွေ၊ မြို့နယ်ထွေအုပ်ရုံးကအဖွဲ့တွေ စတဲ့အဆင့်ဆင့် ပိုင်အောင်ပေါင်းပြီး ပေါ်တင်ပဲနေထိုင်နေကြတယ်….

ဒါကိုသိလို့ပြည်သူတွေက ရဲ (သို့မဟုတ်) ထွေအုပ် ကိုတိုင်ရင် ရဲနဲ့ထွေအုပ်တို့က အတိုင်ခံရတဲ့တရားခံကိုမဖမ်း တဲ့အပြင် လာတိုင်တဲ့သူကို ရဲနဲ့ထွေအုပ်တို့ကအတိုင်ခံထိသူဆီပြန်ပြောပြီး တိုင်တဲ့ပြည်သူက ဒလန်လို့အမည် တပ်ပြီးအသတ်ခံနေရတာခုချိန်ထိပဲ၊အချို့ဆိုရင် ပိုင်ဆိုင်မှုတွေ အိုးအိမ်တွေကိုပစ်ပြီးရှောင်ပုန်းထွက်ပေးနေရဆဲ ပါပဲ ဒါတွေကို နစကကြီးသိပါသလား……

ဒါကြောင့် အောက်ခြေကပြည်သူတွေဘာဖြစ်နေလဲ ၊ ဘာအခက်အခဲတွေဖြစ်နေလဲ ဆိုတာကို နစကကြီးထံကို ဘယ်သူကမှ အမှန်အတိုင်းပြောမှာမဟုတ်ဘူးဆိုတာသိနေပါတယ်…… ဒါကြောင့် နစက အစိုးရကြီးအနေနဲ့ ဦးနေဝင်း ကိုပြည်သူကဟာသလုပ်သလိုမျိုးအလုပ်ခံရဖို့နီးစပ်နေပါပြီ နစက ကြီးအနေနဲ့ အောက်ခြေကပြည်သူ တွေရဲ့အသံတွေ ဒုက္ခတွေ အခက်အခဲတွေကို အမှန်အတိုင်းသိရှိပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး ပြတ်ပြတ်သား သား ရှင်းလင်းဆောင်ရွက်သင့်ပြီ ဆိုတာကိုအကြံပြုလိုပါတယ် …..
အချိန်တော့မနှောင်းသေးဘူးဆိုပေမဲ့လည်း … အနည်းငယ်တော့နောက်ကျနေပါပြီ ခုချိန်မှာအချိန်မီအမြန်ဆုံး ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင်တော့ ၆၀ % ခန့်ပြန်လည်ကောင်းမွန်အဆင်ပြေနိုင်မှာဖြစ်ပါတယ်….

အပ်နဲ့ထွင်လို့ရနေသေးပါတယ်…. အချိန်ကြာရင်တော့ ပုဆိန်နဲ့ ပေါက်ပြီးရှင်းပစ်ရမဲ့အချိန်ကိုရောက်သွားရင်မကောင်းပါဘူး လို့အကြံပြုအပ်ပါတယ် ခင်ဗျာ။

#ကောင်းစေချင်တဲ့ပြည်သူတစ်ဦး