Get Mystery Box with random crypto!

အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။ (၉) ဖတ်ထားတဲ့ စာအုပ်တွေကိ | Review For You

အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။

(၉) ဖတ်ထားတဲ့ စာအုပ်တွေကို စစ်ကြောမှု ပြုပါ။
ရှေးတုန်းကတကယ်ဖြစ်ခဲ့လို့ စာရေး ဆရာက တကယ်ရေးသားခဲ့တာပေါ့ ဆိုတဲ့ ဆင်ခြေတွေကို နားမယောင်မိပါစေနဲ့။ စာအုပ်တွေထဲမှာ ရေးသားထားတိုင်း အမှန် တရားတွေလို့ ဆိုလို့မရပါဘူး။ “စာရေးဆရာ က ဒီအကြောင်းကို ဘယ်လိုလုပ်သိသလဲ” ၊ “သူအမှန်အတိုင်း ပြောနေတာရော ဟုတ်ရဲ့လား” စသဖြင့် စစ်ကြောသင့်ပါတယ်။ ဒီကိစ္စအတွက် စာရေးဆရာတွေရဲ့ အတ္ထုပ္ပတ္တိ တွေက အထောက်အကူပြု ပေးနိုင်ပါတယ်။

(၁ဝ) ဖတ်ရမယ့် စာအုပ်စာရင်း၊ ဖတ်လို့ မပြီးသေးတဲ့ စာအုပ်စာရင်းတွေကို ချရေး ထားပါ။
အဆွေက တစ်ဝက် တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ် စာရင်းနဲ့ ဖတ်ကို ဖတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စာအုပ် စာရင်းတွေ ကို ချရေးပြီး ဆောင်ထားပါ။ ဒါမှမဟုတ် စာရေး ဆရာ စာရင်းကို ပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီ စာအုပ်တွေကို ဖတ်နိုင်ဖို့ အချိန်အခါ၊ အခွင့်အရေးဟာ ဘယ်အချိန် ဘယ်အခါမှ ပေါ်ပေါက်လာနိုင် တယ်ဆိုတာကို အဆွေ ကြိုသိနိုင်ဖို့ ခက်ခဲ လို့ပါပဲ။ သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေရတဲ့ အခါမျိုး၊ ခရီးရှည် တစ်ခု ကို ကား၊ ရထားစီးပြီး သွားရတဲ့ အခါမျိုး၊ ရုံးမှာ လုပ်စရာတွေ ပါးနေတဲ့ အချိန်မျိုး စသဖြင့်ပေါ့လေ။ သြော် - အရေးကြီးတာ တစ်ခု ကျန်သေးတယ်။ စာရေး ဆရာတွေက ဖတ်ဖို့ ထောက်ခံချက်ပေးထားတဲ့ စာအုပ် နာမည်တွေကိုလည်း စာရင်းထဲ ထည့်ရေးဖို့ မမေ့နဲ့နော် - အဆွေ။

(၁၁) ယခင်က မဖတ်ဖူးခဲ့တဲ့ စာပေ အမျိုး အစားတွေကို ရွေးချယ်ဖတ်ရှုကြည့်ပါ။
ပုံမှန်အားဖြင့် ဖတ်လေ့ ဖတ်ထ မရှိခဲ့ တဲ့ စာပေ အမျိုးအစားတွေကို အပြောင်း အလဲ လုပ်ပြီး ဖတ်ရှုကြည့်ပါ။ စာအုပ် အငှား ဆိုင်တွေ၊ စာအုပ် အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ အရင်က အဆွေ ခြေမချခဲ့ဖူးတဲ့ စာအုပ်တန်းတွေဘက်ကို ခြေချကြည့်လိုက်ပါ။ လုံးဝ ဖတ်လို့ မကောင်း ပါဘူးဆိုတဲ့ စာအုပ် သတင်းတွေကို ဂရု မမူဘဲနဲ့ တကယ် ဖတ်ရှုထားတဲ့ အဆွေ့ သူငယ်ချင်းတွေဆီက မှတ်ချက်တွေကို တောင်းကြည့်ပါ။ အဆွေ့ရဲ့ ခံစားစိတ်က တကယ် လိုအပ် တောင့်တနေတဲ့ စာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်မိလိုက်လို့ ကတော့ ကြီးကျယ်တဲ့ အံ့သြပျော်ရွှင်မှုကို ပိုင်ဆိုင် ရရှိပြီပေါ့။ ဒါတင်မကသေးဘဲ ထူးမြတ် တဲ့ ဉာဏ်ပညာတွေကိုပါ ထပ်ဆောင်းရရှိ နိုင်သေးတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ နော် - အဆွေ။

(၁၂) အဆွေ့ဉာဏ်က လိုက်မမီနိုင်မှုကို လက်ခံပါ။
အဆွေမြည်းစမ်းကြည့်တဲ့ စာအုပ်က အဆွေ့အတွက် အကျိုး မရှိ၊ အသုံး မဝင်ရင် ဆက်မဖတ်ဘဲ ချသာ ထားလိုက်ပါ။ စိတ် ဉာဏ် ကွန့်မြူးစရာထက် ပိုလွန်နေတဲ့ တချို့သော စာအုပ်ကောင်းတွေလည်း ရှိနိုင်ပါ သေးတယ်။ အဲဒီ စာအုပ်တွေကျတော့လည်း ဖတ်ရှုဖို့ အတွက် ဉာဏ်ပညာ အတိုင်း အဆ တစ်ခု အထိ ရောက်ထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဆွေ့ကို စိတ်ပင်ပန်းလေးလံစွာ နဲ့ စာရွက် တစ်ရွက်ပြီး နောက်တစ်ရွက်ကို ဆက်လှန်ဖို့ သောကရောက်စေတဲ့ စာအုပ် မျိုးကိုလည်း အချိန် အတိုင်းအတာ တစ်ခု အထိ မဖတ်ဘဲ ချထားလိုက်ပါ။ နောင်တစ်ချိန်မှ ကြိုးစားပြီး ထပ်ဖတ်ကြည့်ပါ။

ဒါမှ မဟုတ်ရင်လည်း စာဖတ်သက်ဝါရင့်တဲ့ စာဖတ်သမားတစ်ဦး ဆီက ဘယ်လို ဖတ်သင့်ပါတယ် ဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံအသုံးချကြည့်ပါ။ ဘယ်လိုလဲ - အဆွေ။ ကျွန်တော်က ဒီနည်းလမ်း ၁၂ ချက်ကို ကိုယ်တိုင် အသုံး ချဖူးပြီး အကျိုးရှိတာကြောင့် ဝေမျှလိုက်တာ။ အဆွေ့အတွက် ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော့်စိတ် အထင်တော့ တချို့ အချက်တွေကို အဆွေ အသုံးချဖူးကောင်း ချဖူးပါလိမ့်မယ်။ ကျွန်တော်တို့တွေရဲ့ ဘဝမှာ အချိန်ဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ ဒီနေ့ ခေတ်ရဲ့ များမြောင်လှတဲ့ စာအုပ်တွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုစရာမလိုတဲ့ စာအုပ်တွေ ကလည်း အများအပြားကို ရှိနေပါတယ်။ ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုး ရှိမယ့် စာအုပ်တွေနဲ့သာ အသုံးချသင့်ပါ တယ်။ ရသပိုင်းကိုရော သုတပိုင်းကိုပါ ပြောတာနော်။ ဒါက ပထမ အဆင့်ပေါ့။ ဒုတိယ အဆင့်ကတော့ စာအုပ်ကောင်းတွေ လက်ထဲရောက်နေရက်နဲ့ နည်းမှန် လမ်းမှန် မဖတ်တတ်ခဲ့ရင် အကျိုးမရှိနိုင်ပြန်ပါဘူး။ ဒီအတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၁၂ ချက်ကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ ကဲ ... ကျွန်တော့်ဆောင်းပါး လည်း အတန်အသင့် ရှည်လွန်းနေပြီမို့ အမေရိကန်ကဗျာဆရာ Wystan Hugh Auden (1907-1973) ရဲ့ စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်လိုက် ပါရစေ။

Some books are undeservedly forgotten; none are underservedly remembered.

တချို့သော စာအုပ်တွေကို မေ့ဖျောက်ဖို့ရာ မထိုက်တန်။ စာအုပ် မှန်သမျှ ကိုလည်း မှတ်သားဖို့ရာ မထိုက်တန်။
Crd