Get Mystery Box with random crypto!

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို | Review For You

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို ရွေးချယ်ပါ။
ရောင်းကောင်းတယ်ဆိုတဲ့ စာအုပ်မျိုးတိုင်းကို ပြောတာ မဟုတ်ပါဘူး။ အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ စာအုပ် တစ်အုပ်ကို မဖတ်ခင်မှာ အဆွေ့ကိုယ် အဆွေ ပြန်မေးကြည့်ပါ။ “ဒီ စာအုပ်ထဲကနေ ဘယ်လို အကြောင်း အရာမျိုး၊ ဘယ်လို အတွေးအခေါ်မျိုး ငါရရှိ နိုင်မှာလဲ”။ ကောင်းမွန် အကျိုးရှိမယ့် တစ်ခုခု ကို မျှော်လင့်မိတယ် ဆိုရင်တော့ အဲဒီလို စာအုပ်မျိုးကို ကောက်သာ ဖတ်လိုက်ပါတော့။

(၃) မှတ်စုထုတ်ခြင်း၊ တို့ထားခြင်း၊ တေးထားခြင်းများ ကျင့်သုံးပေးပါ။
စာအုပ် တစ်အုပ်ကို အဆွေဖတ်ပြီး တာနဲ့ အဲဒီစာအုပ်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ချရေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါမှမဟုတ် ကိုးကားဖို့ အတွက် မျဉ်းသားထား တာမျိုး၊ ရောင်စုံ မင်တံနဲ့ ခြယ်သထားတာမျိုး လုပ်ကြည့်ပါ။ ဒါမှ မဟုတ်သေးရင်လည်း အခန်းစဉ် အလိုက် မှတ်စု ထုတ်တာမျိုး လုပ်ကြည့်ပါ။ အဆွေ့ရဲ့ ကိုယ်ပိုင် မှတ်စု စာအုပ်မှာ ချရေး ဒါမှမဟုတ် ဘလော့ဂ် တစ်ခုခုမှာ တင်လိုက်ပေါ့။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မှတ်ချက်တွေက အဆွေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက် ပေးပါလိမ့်မယ်။

(၄) ဖတ်ထားတဲ့ စာအုပ်အကြောင်းကို ဆွေးနွေးပြောဆိုပါ။
အဆွေဖတ်မှတ် ထားမိတဲ့ လုပ်ငန်း လုပ်ကိုင်မှု မဟာဗျူဟာ ပုံစံသစ် အကြောင်း ကို အထက် အရာရှိနဲ့ ဆွေးနွေးပြောဆို ကြည့်ပါ။ အပေါင်းအသင်း တွေနဲ့ ဆုံတဲ့ အခါ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အတိတ် သမိုင်း စာအုပ် တစ်အုပ် အကြောင်းကို ပြောဆို ဆွေးနွေးကြည့်ပါ။ စာဖတ်သူ မျိုးစုံဟာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေ အပေါ် မူတည်ပြီး ဖတ်တဲ့ စာအုပ်တွေ ကွဲပြားကြပါတယ်။ ဖတ်တဲ့ စာအုပ်တွေ အပေါ် မူတည်ပြီး ရရှိတဲ့ အတွေးအခေါ် တွေနဲ့ အယူအဆပိုင်းတွေပါ ကွဲပြားတတ်ကြ ပါတယ်။ ဒါကြောင့် ဆွေးနွေး ပြောဆိုခြင်းဟာ မတူညီတဲ့ အတွေးအခေါ် တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှု တစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကြီး နှစ်ခုကတော့ လှပတဲ့ အတွေးအခေါ် အချိတ် အဆက်နဲ့ ကြီးမားကွဲပြားတဲ့ အတွေးအခေါ် အကွာအဟတို့ပဲ ဖြစ်ပါတယ်။ အဓိက သိထားရမှာကတော့ အယူမှား၊ အစွဲမှား တွေကို စာဖတ်ပြီး ဆွေးနွေးခြင်းနဲ့သာ ချေ ဖျက်နိုင်တယ် ဆိုတာကိုပါ။ ဒါပေမဲ့ စာဖတ် ခြင်းကနေပဲ အယူမှား၊ အစွဲမှားတွေကို ရရှိ နိုင်တာကိုလည်း မေ့မထားပါနဲ့ဦးနော် - အဆွေ။

(၅) အကြောင်းအရာ ကောင်းတွေကို သင်ပြလမ်းညွှန်ပေးပါ။
အဆွေ ဖတ်မှတ်ထားတဲ့ စာအုပ်ထဲက ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အဆွေ့လို စာ မဖတ်နိုင်တဲ့ သူတွေဆီ ရောက်အောင် သင်ပြ လမ်းညွှန်ပေးသင့် ပါတယ်။ ဒီအတွက် အဆွေက စာသင်ကြားပေးဖူးတဲ့ ဆရာ တစ်ယောက်ယောက် ဖြစ်ဖို့ မလိုပါ ဘူး။ အဲဒီလို သင်ပြ လမ်းညွှန် လုပ်ပေးနိုင်တဲ့ အခွင့်အရေး တစ်ခုခု ရရှိလာရင်သာ လက် မလွှတ်ပစ်ဘဲ အဆွေ ကိုယ်တိုင် ကောက်သင်းကောက်လိုက်စုခဲ့ရတဲ့ သညာအသိ တွေကို ဖြန့်ဝေပေးပါ။ အဲဒီလို အခွင့်အရေး ကို အဆွေကိုယ်တိုင် ဖန်တီးယူလို့လည်း ရပါတယ်။ အလုပ်ခွင်မှာ အဆွေက ဦးဆောင်ပြီး စာပေဆွေးနွေးပွဲလေး လုပ်ပါ။ ရပ်ကွက် စာကြည့်တိုက်မှာ စာပေဆွေးနွေးပွဲ လေးလုပ်ပါ။ ဒီကိစ္စက စာဖတ်သမားတိုင်းနဲ့ တော့ မလိုက်ဖက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခု ကို ရွေးပြီး တခြားသူတွေကို သင်ပြပေးဖို့ အတွက် စာပေဆွေးနွေးပွဲတစ်ခု လုပ်တာဟာ အဆွေက အဲဒီအကြောင်းကို ဘယ်လောက် ကျေကျေညက်ညက် သိထားတယ် ဆိုတာကို ပြသရာရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

(၆) ဝါကျဖွဲ့စည်းပုံတွေကို ဂရုတစိုက်ဖတ်ပါ။
စာရေးဆရာက သူပေးချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို သူကျွမ်းကျင်တဲ့ ဝါကျ တည်ဆောက်ပုံ သဏ္ဌာန် အတိုင်း ရေးသား ထားမှာပါ။ ဒါကြောင့် စာရေး ဆရာတွေဆီကနေ အချက်အလက် ချိတ်ဆက်ပုံတွေကို ရယူနိုင် ပါတယ်။ အဆွေ့ရဲ့ မှတ်ဉာဏ် အတွက် အထောက်အကူဖြစ်မှာပါ။

(၇) Google မှာ ရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။
ဒီနေ့ခေတ်မှာ စာရေးဆရာတွေ အကြောင်းကို Website တွေမှာ ရှာဖွေ လေ့လာဖို့ဆိုတာ လွယ်မှလွယ်ပါပဲ။ ပုံနှိပ် ထုတ်ဝေပြီးသမျှ စာအုပ်တွေကိုလည်း e-book အဖြစ် ရှာဖို့ လွယ်ပါတယ်။ စာရေး ဆရာရဲ့ ကိုယ်ပိုင် Website မှာလည်း သူနဲ့ စကားပြောဆိုနိုင်ခွင့်ကို အဆွေ ရရှိနိုင်ပါ သေးတယ်။ ဝါသနာတူ မိတ်ဆွေတွေနဲ့လည်း အဲဒီ Website တွေမှာ ဆုံစည်းဆွေးနွေး နိုင်တယ်နော်။ Google ကို အသုံးချဖို့ မမေ့ပါနဲ့။

(၈) စာဖတ်ဖို့အတွက် အချိန်ယူပါ။ စာမြန်မြန် ဖတ်ချင်တဲ့သူဟာ စာမြန်မြန်ဖတ်လို့ ရကိုရတယ်။
ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ "စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းတွေ" ကို လူကြိုက်များလာကြ တာပေါ့။ ဒါပေမဲ့ စာဖတ်တာ မြန်လွန်းလို့ အသိသညာတွေကို သူများထက်ပိုပြီး မြန်မြန်ရရှိနေတဲ့ သူတွေကိုတော့ အဆွေ တွေ့ဖူးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်တာတို့၊ စာပေလေ့လာတာ တို့ဟာ ထိုက်သင့်တဲ့အချိန် ယူကိုယူရပါ တယ်။ စာဖတ်တာ၊ စာပေလေ့လာတာနဲ့ တစ်ဆက်တည်း တွဲနေလေ့ရှိတာက “ပြန် လှန်တွေးခေါ် စဉ်းစားခြင်း” ပါ။ မိနစ် ၂၀ စာဖတ်မယ့်အစား ၁၅ မိနစ်သာ စာဖတ်ပြီး ငါးမိနစ်ကို “ပြန်လှန်တွေးခေါ် စဉ်းစားခြင်း” ပြုပါ။ ဒါမှမဟုတ်ရင်လည်း အခန်းတစ်ခန်း ပြီးတိုင်း ပြန်လှန်တွေးခေါ် စဉ်းစားကျင့်ကို ပြုပါ။ စာဖတ်တာဟာ