Get Mystery Box with random crypto!

RFM သတင်းဌာနက မကေခိုင်ဖြိုးက ဦးဆက်လွင်မိုးနဲ့တွေ့ဆုံမေးမြန်းထာ | RFM (Radio Free Myanmar)

RFM သတင်းဌာနက မကေခိုင်ဖြိုးက ဦးဆက်လွင်မိုးနဲ့တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးပါ။
မေး = ဘဘ မင်္ဂလာပါရှင့်
ဖြေ = အေး ၊ မင်္ဂလာပါကွာ၊


မေး = အခုတလော အဖွဲ့တွေက တပ်မတော်က တပ်သားတွေအရာရှိတွေ သူတို့ဖက်ကို ဖက်ပြောင်းလာရင် ဆုကြေးတွေ ပေးမယ်၊ သြစတြေးလျ နိုင်ငံက လက်ခံမယ် စတဲ့စည်းရုူံးမှု့တွေနဲ့ ပြောနေတာတွေ တွေ့ရ တယ်အဘ၊ အဘအမြင်လေးပြောပြပါရှင့်။
ဖြေ = တကယ်က သမီးမေးတဲ့မေးခွန်းက ဖြေစရာမလိုတဲ့ မေးခွန်းပါဘဲ။ ဒါပေမယ့် နားလည်အောင်တော့ပြောပြမယ်။ ဒီလိုတွေလုပ်နေကြတာ ပြောနေကြတာတွေက တပ်မတော်ပြိုကွဲလေမလားဆိုတဲ့ စိတ်ရူးနဲ့ အရှက်သိက္ခာမဲ့ ပြောနေကြတာပါ။သူတို့က တပ်မတော်ကို ရန်သူလို မြင်နေတဲ့ကောင်တွေပါ။

မေး =ဒါဆိုရင် သူတို့ပြောတာတွေက တပ်မတော်ပြိုကွဲဖို့ ရည်ရွယ်တာပေါ့ အဘ
ဖြေ = ဒါဘဲပေါ့ကွ။ ဒါတွေဟာ ငွေတတ်နိုင်တဲ့ အနောက်နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေအပေါ် ဆော်ကားနေကျ ပုံစံတွေပါ။ဒီလို ငွေနဲ့မျှားနေတာကို စော်ကားတယ်လို့ မမြင်ကြရင်တော့ တနေ့ ဒါထက်ဆိုးတဲ့စော်ကားမှု့ တွေထပ်လုပ်လာကြဦးမှာဘဲ။

မေး = အခုတလောNUG ဖက်ကရေးနေကြတာတွေက ဃြီ လုပ်လာတဲ့ တပ်ကအရာရှိ တွေကို ဆုကြေးငွေထောက်ပံ့ပြီး ဘယ်နိုင်ငံကိုပို့မယ် ဘာ ညာဆိုပြီးပြော နေကြတယ်။ တချို့လည်းဓါတ်ပုံတွေတောင်ရိုက်ပြပါ တယ် အဘ။
ဖြေ = လိမ်နည်းညာနည်းတွေပါ။ ဒီကောင်တွေတောင် ငွေမရှိလို့ သူတို့အ ကြမ်း ဖက်အဖွဲ့တွေတောင် မထောက်ပံ့နိုင်တာ မင်းတို့လူငယ် သတင်း သမားတွေမြင်မှာဘဲ။ ဒါကြောင့် လက်နက်ကိုင်ပြီး ပြည်သူကို ဒလံနာ မည်တပ် မိသားစုလိုက်သတ်ဖြတ်ပြီး ရှိသမျှ အကုန်လုယက်နေကြ တာ နေ့တိုင်းနီးပါဘဲ။ ဒီလိုကောင်တွေက ငွေထောက်ပံ့မယ်ဆိုတာ ဘီလူးက အသားလှူပါတယ်ပြောရင် ယုတ္တိ ရှိဦးမယ်ကွ။ အမှန်ပြောရရင် အဘတို့ လည်း ဒီကောင်တွေ ရဲ့ ဒီမိုကရေစီဆိုတာကြီးက အစကတော့ ဟုတ်တန် ကောင်းရဲ့လို့တွေး မိခဲ့သေးတယ်။ တို့တတွေလည်း လူထုဆန္ဒအလေး ထားတဲ့စိတ်တွေရှိကြ တာဘဲ။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီကောင် တွေရဲ့ ဒီမိုကရေစီ ဆိုတာ မျက်နှာဖုံးကွာကျပြီး ဘီလူးစစ်စစ် ဆိုတာပေါ်တော့တာဘဲ။ ဒီ တော့ ကိုယ့်ကိုယ်ကိုတောင် ကျေးဇူးတင်ရ တယ်။ ငါတို့ အလိမ်မခံရတာနိုင်ငံချစ်စိတ်ကြောင့်ဆိုတာ ပိုပြီးသဘော ပေါက်လာတယ်။

မေး = ၂၀၂၀ ရွေးကောက်ပွဲမှာ အဘရဲ့ အတွေ့အကြုံလေးပြောပြလို့ရရင် ပြောပြပါရှင့်
ဖြေ = ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့က တပ်မဲရုံတွေကို အပြင်ထုတ်တယ်ကွ။ ရှေတန်းစစ်မျက်နှာက တပ်မဲရုံတွေတော့ မပါဘူးပေါ့ကွာ။တပ်မိသားစု တွေမဲပေးတဲ့ မဲရုံတွေ နားမှာ ဒီကောင်တွေ အများကြီးလာဝန်းရံ ကြတာ တွေ့ခဲ့ရတယ်။ ဒို့အနေနဲ့ ဘာမှတော့ပြောစရာမလိုဘူး။ သူ့စည်းကမ်း ဘောင်ထဲကဘဲသွား။ဒါပေမယ့် အချိုးမပြေတာတွေကတော့ အတော်ကို တွေ့ခဲ့ရတယ်။

မေး = ဘယ်လိုတွေတွေ့ခဲ့ရတာလဲအဘ။ပြောပြလို့ရရင်ပြောပြပါ။
ဖြေ = (၂) ချက်ပဲပြောပြမယ်။ ပထမအချက်က မဲရုံရဲ့သတ်မှတ်ဧရိယာကိုကျော် ပြီး မဲပေးတဲ့နေ့မှာ တပ်မိသားစုတွေကို မဲဆွယ်တယ်ကွ။ ဒုတိယက တပ်မိ သားစုတချို့ရဲ့ မဲစာရင်းကို ဖျောက်ပြစ်ကြတယ်။ နောက်တန်းမှာ ရှိနေတဲ့ တပ်မတော်သားတွေကို မဲစာရင်းကို တပ်မတော်သားတွေ၊မိသား စု တွေက မဲမပေးရသေးဘူး။ ခများက ပေးပြီးသားလေ။ ဒီမှာ မှင်နီခြစ် ထားတယ်။ပေးလို့မရတော့ဘူးဆိုပြီး မဲရုံဝန်ထမ်းနဲ့ ပေါင်းပြီး တပ်မ တော်သားတွေရဲ့ ပေးရမယ့်မဲကို ကြိုတင်ပိတ်ပြစ်တာ။အများကြီးပါဘဲ။ ဒို့က အကုန်မှတ်တမ်းထားတယ်။ မဲရုံမှူး ဘယ်သူက ပြောတယ်၊မဲမပေး ရသေးတာကို ပေးပြီးသားပြောတယ် စသဖြင့်ပေါ့ကွာ။ အခုတောထဲပြေး ကြတဲ့ကောင်တွေထဲမှာ အဲဒီလိုပြစ်မှု့ကျူးလွန်ခဲ့တဲ့ကောင်တွေအများ ကြီး ပါနေတယ်။သူတို့အပြစ်သူတို့သိလို့ပြေးကြတယ်ဆိုတာထက် ြီူ ကကောင်တွေက သူတို့ကို အကြိမ်ကြိမ်အသုံးချတာကို နားမလည်ကြဘူး လေ။ မဲရုံကိစ္စအသုံးချတယ်။ တောထဲမပြေးရင်ဘဲအဖမ်းခံရတော့မလိုလို လိမ်ပြီး သေရွာအပါခေါ်ကြတယ်။

မေး =ဟုတ်ကဲ့ပါအဘရှင့်။ နောက်တစ်ခု သမီးသိချင်တာကလေ တပ်မတော်က ပြောတယ်၊ မဲစာရင်းဖောင်းပွတာတွေကအများကြီးတဲ့။ အဘအဲဒီကိစ္စကို ရောသိသလားရှင့်။
ဖြေ = သိတယ်ဆိုတာထက် ဒို့က ကိုယ်တိုင် ပုံစံ (၁)၊ ပုံစံ(၁၆)၊ပုံစံ(၁၉)စတာ တွေနဲ့ သေခြာ ကိုယ့်နယ်အလိုက် စနစ်တကျစစ်ရတာကွ။ အဆိုးဆုံးနဲ့ အယုတ်မာဆုံးက ြီူNLD ကခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပေးပိုင်ခွင့် ရှိသူ စာရင်းကို (၃)ကြိမ်တိတိထုတ်ပြန်တယ်ပြောတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် မတူဘူး။ တတိယအကြိမ်ဆိုတာလည်း ထုတ်သတဲ့။ ဒါပေမယ့် အဲဒီမဲစာရင်းကို ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ ပါတီမပြောနဲ့ အမတ်လောင်းတွေတောင်မရကြဘူး။

မေး = ဘာလို့အဲ့လိုလုပ်တာလဲအဘ အမြင်ပြောပြပါရှင့်
ဖြေ = မဲပေးပိုင်ခွင့်ရှိသူစာရင်းနဲ့ မဲရလာဒ်ကွာနေတယ်လို့ စောဒကတက်လာ ရင် (ခများတို့က ဘယ်အကြိမ်ထုတ်တဲ့မဲစာရင်းနဲ့စစ်တာလဲ)မေးပြီး ကန့်ကွက်ရမယ့်အချိန်ကိုအလကားကုန်အောင်လုပ်ဖို့ရည်ရွယ်တယ်လို့ မြင်တယ်။ ဒုတိယအကြမ်မဲစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာပါလို့ဆိုရင် တတိယအကြိမ်မဲစာရင်းကမှ အတည်ပါဆိုပြီး လိမ်ဖို့ ဆင်ထားတာ။