Get Mystery Box with random crypto!

မေး = သြော်၊ဟုတ်အဘ၊ အဘတို့မဲစာရင်းစစ်တော့ရော ဘာတွေထူးထူးခြား ခ | RFM (Radio Free Myanmar)

မေး = သြော်၊ဟုတ်အဘ၊ အဘတို့မဲစာရင်းစစ်တော့ရော ဘာတွေထူးထူးခြား ခြားတွေ့ခဲ့လဲရှင့်
ဖြေ =မှတ်ပုံတင်မရှိတဲ့လူတွေ မဲပေးထားတာအများကြီးတွေ့ရသလို၊ မဲစာရင်း ထဲပါတဲ့လူတွေဟာ မှတ်ပုံတင်တွေ အဖေနာမည်တွေ၊လူနာမည်တွေတူနေ တာတွေလည်းတွေ့ရတယ်။ဒါတွေကိုထုတ်ပြန်ပြီးသားပါ။ မထုတ်ပြန် သေး တဲ့ အခြားတွေ့ရှိမှု့တွေကလည်းအများကြီးဘဲကွ။

မေး = အဲဒီတော့ ဘဘရှင့် အစက အကြောင်းပြန်ကောက်ရရင် CDM လုပ်တဲ့ တပ်က အရာရှိတွေကိုတကယ်ဘဲနိုင်ငံခြားကိုပို့ပေးမှာလားသိချင်ပါတယ်
ဖြေ = လက်တွေ့ကျကျလေးဘဲ စဉ်းစားကြည့်။ တပ်မတော်နဲ့ပက်သက်တဲ့သူ မှန်သမျှကို ရန်သူလိုသဘောထားတဲ့သူတွေက နိုင်ငံခြားကို ပို့ပေးမ လား။ အခုလက်ရှိ နိုင်ငံခြားမှာ ခိုလှုံခွင့်ရဖို့ ယိုးဒယားဖက်မှာ ပြေးနေတဲ့ကောင်တွေလည်းအများကြီးဘဲ။ သူတို့ကိုတောင်မခေါ်ဘဲ စစ်သားတွေကိုခေါ်မယ်ဆိုတော့ ဦးနှောက်ပါမှ စဉ်းစားတတ်မှာပေါ့ကွ။

မေး =အခုတချို့ တပ်ကထွက်ပြေးလာတယ်ဆိုတဲ့သူတွေရှိတယ်ပြောတယ် အဘ။
ဖြေ =လူဆိုတာကတော့ သူ့အကြောင်းနဲ့သူ အမျိုးမျိုးရှိကြတာပေါ့ကွာ။သူတို့ ဘာလို့ထွက်ပြေးလဲဆိုတဲ့အချက်တွေထဲမှာ တပ်စည်းကမ်းအရ အရေးယူ ခံရမှာကြောက်လို့ပြေးကြတဲ့ကောင်တွေကြီးဘဲ။တချို့အချက်တွေကို တော့မပြောသင့်လို့မပြောတော့ပါဘူး။ ဒီလောက်သိထားရင်ရဘီ

မေး =အခုလက်ရှိ သူတို့ရဲ့အခြေအနေတွေက ဘယ်လိုရှိလဲအဘ
ဖြေ = မကောင်းဘူး။ သူတို့ဆီက သတင်းတွေရနိုင်သမျှ ချော့ယူမယ်။ နောက် ဆုံးသတ်ပြစ်ခံကြရမှာဘဲ။ ဒါဟာထင်ကြေးပြောတာမဟုတ်ဘူး။ လက်ရှိ တောင် NLD အစိုးရဝန်ကြီးအဖွဲ့တွေရယ်။ အမတ်ဆိုသူတွေရယ်။NLD ပါတီဝင်ရယ်။ NLD ပါတီအမာခံဆိုတဲ့သူတွေကလက်ရှိအကြမ်းဖက်အဖွဲ့ တွေထဲမှာ ဘိုတွေဘဲ။ ဒီကောင်တွေရဲကဆုံးဖြတ်ချက်ကအဓိကဘဲ။CDM လုပ်လာတဲ့ဝန်ထမ်းအများစုလည်း အကြောင်းမျိုးစုံပြပြီးအသတ်ခံ ပြီး ကြပြီ။ကျောင်းသားလေးတွေလည်းအချင်းချင်းသတ်နေကြတာနေတိုင်း ထောက်လှမ်းရေးသတင်းက ဝင်နေတာ။ CDM ရဲအများစုကတော့ အကုန်နီးပါးကို သတ်ပြစ်ထားကြတာ။တပ်မတော်သားတွေဆိုရင်တော့ စဉ်းစားကြည့်ပေါ့ကွာ။

မေး =ဒါဆိုရင် ဘဘပြောလိုတာက တပ်မတော်ကိုပြိုကွဲဖို့သက်သက်နဲ့ သူတို့ က ဝါဒဖြန့်လိမ်ညာတယ်ဆိုတာလားရှင့်
ဖြေ = မှန်တာထက်ပိုတယ်။ ဒီကောင်တွေဟာ သာမန်လူမစဉ်းစားနိုင်တဲ့ယုတ် မာ ကောက်ကျစ်တဲ့စိတ်ထားတွေ အစကထဲကရှိနေတယ်ဆိုတာမသိကြလို့ လူတချို့ကအဟုတ်ထင်နေကြတာ။ သူတို့ဒီလိုလုပ်လို့ တပ်မတော်ကပြို ကွဲမယ်ထင်နေလောက်အောင်ထိ စိတ်ရောဂါစွဲနေတဲ့ကောင်တွေပါ။ ဒါထက်ဘာမှ မပိုဘူး။

မေး = အခုလိုဖြေကြားပေးလို့ကျေးဇူးပါရှင့်ဘဘ
ဖြေ =အေး၊ရတယ်။


RFM သတင်းဌာနရဲ့ website
https://radiofreemyanmar.com/category/all-newshttps://radiofreemyanmar.com/category/all-news//

မကေခိုင်ဖြိုးရဲ့ တွစ်တာအကောင့်ပါ
https://twitter.com/KayKhaingPhyo02/status/1514987768925073408?t=unzVwlXvLNnKE_vyXgri0g&s=19

Share this: https://radiofreemyanmar.com/%e1%80%a6%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7%e1%80%81%e1%80%8f%e1%80%90%e1%80%ac/