Get Mystery Box with random crypto!

Opposite Eye ✍

Logo of telegram channel tatmataw — Opposite Eye ✍ O
Logo of telegram channel tatmataw — Opposite Eye ✍
Channel address: @tatmataw
Categories: Telegram
Language: English
Subscribers: 720

Ratings & Reviews

4.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

0

2 stars

0

1 stars

0


The latest Messages 3

2022-03-25 08:54:56 The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 29 days, that account will self-destruct and this channel may no longer have an owner.
05:54
Open / Comment
2021-07-21 09:05:50 သူ့နာမည်က “ ဘိုတောက် ”တ့ဲ စစ်သားဆိုတော့
စိတ်ဓါတ်ကသိပ်မာတာ တော်ယုံ ပိုက်ဆံပေးရင်
မယူဘူး စံပယ်ကုံးလေး (၁၀)ကုံး ပြန် ပြန်ပေးတယ်

“ စစ်သားချင်းမို့ ပါလာတဲ့ ပိုက်ဆံ (၂)သောင်းကို
ကားမှန်တံခါးကိုချပြီး အတင်းလှမ်းပေးလိုက်တော့ ”

ဘိုတောက် တယောက် လက်ထဲက ဂျိုင်းထောက်ကို
အောက်ကိုပစ်ချလိုက်တယ် စံပယ်ပန်းကုန်း (၁၀)ကုံးကို
ကားထဲ လှမ်းပေးတယ် လက်တဖက်က ကားအမိုးလှမ်း
ကိုင်ပြီး ကျန်တဖက်နဲ့ အလေးပြုရှာတယ် ပြီးတော့

“ ဗိုလ်ကြီး ၊ ကျုပ် ဘဝ မှာ ဒါ သူများဆီက ပထမဆုံးအလကားယူလိုက်ရတဲ့ ပိုက်ဆံပဲတဲ့ ”

စစ်သားတယောက်ရဲ့ သိက္ခာကတော့ လက်ဖျားခါတယ် တစက်ကလေးမှကို ကျမသွားဘူး ဂုဏ်သိပ်မာတယ်

သူနဲ့ကျနော် ဒီသမိုင်းလမ်းဆုံနားမှာ ဆုံတာ ကြာပါပြီ
ပထမသတိမထားခဲ့ပေမယ့် နောက်တော့ ယူနီဖောင်း
ဝတ်ထားတဲ့ ကျနော့်ကို သူစအလေးပြုခဲ့တာကနေစပြီး
သူစစ်သားမှန်း ကျနော်သိခဲ့ရတာ သူက အဲ့ဒီနားမှာ
စံပယ်ပန်းကုန်းလေးတွေ လာလာရောင်းတယ် နောက်ပိုင်း ခနခန ဆုံနေတာနဲ့ သူ့ ‌ေြခထောက် အကြောင်း ကျနော်မေးကြည့်တော့

“ ဒါ တိုက်ပွဲမှာ ပျော်ပျော်ကြီး ပေးဆပ်ခ့ဲတာဗျတဲ့ ”

သူ့သိပ်ချစ်တဲ့ စစ်သားဘဝမှာ သူပိုင်ဆိုင်တဲ့
ခြေထောက်တဖက်ကိုတောင် ပျော်ပျော်ကြီး ပေးဆပ်ပြီး
စံပယ်ပန်းကုန်း ရောင်းစားနေတဲ့ စစ်သားလူထွက်ကြီးကို
ကျနော် အံ့ဩမင်သက်နေမိတယ် ကျနော် စစ်သားဘဝ
(၁၀)နှစ်တာအတွင်းမှာ ဒါပထမဆုံး ကိုယ်တွေ့ ကြားခ့ဲ
ရတဲ့ စစ်သား စကားပါပဲ သိပ်နားထောင်လို့ကောင်းတယ်
ရဲရင့်တယ် ပြတ်သားတယ် ထိရှတယ် ကြေကွဲရတယ်

အဲ့ဒီအချိန်မှာပဲ မိုးတွေက တဖျောက်ဖျောက် ရွာနေတာနဲ့ သူပေးတဲ့ စံပယ်ပန်းကုံးလေးကို ကျနော် ကားထဲမှာ ချိတ်ဆွဲပြီး ကျနော်တို့ ပြန်ဆုံမယ် ဆိုတဲ့ အကြောင်းလေး
ပြောရင်းအဲ့ဒီက‌နေ ကျနော်ကားမောင်းထွက်လာခဲ့တယ်

နောက် (၁)လလောက် ကြာသွားတဲ့ အချိန်မှာ မင်္ဂလာဒုံ
စစ‌်ဆေးရုံကြီးထဲမှာ သူနဲ့ ကျနော် မထင်မှတ်ပဲ ပြန်တွေ့
ကြပါတယ် ပြန်တွေ့တော့မှ သူရဲ့ ‌ေြခထောက်အကြောင်းကို ကျနော် သေချာမေးဖြစ်ခဲ့တော့တယ်

ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးနေပြီး
ကျန်းမာရေးမကောင်းတဲ့ စစ်သားလူထွက်ကြီးက
သူ့ခြေထောက်ပြတ်ခဲ့တဲ့ အကြောင်းကို အားရပါးရ
ပြောပြခ့ဲရှာတယ် “ ဂုဏ်သိက္ခာ ” ဆိုတာ ဒါများလားပဲ

“ ဒီလိုဗိုလ်ကြီးရ ၊ တိုတိုတုတ်တုတ်ပဲ ပြောတော့မယ်
စစ်သားစကား အပိုအလိုမပါဘူး ချစ်ရင်ချစ်တယ်
မုန်းရင်မုန်းတယ် မှန်ရင်မှန်တယ် မှားရင်မှားတယ်
တိုတိုတုတ်တုတ်ပဲ စကား ဖောင်ဖွဲ့မပြောကြဘူး ဟဲဟဲ ”

“ ပြန်ဆက်ရရင် ရှမ်းပြည် မြောက်ပိုင်း
လောက်ကိုင်မြို့ရဲ့ ရှောက်လူချန်း၊ ရှီကော်လင်၊
ရှီတုန့်ရွှေနှင့် ရှီရူရာခုတ် ကျေးရွာ‌ေတွ အနားက
MNDAA တပ်‌ေတွချထားတဲ့နေရာ ၃ ခု ဝင်ထိုးစစ်ဆင်ခ့ဲ
တုန်းက ပြတ်ခဲ့တာ ”

“ တိုက်ပွဲက ပြင်းထန်တယ် မနက်(၉)နာရီကနေ
မြေပြင်စစ်ကြောင်းတွေနဲ့ ဝင်တိုက်တာ
နောက်တနေ့ မနက် ၁ နာရီလောက်္မှသိမ်းမိတယ် ”

“ အဲ့တိုက်ပွဲမှာ ကျနော် ဗုံးစထိမှန် ပြီး ခြေထောက်
တဖက်ဖြတ်ခဲ့ရတာပဲ ပြတ်သွားတဲ့ ‌ေြခထောက်
တန်းလန်းနဲ့‌ေတာင် ကျနော် ကိုင်ထားတဲ့ သေနတ်က
လွတ်မကျဘူးနော် ကျည်ထွက်နေဆဲပဲ ကျနော်
နာရကောင်းမှန်းမသိဘူး ပြတ်သွားမှန်းလည်း
သတိမထားမိဘူး

ကျနော်မျက်လုံးထဲမှာ တပ်ကြပ်ကြီး
ဆရာအောင်မိုးနဲ့ တိုက်ဖော်တိုက်ဖက်တွေရဲ့
သွေးသံတရဲရဲ နဲ့ ကျဆုံးသွားတဲ့မြင်ကွင်းတွေပဲ
မြင်နေတယ် ကျနော့်ကို လာကူထုတ်ပေးတဲ့
သူကိုတောင် ကျနော်က #ငါဘာမှမဖြစ်ဘူး ရတယ်လို့
ပြန်ပြောခဲ့တာ အဲ့ဒီလောက် စိတ်က ပြင်းထန်မာကျော
နေတာ ဗိုလ်ကြီးတော့ အဲ့လိုတိုက်ပွဲမျိုး ကြုံဖူးလား
မကြုံဖူးလားမသိပေမယ့် ကြုံဖူးတဲ့အခါ ဗိုလ်ကြီးလည်း သေရကောင်းမှန်းသိမှာမဟုတ်တော့ပါဘူးတဲ့ ”

ကျနော့် မျက်ရည်တွေ အလိုလိုထွက်ကျလာတယ်

ကျနော် ကြုံဖူးတယ် ကျနော် ကြုံခဲ့ဖူးပါတယ်

မတက်နဲ့ဦး ဗိုလ်ကြီးလို့ အတန်တန်မှာနေရဲ့
သားနဲ့ ကျသွားတဲ့ ရဲဘော် စိုးသူ ကို
ကတုတ်ကျင်းပေါ် တက်ဆွဲမိခဲ့တဲ့အမှား

ဆရာကြီး စိန်မောင် ဟာ ကျနော့်အတွက်နဲ့
နောက်ဆုံးထွက်သက္မှာ တောင် ဗိုလ်ကြီး
အဆင်ပြေလားလို့ မေးသွားရှာခ့ဲတယ်

ဒီကနေ့ အထိလည်း ကျနော့် အိမ်က်ထဲတောင်
သူလာလာပြီး မေးနေဆဲပဲ “ ဗိုလ်ကြီး ”
ဘာဖြစ်သွားသေးလည်းတဲ့ ကျနော် ငိုနေရတုန်းပဲ

ဘယ်သူက ထင်ကြမှာလည်း

#စစ်သား‌ေတွကမငိုတတ်ဘူးလို့

#စီနီယာ
9.6K views06:05
Open / Comment