Get Mystery Box with random crypto!

သတင်း (ခ) သာဒင်

Channel address: @thadin
Categories: Uncategorized
Language: English
Subscribers: 34.53K
Description from channel

သတင်း (ခ) သာဒင် မှာ ရေဒီယိုနားထောင် သတင်းတွေဖတ်ရင်း ခေါင်မိုးပြင်ဖို့ ပါဝင်ပေးကြပါ။ ရရှိလာတာတွေကို ခေါင်မိုးပြင်နေသော လူမှုရေးအသင်းများအား ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

Ratings & Reviews

1.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

2


The latest Messages 3

2024-05-09 09:18:27
လက်မှတ် ၂ မျိုး လေလံထဲမှာထပ်တိုးပါတယ်ခင်ဗျာ

အဆင်ပြေမယ်ဆိုရင် ဝယ်ပြီးတော့လည်း ကြည့်စေချင်ပါတယ်

နှစ်ပွဲလုံးက ကြည့်ရတာ တကယ်တန်မှာပါခင်ဗျာ

7.8K views06:18
Open / Comment
2024-05-07 09:22:07
နည်းနည်းအရေးကြီးလို့ Facebook မှာ RCS လေးကူပေးပါခင်ဗျာ

ဒီနေ့ version 9.0.0 ထွက်ပါမယ်ခင်ဗျာ

IP စစ်တဲ့ Feature ပါလာမှာပါ
IP အနေအထားကို အရောင်လေးမျိုး ( စိမ်း>ဝါ>လိမ္မော်>နီ )နဲ့ပြထားမှာဖြစ်ပြီးတော့ အနီဆိုရင်တော့ Vပီအန်မှာနေရာပြောင်းတာ၊ Vပီအန်ပြောင်းသုံးတာမျိုးမှ အဆင်ပြေမှာပါ

အနီရောင်ဖြစ်နေလို့ Vပီအန်ပြောင်းပြီးပြီဆို App ကို Background အထိပိတ်ပြီးမှပြန်ဝင်ပါခင်ဗျာ

ဂူဂူက တိုးတိုးပြီးရစ်ရစ်လာလို့ ကင ပြန်အပိတ်မခံရအောင်ပါ။ ဒီ version နဲ့ဆို ငွေရနှုန်းလည်း ပိုတိုးလာမယ်ထင်ပါတယ်

ဒီversion အဆင်ပြေပြီဆို လိုအပ်သူတွေကို ပရီမီယမ် Vပီအန်တွေ တတ်နိုင်သလောက်စီစဉ်ပါ့မယ်

အရင်လို လစဉ်ထောင်ချီပို့နိုင်ဖို့ ကြိုးစားကြပါစို့ခင်ဗျာ

9.6K views06:22
Open / Comment
2024-04-30 16:24:49 App ထဲမတင်ပေးနိုင်သေးလို့ လင့်လေးလာပို့တာပါ
၃/၄ ရက်လောက်ဆက်ပျောက်ပါရစေဦး

https://www.facebook.com/share/p/1MoS6qPkL15pkoaR/?mibextid=WC7FNe
12.8K views13:24
Open / Comment
2024-04-11 05:37:16 စစ်ကိုခေါ်လို့စစ်လာတယ်
စစ်လာရင် စစ်တပ်ကပြေးတယ်
မအလ စစ်တပ်

အခုအချိန်မှာ မအလ က နယ်မြေထက် သူ့ရဲ့ ရှိစုမဲ့စု အင်အားကို ပိုတန်ဖိုးထားနေရပါပြီ

အဲ့တာကြောင့် ပြေးပေါက်ပေးရင်ပြေးမယ်
သူထိန်းချုပ်ထားတဲ့ဒေသတွေက ပြေးရကောင်းမှန်းမသိ ချီတုံချတုံဖြစ်နေတဲ့သူတွေနဲ့ အဲ့လူတွေရဲ့တူ၊သားတွေကို ဖမ်းခေါ် အင်အားစုမယ်
တလရအင်အားစုဖက်က အရှိန်ကျရင် ပြန်ထိုးစစ်ဆင်မယ်ပေါ့

အရင်အခြေအနေ လန ခဲယမ်း မပြည့်စုံရာကနေတောင် မအလကို အခုလို အခြေအနေရောက်အောင် လုပ်နိုင်လာတာအခုလို မအလ က အလှူကြီးတွေပေးထားတာနဲ့ဆိုတော့ တလရ အင်အားစုတွေအတွက် ပိုပြီးတောင့်တင်းလာတာပဲရှိပါတယ်

ဒါပေမယ့် တခုစိုးရိမ်စရာရှိတာက အချိန်ကာလတခုကြာလာတော့ ကိုယ်စိတ်ဝင်စားတာလေးတွေလုပ်ရင်း ပြည်သူတချို့က တလရ နဲ့ တစတစဝေးလာကြတာပါခင်ဗျာ

ပြည်သူရဲ့အားအင်တွေ တလရ က လိုအပ်ပါတယ်

ပြည်သူတွေသာ တော်လှန်နေမယ်ဆို ဘယ်အဖွဲ့အစည်းမှ မခံနိုင်ပါဘူး

အဲ့တာကြောင့်
တလရ ကမ်ပိန်းတွေမှာ ဆက်လက်ပါဝင်ပေးကြပါ
PRF Member ဝင်ပေးကြပါ
တလရ သတင်းတွေနဲ့အဆက်မပြတ်စေဖို့ Tha Din App ကိုသုံးပါခင်ဗျာ

အောင်ပွဲရဲ့အရသာကို နေရာတော်တော်များများမှာ ခံစားနေရပါပြီ

တနိုင်ငံလုံးလွတ်မြောက်ဖို့ အတူရုန်းကြပါစို့
12.6K views02:37
Open / Comment
2024-04-09 05:37:22
မအလ က အရှက်တရားမရှိလို့သာ တော်သေးတယ်
ရှက်တတ်တဲ့ကောင်ဆို အခုလောက်ဆို ကိုယ့်ကိုကိုယ်ဆူဆိုက်သွားတာနဲ့ ပြန်နွှာဖို့ အခွင့်အရေးရမှာမဟုတ်ဘူး

တိုင်းသိပြည်သိ နိုင်ငံတကာသိ အရှက်ကွဲနေတဲ့ကောင် နဲ့ သူ့နောက်လိုက်တွေ
12.6K views02:37
Open / Comment
2024-04-06 11:57:20
ဒီနေ့ သတင်းကောင်းတွေ တော်တော်များ

TD စက်ရုပ် version 8.6.0 မှာ Burmese ဆိုတဲ့ Tab တခုပါလာပြီး နောက်ဆုံးရ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပေးပါ့မယ်ခင်ဗျာ

ဟိုးအစတုန်းကလိုပေါ့ခင်ဗျာ

English အောက်မှာတော့ အင်္ဂလိပ်လိုသတင်းတွေ ဆက်တင်ပြီး ဂူဂူ ဆီက ပိုက်ဆံရဖို့ ကြိုးစားမှာပါ

တလရရဲ့နောက်ဆုံးရသတင်းတွေဖတ်ရင်း English ထဲကိုလည်း အရင်လိုဝင်သုံးပေးပါခင်ဗျာ

တလရ အဆုံးသတ်အောင်ပွဲရဖို့ နီးလာပါပြီ
13.0K views08:57
Open / Comment
2024-04-04 08:38:55
သတင်းကောင်း
12.9K views05:38
Open / Comment
2024-03-29 08:01:04 မအလစစ်တပ်မှာစစ်မှုထမ်းဖို့ပေါ်တာဆွဲတာခံရပြီးရှေ့တန်းမှာအသက်စွန့်သွားရတယ်ဆိုတာ ကိုယ့်အတွက်ရော မိသားစုအတွက်ရော ဂုဏ်ယူစရာဖြစ်နေမှာ မဟုတ်ဘူး ခင်ဗျာ

အရေးအကြီးဆုံးက

ကိုယ်တိုင်လွတ်မြောက်ဖို့ပြေးပါ

မိသားစုဝင်တွေကလည်း ကိုယ်မပြေးချင်တာနဲ့ပဲ ကိုယ့်တူကိုယ်သားတွေကို သေတွင်းမပို့ပါနဲ့ခင်ဗျာ

မအလ စစ်တပ်က စစ်ရှုံးနေတာပါ
စစ်ရှုံးနေလို့ သူ့လူတွေ Tay ကုန်လို့ လူသစ်စုနေတာပါ
လက်တွေ့ကျကျတွေးပြီး အချိန်မဆွဲပဲ လွတ်မြောက်ရာကိုပြေးပါ။
ရဲစွမ်းသတ္တိနဲ့ပြည့်စုံရင် PDF ထဲဝင်ပါ
တလရ မြန်မြန်အောင်ဖို့ အစွမ်းကုန်ပါဝင်ပါ

ဥာဏ်ပညာနဲ့ယှဉ်ပြီး လုပ်သင့်တာကိုလုပ်ရဲပါစေခင်ဗျာ

13.9K viewsedited  05:01
Open / Comment
2024-03-28 05:14:45
နောက်နှစ်ဆို ဒိထက်အကျဉ်းရုံးပြီးလုပ်ရတော့မှာသေချာနေပြီ

မအလ က ဝှီးချဲပေါ်မှာထိုင်ပြီး ခေါစိန်မ က လိုက်တွန်းပေးရမှာ၊ နေရာကတော့ အင်းစိန်ထောင်ထဲမှာပဲဖြစ်မယ်

( ကျနော်တို့လည်း အရှိန်မြှင့်ဖို့အတွက် စီစဉ်စရာလေးတွေလုပ်နေရလို့ ပျောက်နေတာပါ။ App အသစ်တွေထပ်ထွက်လာပါမယ်။ App တခုကို ခဏတဖြုတ်ပဲသုံးပေးဖို့လိုမှာပါ။ TD က အခုအတိုင်း ဆက်ရှိနေပါမယ်။ ပိုက်ဆံရှာဖို့ English သတင်းတွေဆက်ရှိနေမှာဖြစ်သလို တလရ သတင်းတွေချက်ချင်းသိရဖို့ မြန်မာလိုသတင်းတွေကိုပါ update ဖြစ်အောင်တင်ပေးပါမယ်။ ဟိုးအစတုန်းကလိုပေါ့ခင်ဗျာ။ တော်လှန်ရေးမှာစဆုံးတိုင်ပါဝင်ကြရအောင်ခင်ဗျာ။ အောင်ပွဲက လက်တကမ်းအထိရောက်နေပါပြီ။ တောင်ပိုင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်ပွဲကပြီဆို မအလ နိဂုံးချုပ်ပါပြီ။ )

ထီလေလံရရှိထားသူများ App ထဲကနေ contact admin ကိုဆက်သွယ်ပြီး TD ID Number ပို့ထားပေးပါခင်ဗျာ။ ၂ လပိုင်းလကုန်အခေါက်က ဂျပန်ထီရသူတွေ၊ ၃ လ ပိုင်း လဆန်း အခေါက်မှာ ထီလေလံရသူတွေနဲ့ အခုနောက်ဆုံး ၃ လပိုင်းလကုန်အခေါက်ရရှိသူတွေကို ဆက်သွယ်ဖို့ကျန်နေတာပါ။ မမေ့ပါဘူးခင်ဗျာ။ မနက်ဖြန်ကစပြီး အားလုံးကိုဆက်သွယ်ပါ့မယ်။
16.4K views02:14
Open / Comment
2024-03-16 06:09:06 မတရား စစ်မှုထမ်းခိုင်းဖို့အတွက် မဲနှိုက်တယ်၊ ပေါက်တဲ့သူဆီက ပိုက်ဆံတောင်းပြီးလူပြောင်းထည့်တယ် ဆိုတာမျိုးတွေ ကြားနေရတယ်

မအလ အတွက် စစ်မှုထမ်းရမယ်ဆိုတာ သူတို့ပြောသလို ပေါ့ပေါ့ပါးပါးဖြစ်မှာမဟုတ်ပါဘူး
စစချင်းမှာ အချိုသတ်တာမျိုးရှိကောင်းရှိနိုင်ပေမယ့် သူစစ်ရှုံးနေလို့ မတရား စစ်မှုထမ်းခိုင်းတဲ့ မအလ ဆီကနေ ရှေ့တန်းမပို့ဘူးဆိုတဲ့ကတိမျိုးက ဘယ်လောက်စိတ်ချရမယ်ထင်လဲခင်ဗျာ

မဲပေါက်တယ်ဆို သိပ်စဉ်းစားမနေပဲ ပြေးပါခင်ဗျာ မအလတပ်ထဲရောက်သွားတာက အပြင်မှာ အခက်အခဲတွေ ကြုံတာထက် အများကြီးပိုဆိုးမှာပါ။

အခုတခေါက်မှာ ကိုယ်မပါသေးရင်တောင် နောက်တခေါက်မခေါ်ခင် မအလ လက်က လွတ်မြောက်နိုင်အောင်လုပ်ပါခင်ဗျာ

မအလ က မလုပ်ရဲတာဘာမှမရှိပါဘူး
သူလွတ်မြောက်နိုင်ဖို့ဆို အားလုံးကို ဒုက္ခပေးရဲပါတယ်
12.8K viewsedited  03:09
Open / Comment