Get Mystery Box with random crypto!

သတင်း (ခ) သာဒင်

Channel address: @thadin
Categories: Uncategorized
Language: English
Subscribers: 34.53K
Description from channel

သတင်း (ခ) သာဒင် မှာ ရေဒီယိုနားထောင် သတင်းတွေဖတ်ရင်း ခေါင်မိုးပြင်ဖို့ ပါဝင်ပေးကြပါ။ ရရှိလာတာတွေကို ခေါင်မိုးပြင်နေသော လူမှုရေးအသင်းများအား ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

Ratings & Reviews

1.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

2


The latest Messages 8

2023-11-01 09:39:24
12.9K views06:39
Open / Comment
2023-10-31 14:54:33
ငါတို့အလှည့်လာပြီ
13.8K views11:54
Open / Comment
2023-10-30 08:07:49
ပြေးနိုင်မှ လွတ်မယ်

သေရဲတဲ့ကောင်တွေထွက်ခဲ့ဆိုပြီး ဟောင်ဖွာ ဟောင်ဖွာလုပ်ခဲ့တဲ့ ဂေါင်းကြီးတို့ခမျာ သေရဲတဲ့ကောင်နေခဲ့ ဆိုတဲ့ဘွကို ရက်တစ်ထောင်အတွင်း ပြောင်းလဲသွားပြီ

တလရဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်
တလရအောင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်
13.2K views05:07
Open / Comment
2023-10-24 04:30:17
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ…ဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ။ ။

ဗန်းမော်တင်အောင်


အစွမ်းကုန် သယ်ပိုးထမ်းရွက်ကြပါစို့ခင်ဗျာ
12.8K views01:30
Open / Comment
2023-10-21 09:08:11

အောင်ဂျာစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲလက်နက်မျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိဟု ကချင်စစ်ရေး သတင်းရင်းမြစ်ပြော

-“အရှင် ၃ယောက်ဖမ်းမိတယ်။ အယောက် ၅၀ လောက် သေမယ်ထင်တယ်။ စာရင်းကောက်နေဆဲ။ ထွက်ပြေးသွားတာ အယောက် ၂၀ လောက်ရှိမယ်”

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာရွာအနီးရှိ စစ်ကောင်စီ၏ အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်၍ စခန်းသိမ်း
တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပြုလုပ်နေသည့်ကြားမှ ညနေ ၄နာရီခွဲတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။

“ဒီနေ့ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ ရာကျော်တယ်။ လက်နက်ကြီးကျည်တွေ ၂၀၀ လောက်ရှိမယ်” ဟုကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရရှိသည့် လက်နက် ၁၀၀ကျော်လား သို့မဟုတ် လက်နက်ကြီးကျည် ၁၀၀ ကျော်လားဟု ထပ်မံ မေးမြန်းရာ စစ်ရေးသတင်းရင်းမြစ်က “သေနတ်ကြီး/ငယ် အလက် ရာကျော်မယ်။ လက်နက်ကြီး ကျည်တွေ ၂၀၀ ကျော်မယ်” ဟု ပြောပြသည်။

14.5K views06:08
Open / Comment
2023-10-20 13:51:23 “ဒီနေ့ရေးမှာ MSRF နဲ့ ထားဝယ်အပါအဝင် NUG ကူးပေါင်းတပ်တွေက ရေးက စစ်ဆေးရေးတစ်ခုကို သိမ်းလိုက်နိုင်တဲ့အပြင် ကြားဖြတ်တိုက်တဲ့ စစ်ကြောင်းကိုပါ အကုန်လုံးနီးပါး သုတ်သင်နိုင်တယ်။ စာရင်းအရ စကစ ၁၅ ဦးထက်မနည်း ကျတယ်၊ မွန်မှာဖြစ်တဲ့အထဲမှာ အကြီးဆုံးတိုက်ပွဲပဲ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း MA 10/ RPG - ၁ လက်၊ MA 3 - သေနတ် ၂ လက်၊ MA1 - သေနတ် ၄ လက်၊ MA4 - သေနတ် ၁ လက်၊ MA2- သေနတ် ၂ လက်၊ ပစ္စတို သေနတ် ၂ လက်၊ ၆၀ မမ စိန်ပြောင်းအတို ၁ လက်၊ ၄၀ မမဗုံးသီး ၂၄ လုံး၊ RPG ဗုံးသီး ၅ လုံး၊ RPG ပို့ယမ်း ၄ တောင့်၊ အီနာဂါဗုံးသီး ၁၉ လုံး၊ လက် ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၄ လုံး၊ ၅ ဒသမ ၅၆ ကျည်ဘောက် ၃၄ ခု၊ စက်လက် ကျည် ဘောက် ၁ ခု၊ ပစ္စတို ကျည်ဘောက် ၃ ခု၊ 9 mm ကျည် ၁၈ တောင့်၊ 5.56 ကျည် ၁၃၆၇ တောင့်၊ AK ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၇ လုံး၊ ဆက်သွယ်ရေးစက် icon ၂ ခု၊ Icon two way Radio ၃ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
12.9K views10:51
Open / Comment
2023-10-16 16:48:13 ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် နှင့် တီးတိန်မြို့နယ်အတွင်း PDF-Zoland တပ်ဖွဲ့၀င်များနှင့် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်များ ပူးပေါင်းကာ အောက်တိုဘာ ၁၂ ရက်နေ့ မှ ၁၅ ရက်နေ့အထိ ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း PDF Zoland က ထုတ်ပြန်ထားသည်။

13.3K views13:48
Open / Comment
2023-10-14 16:09:55 "သူတို့(စစ်ကောင်စီတပ်)ဟာ အရင်တုန်းကလို ထိုးစစ်တွေဘယ်လိုမှမဆင်နိုင်တော့ဘူး။ သူတို့သွားချင်တဲ့နေရာတွေကို မသွားနိုင်တော့ဘူး။ တပ်တွေကလည်း တပ်စခန်းထဲမှာ အကုန်လုံးမရောက်သေးသည့်တိုင် ဒီတပ်စခန်းထဲမှာ ဟိုသွားဒီသွားလည်း မလုပ်နိုင်တော့ဘူး။ ငြိမ်ငြိမ်ပဲနေရတဲ့အနေအထားမှာ ရှိတယ်။ သူတို့ရိက္ခာပို့ရမှာတောင် ကုန်းကြောင်းနဲ့ မြေပြင်မှာပို့လို့မရပဲနဲ့ နေရာတော်တော်များမှာ ရဟတ်ယာဉ်နဲ့ပဲ အားကိုးနေရတဲ့အနေအထား ရောက်လာတယ်လေ။ နောက်ပြီးတော့ တိုက်ပွဲတွေဖြစ်မယ်ဆိုရင်တောင်မှ ကျေးလက်ဒေသ ဒီစခန်းတွေမှာ မဖြစ်တော့ပဲနဲ့ ဟိုးတကယ့် ဟိုလမ်းမကြီးတွေပေါ်မှာပဲ တိုက်ပွဲတွေပြန်ဖြစ်တော့တယ်ဆိုတာ အထင်အရှားဖြစ်လာပြီ။ ဆိုလိုတာက သူတို့ဘယ်လိုမှ အရင်တုန်းကလို မလှုပ်ရှားနိုင်တော့တာကို ပြောတာပါ။ ဆိုတော့ အဲ့ဒီလိုအခြေအနေမျိုးမှာ သူတို့ဘက်က ကျဆင်းလာတဲ့ဒီအခြေအနေမျိုးဟာ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ပိုပြီးတော့များလာတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေရဲ့ အနေအထားကလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့အထဲကို ပိုပြီးတော့ ဝင်ဆံ့လာနိုင်တယ်ဆိုတာ မျက်မြင်သက်သေပဲလေ။ ဒါကအလကားပြောနေတာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဆင်နွဲနေတဲ့တိုက်ပွဲက တရွေ့ရွေ့တရွေ့ရွေ့နဲ့ ရှေ့ကို ရွေ့သွားနေတယ်ဆိုတာကတော့ ပြည်သူလူထုကို အသိပေးချင်ပါတယ်" လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်မ်းကို ပြောပါတယ်။
13.9K views13:09
Open / Comment
2023-10-10 09:54:32
13.5K views06:54
Open / Comment
2023-10-07 07:00:53
အလိုက်သင့်နေနေလို့ကတော့ ရေနွေးအိုးထဲက ဖားတွေလိုပဲ ဖြစ်နေမှာပါ။ နေလို့မရတဲ့အထိ ပူလာတဲ့အခါမှ ရုန်းထွက်မယ်ဆိုလည်း အင်အားမရှိတော့တဲ့ အနေအထားဖြစ်ကုန်မှာပါ။

ဖားစွပ်ပြုတ်ဘွ မရောက်ကြဖို့ အစွမ်းကုန်တော်လှန်ကြပါစို့

တလရမှာပါဝင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ပါခင်ဗျာ
14.1K views04:00
Open / Comment