Get Mystery Box with random crypto!

တိုက်မောင်း

Logo of telegram channel tidemaungchannel — တိုက်မောင်း
Logo of telegram channel tidemaungchannel — တိုက်မောင်း
Channel address: @tidemaungchannel
Categories: Telegram
Language: English
Subscribers: 3.03K
Description from channel

အမြင်မတော်လျှင် ဝင်ဆော်မည်

Ratings & Reviews

1.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

2

1 stars

1


The latest Messages 11

2021-12-02 07:28:05
ဆိုင်ကယ်နဲ့သွားနေရင်းနဲ့
တစ်ယောက်က လှမ်းအော်သွားတယ်...

အရှေ့မှာ ပစ်နေပြီ ...

ပြန်လှည့် ...
ပြန်လှည့်...
ပြန်လှည့် တဲ့......

အာ့တာ ကြားတာနဲ့ ၂လမ်းကျော်လောက်က
ဆိုင်ကယ်တွေ ကားတွေ ပြန်လှည့်သွားကြတယ်၊
တချို့တွေလည်း စပ်စပ်စုစုနဲ့ လာမေးတယ်၊

"ဘာဖြစ်တာလဲ အကို" တဲ့၊
"ရှေ့မယ် ပစ်နေလို့၊ရပ်စောင့်နေတာ" ဆိုတော့
"ဒီကောင်တွေ တော်တော်ယုတ်မာနေပြီ" တဲ့

တချို့ကလည်း လှမ်းပြောတယ်၊
"ဆိုင်ကယ်တွေ ကားတွေကို ကန့်လန့်ပိတ်လိုက်" တဲ့

အဲ့အနီးအနားက အိမ်တွေကတော့
အိမ်ရှေ့ရပ်ထားတဲ့ကားတွေကို အထဲသွင်းလိုက်ပြီ၊
တချို့ လူတွေကတော့ ဒီဖက်ကို မလာဖို့
အိမ်ရှေ့ရပ်ပြီး အော်ပေးနေကြတယ်...

"ခဏလေး သွားကြည့်မယ် အန်တီ---
ဆိုင်ကယ် ခဏထားခဲ့မယ်" လို့ ပြောတာကို
မြန်မာကားထဲက အမေခန်းသရုပ်ဆောင်တွေလို
"မသွားပါနဲ့ သားရယ်" လုပ်နေလို့
"သား သွားမှဖြစ်မယ် အမေ" ဆိုပြီး ထွက်လာတော့
လူတွေအများကြီးပဲ ဆာလာအိတ်တွေ
ခြင်းတောင်းတွေနဲ့ ထွက်ပြေးနေကြတာ...

ငါတော့ ပစ်ကွင်းထဲ ဝင်နေပြီလားဆိုပြီး
နီးစပ်ရာတစ်ယောက်ကို လှမ်းမေးတာပေါ့၊
"ဘာဖြစ်တာတုန်း" ဆိုတော့........

"ခဏလေးစောင့်အုံး အကို" တဲ့
"သူတို့က ၃ရက်နေမှ တခါလာတာ" ဆိုတဲ့ပြီး
အမှိုက်ကားကြီး မေးဆတ်ပြသွားတယ် လဖွတ်!!


Crd
132 views04:28
Open / Comment