🔥 Burn Fat Fast. Discover How! 💪

'ချမ်းမြသာစည်မြိုနယ်၌ လုံခြုံရေးတပ်ဖွဲမှ သတင်းအရ Green House I | ZYH News

"ချမ်းမြသာစည်မြိုနယ်၌ လုံခြုံရေးတပ်ဖွဲမှ သတင်းအရ Green House Inn သို ဝင်ရောက် စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမား ၅ ဦးသေ၊ ၁ ဦးဒဏ်ရာဖြင့်ဖမ်းမိ"

မန္တလေးမြို၊ ချမ်းမြသာစည်မြိုနယ်၊ ကံသာယာရပ်ကွက်ရှိ Green House Inn ၏ အခန်းတစ်ခန်းကို လုံခြုံရေးတပ်ဖွဲမှ သတင်းအရ ဝင်ရောက်စစ်ဆေးရန် တံခါးဖွင့်ခိုင်းရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တစ်ခု ယနေ (မေ ၃ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ Green House Inn ၌ အကြမ်းဖက်အုပ်စုမှ ထိခိုက်ဒဏ်ရာရသူအချိုရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲက ဝင်ရောက်စစ်ဆေးရာ အခန်းအတွင်းမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်အတွင်း အခန်းအတွင်းမှ သေဆုံးသွားသည့် အကြမ်းဖက်သမား အလောင်း ၅ လောင်းကို လူမှုကူညီကယ်ဆယ်ရေးအသင်းကားများဖြင့် သယ်ဆောင်သွားကာ ထိခိုက်ဒဏ်ရာရရှိထားသည့် အကြမ်းဖက်သမားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အပြင် အခန်းအတွင်းမှ သေနတ်တစ်လက်၊ ကျည်ဆန်အချိုနှင့် လက်ပစ်ဗုံးတစ်လုံးတိုကို လုံခြုံရေးအဖွဲဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။