🔥 Burn Fat Fast. Discover How! 💪

လှိုင်သာယာတွင် သေနတ်ပြပြီး ငွေနှင့်ဆိုင်ကယ်လုယက် News Of Mya | ZYH News

လှိုင်သာယာတွင် သေနတ်ပြပြီး ငွေနှင့်ဆိုင်ကယ်လုယက်

News Of Myanmar မေ ၃၊ ၂၀၂၂

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းကားလမ်းနှင့် ပီမိုနင်းလမ်းထောင့်ရှိ ရွှေစံအိမ်လက်ဘက်ရည်ဆိုင်တွင် မေလ ၃ရက် နံနက် ၉း၃၀နာရီက သေနတ်ပြပြီး ငွေသုံးသိန်းလုယက်သွားကြောင်း သိရသည်။

ဦးတင့်ဆန်းပါငါးဦးသည် လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်ရင်း ဦးတင့်ဆန်းက သူ၏ငွေ သုံးသိန်းကိုရေတွက်နေစဉ် ဘေးစားပွဲတွင်ထိုင်နေသော လူငယ်တစ်ဦးက သေနတ်တစ်ချက်ဖောက် ခြိမ်းခြောက်ကာ ငွေသုံးသိန်းကို လုယူသွားခဲ့သည်။

ငွေလုသူသည် မင်းရဲကျော်စွာ (၁၆)လမ်းထိပ်အရောက်တွင် ဆိုင်ကယ်ကယ်ရီသမား အောင်ဇော်ထွန်း၏ ဆိုငိကယ်ကို သေနတ်ပြကာ လုယူထွက်ပြေးသွားကြောင်း သိရသည်။

News Of Myanmar