🔥 Burn Fat Fast. Discover How! 💪

MONREC_NUG

Logo of telegram channel monrecnug2021 — MONREC_NUG M
Logo of telegram channel monrecnug2021 — MONREC_NUG
Channel address: @monrecnug2021
Categories: Animals , Automobiles
Language: English
Subscribers: 4.93K
Description from channel

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


The latest Messages 2

2022-06-22 08:41:29
စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီး (အနောက်) မှ ပြုလုပ်မည့် အိတ်ဖွင့်တင်ဒါအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက် (၄/၂၀၂၂)


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
602 viewsedited  05:41
Open / Comment
2022-06-11 16:56:12 “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day 2022) နှင့် မြန်မာနိုင်ငံ”
=======================
ကမ္ဘာတစ်ဝှမ်း ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းရပ်များသည် ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပခဲ့သော စတော့ဟုမ်းညီလာခံမှ စတင်ခဲ့ခြင်းဖြစ်ပြီး ညီလာခံ စတင်ကျင်းပသည့်ရက် ဇွန်လ ၅ ရက်နေ့ကို “ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော မြေကမ္ဘာ” ဖြစ်ပြီး ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစောင့်ရှောက်ရာတွင် သူ့နိုင်ငံ ကိုယ့်နိုင်ငံ မခွဲခြားဘဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အချို့တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နေပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောက်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အချို့သဘောတူညီချက်များဆိုင်ရာ တိုးတက်မှု အစီရင်ခံစာများကို ပေးပို့ဆောင်ရွက်နေသည်ကို တွေ့ရှိရသော်လည်း ယခင်နှစ် ကမ္ဘာ့ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) ၏ ၂၆ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ ညီလာခံ (COP 26) တွင် တက်ရောက်ခွင့် မရခဲ့ပေ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများသည် မဖြစ်မနေလုပ်ဆောင်ရမည့် အများအကျိုးပြုလုပ်ငန်းများ ဖြစ်သော်လည်း လူ့ယဉ်ကျေးမှု အသိုက်အဝန်းမှ လက်မခံနိုင်သော အကြမ်းဖက်စစ်ကောင်စီ၏ စီမံမှုအောက်တွင် ဆောင်ရွက်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများသည် အများအကျိုးပြုမည်ထက် စစ်ကောင်စီ၏ လုပ်ရပ်များကို အပြုသဘောဆောင် ထောက်ခံနေပြီး စစ်ကောင်စီကဲ့သို့သော အကျင့်ပျက်ခြစားမှုများပါပြီး ဆိုးကျိုးများကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများသာ ဖြစ်ပါလိမ့်မည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#OnlyOneEarth
#WorldEnvironmentDay2022
#MONREC #NUG #KnowledgeProducts
433 views13:56
Open / Comment
2022-06-11 16:55:14
424 views13:55
Open / Comment
2022-06-05 18:46:03
873 views15:46
Open / Comment
2022-06-05 18:45:37 “၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ (အွန်လိုင်း) ကျောင်းများတွင် ဟောပြောပွဲ ကျင်းပမှုမှတ်တမ်း”
========================

၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်၊ ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ (အွန်လိုင်း) ကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲများကို (၂၅-၅-၂၀၂၂) ရက်နေ့မှ (၅-၆-၂၀၂၂) ရက်နေ့အတွင်း ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မဂ္ဂအခြေခံပညာသင်ကျောင်း MaGGa School(၆၉ ဦး)၊ Essential Education Center (၁၉၉ ဦး), @Interim Basic Education School - Thingangyun(၂၉၇ ဦး) , Lighting For Future - LFF (၅၅၅ ဦး), Thanlyin Home Based Learning School (၁၀၀ ဦး), မတ္တရာဖက်ဒရယ်ကျောင်း (၈၄ ဦး)၊ Mandalay Federal School (၃၆၈ ဦး)၊ Thayetchaung Free Online Federal Education School (၇၂ ဦး), Mogok Federal School (၁၅၀ ဦး), Kaung For You Education (၃၀၀၀ ဦး) အမည်ရှိ အွန်လိုင်းကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့ပြီး စုစုပေါင်း တက်ရောက်သူဦးရေ (၅၀၀၀) နီးပါးခန့် တက်ရောက်ခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


#OnlyOneEarth
#WorldEnvironmentDay2022
#MONREC #NUG
851 views15:45
Open / Comment
2022-06-05 09:08:39
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသည့် တော်လှန်ရေးသူရဲကောင်း ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ကျွန်း၊ ပိတောက်၊ ယင်းမာ၊ သင်းဝင်၊ စားပင်သီးပင်များ အပါအဝင် စုစုပေါင်း အပင်ရေ (၂၀၀) ခန့် စိုက်ပျိုးခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#OnlyOneEarth
#WorldEnvironmentDay2022
#MONREC #NUG
846 views06:08
Open / Comment
2022-06-05 06:58:15
“၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

#OnlyOneEarth
#WorldEnvironmentDay2022
#MONREC #NUG
689 views03:58
Open / Comment
2022-06-05 06:13:21
651 views03:13
Open / Comment