🔥 Burn Fat Fast. Discover How! 💪

MONREC_NUG

Logo of telegram channel monrecnug2021 — MONREC_NUG M
Logo of telegram channel monrecnug2021 — MONREC_NUG
Channel address: @monrecnug2021
Categories: Animals , Automobiles
Language: English
Subscribers: 4.93K
Description from channel

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


The latest Messages 5

2022-05-10 12:09:53 ပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများ တွေ့ဆုံခြင်း
========================

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်သည် ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ CDM ဝန်ထမ်းများအား (၁၀-၅-၂၀၂၂) ရက်နေ့ နေ့လည် (၂) နာရီအချိန်ကစ၍ တွေ့ဆုံကာ ချီးကျူးဂုဏ်ပြု အားပေးစကား ပြောကြားကာ ဝန်ထမ်းများမှ သိရှိလိုသည့်အချက်များအား ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

တစ်နှစ်တာကျော်လွန်သည့် ယခုအချိန်အထိ ကြံ့ကြံ့ခံကာ အခက်အခဲအမျိုးမျိုးကြားမှ CDM တွင် ပါဝင်လျက်ရှိသည့် ဝန်ထမ်းများအားလုံးအား အထူးပင်လေးစား ဂုဏ်ပြုကြောင်း စတင်ပြောကြားခဲ့ပြီးနောက် CDM ဝန်ထမ်းထောက်ပံ့မှု အခြေအနေများ၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအတွက် ထောက်ပံ့ပေးမှုများ၊
တော်လှန်ရေးကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ၊ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ၊ လတ်တလော တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုများအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အတွင်းဝန်နှင့် ဝန်ကြီးရုံး ရုံးအဖွဲ့များ၊ CDM ဝန်ထမ်းများ စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအား နေ့လည် (၃း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.2K views09:09
Open / Comment
2022-05-09 15:58:19
1.3K views12:58
Open / Comment
2022-05-09 15:58:03 (၉-၅-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) ၏ (၃/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဌဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း
========================

တော်လှန်ရေး အရှိန်ရလာသည်နှင့်အမျှ မြို့နယ်အဆင့် သယံဇာတစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဝန်ကြီးဌာနများနှင့် မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းများအကြားလည်း မြန်ဆန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်မှသာ သယံဇာတစီမံအုပ်ချုပ်ရေးတွင် ကြုံတွေ့ရသည့် အခက်အခဲများကို အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊

သယံဇာတ စီမံအုပ်ချုပ်ခြင်းလုပ်ငန်းသည် ဒေသန္တရအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ ပါဝင်ပူးပေါင်းခြင်းမရှိဘဲ အောင်မြင်မှုမရနိုင်သည့်အတွက် ပြည်ထောင်စုအဆင့်သာမက မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့များတွင်ပါ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ကိုယ်စားပြုအဖွဲ့ဝင်များကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊

သယံဇာတစီမံအုပ်ချုပ်ရာတွင် ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းခြင်းသာမက ဒေသခံ ပြည်သူလူထု၏ နေ့စဥ်လူမှုဘဝ အဆင်ပြေစေရေး၊ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေရေး၊ သယံဇာတစီမံအုပ်ချုပ်ခြင်းနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများအကြား နားလည်မှု မလွဲမှားစေရေးတို့အတွက် ချိန်ညှိ လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊

သစ်တောကဏ္ဍနှင့် သတ္တု/ကျောက်မျက်ကဏ္ဍတို့သည် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကြောင်းများဖြစ်ပြီး အဆိုပါ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်မည့် လုပ်ငန်းအစီအမံများတွင် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊

ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ကို နိုင်ငံတကာနည်းတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အစီအစဉ်များ ထည့်သွင်း ကျင်းပသွားရန် လိုအပ်ပါကြောင်း၊

အချုပ်အားဖြင့် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်မှုအပေါ် ပြန်လည်သုံးသပ်လျက် အားနည်းချက်များ၊ လိုအပ်ချက်များကို ပြုပြင်နိုင်မည့် အကြံကောင်းများ ပြုကြရင်း ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.4K views12:58
Open / Comment
2022-05-09 12:19:17
1.1K views09:19
Open / Comment
2022-05-09 12:19:00 ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၂) အစည်းအဝေးကျင်းပခြင်း
========================

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၂) အစည်းအဝေးအား (၉-၅-၂၀၂၂) ရက်နေ့ မနက် (၁၀) နာရီတွင် Zoom Meeting ဖြင့် ကျင်းပရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ စုစုပေါင်း (၁၂) ဦးတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဥက္ကဌဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုအတွက် မူကြမ်းရေးဆွဲပြီးဖြစ်သည့် ကြားကာလ သယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲကဏ္ဍ) ကို အကျဉ်းချုံး တင်ပြခဲ့ပါသည်။

ဆက်လက်၍ ကြားကာလသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတိုးတက်မှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရေးတို့ကို အတွင်းရေးမှူးရုံးအဖွဲ့မှ တင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ဥက္ကဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။ အဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် မှတ်တမ်းဓာတ်ပုံ ရယူကာ အစည်းအဝေးအား နေ့လည် (၁၂) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.4K views09:19
Open / Comment
2022-05-07 16:33:54
“စစ်အာဏာသိမ်းကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုအပေါ် သက်ရောက်မှုများအား သုံးသပ်ခြင်း”
==========================
စစ်အာဏာသိမ်းကာလတလျှောက် ပျက်စီးခဲ့သည့် သစ်တောသယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ကို အပိုင်း (၄) ပိုင်းခွဲ၍ သုံးသပ်ရေးသားထားသည့် ဆောင်းပါးရှည်ဖြစ်ပါသည်။

အများပြည်သူ အသက်အိုးအိမ်များဆုံးရှုံးနေရချိန်တွင် သယံဇာတပျက်စီးမှုကို ဖော်ထုတ်ရေးသားနေရသည်မှာပင် အားမလိုအားမရဖြစ်ရပါသော်လည်း အာဏာရှင်နှင့် လက်ပါးစေတသိုက်၏ ဖျက်ဆီးမှုများကို တချိန်တွင် မှတ်တမ်းဖြစ်စေရန် ရည်ရွယ်ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။

ရေးသားတင်ပြချက်များသည် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သတင်းမီဒီယာများနှင့် အခြားခိုင်လုံသော သတင်းအချက်များပေါ် အခြေခံရေးသားထားခြင်းသာဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
#knowledgeproducts #MyanmarEnvironmentduringCoup
1.6K views13:33
Open / Comment
2022-05-06 15:56:12
(၈-၅-၂၀၂၂) ရက်နေ့တွင် "တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုအပ်မလား" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ထပ်မံအသိပေးဖိတ်ကြားခြင်း
=========================

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊
လစဥ်ဆွေးနွေးပွဲ (၁) “တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လိုအပ်မလား” ခေါင်းစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးအလေးထားသူတဖြစ်လည်း တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူ သရုပ်ဆောင် ဒေါင်းနှင့် CDM ဗိုလ်ကြီးလင်းထက်အောင်တို့မှ တော်လှန်ရေးကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အခန်းကဏ္ဍကို ၈-၅-၂၀၂၂ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇:၀၀) နာရီတွင် ဆွေးနွေးသွားမည်ဖြစ်ပါသဖြင့် တော်လှန်ရေးကာလတွင် သဘာဝပတ်ဝန်းကျင်ကို တပိုင်တနိုင်ထိန်းသိမ်းလိုသော ပြည်သူတရပ်လုံးအား ထပ်မံဖိတ်ခေါ်အပ်ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC_Dialogue #NUG
#MyanmarEnvironmentduringCoup
1.6K views12:56
Open / Comment
2022-05-03 15:35:48 “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဆောင်းပါးပြိုင်ပွဲအတွက် စာမူဖိတ်ခေါ်ခြင်း
========================

နှစ်စဥ် ဇွန်လ (၅) ရက်နေ့သည် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “တစ်ခုတည်းသော မြေကမ္ဘာ (Only One Earth)” ဖြစ်ပါသည်။ “သဘာဝတရားနှင့် သဟဇာတဖြစ်စွာ ရှင်သန်နေထိုင်ခြင်းအားဖြင့် ရေရှည်တည်တံ့သော လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်” ရည်ရွယ်ညွှန်းဆိုထားခြင်းဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အတွက် “တစ်ခုတည်းသောမြေကမ္ဘာ သက်ရှိလောကသဘာဝ ညီညွတ်မျှတ လူမှုဘဝ အာဏာရှင်စနစ်က ရုန်းထွက်ကြ” ဆောင်ပုဒ်ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်ဆောင်းပါးများကို ရေးသားပေးပို့ရာတွင် Pyidaungsu Font (အရွယ်အစား ၁၃) အသုံးပြု၍ A4 စာမျက်နှာ (၅) မျက်နှာအထိ ကွန်ပျူတာစာစီဖြင့်သော်လည်းကောင်း လက်ရေးဖြင့်သော်လည်းကောင်း ရေးသားပေးပို့နိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူများကို မိမိတို့ နှစ်သက်ရာ ကလောင်အမည်ဖြင့် ပေးပို့နိုင်ပြီး ပေးပို့လာသော ပြိုင်ပွဲဝင် စာမူရှင်များ၏ သတင်းအချက်အလက်လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် MONREC Facebook Page Messenger (သို့)
pramt@monrec.nugmyanmar.org သို့ မေလ (၁၇) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

ပေးပို့လာသော စာမူများထဲမှ ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ ဆုရစာမူများကို ဂုဏ်ပြုလွှာပေးအပ်သွားမည်ဖြစ်ပြီး MONREC Facebook Page မှ ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#WorldEnvironmentDay2022 #OnlyOneEarth
#MONREC #NUG
1.0K viewsedited  12:35
Open / Comment
2022-05-03 15:35:23
885 views12:35
Open / Comment
2022-04-30 16:32:51
“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ”
အတွဲ (၁)၊ အမှတ် (၃) ထုတ်ပြန်ခြင်း (၃၀ ဧပြီလ ၂၀၂၂)
============================

- ဧပြီလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ
- CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု
- ဖက်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ
- ဧပြီလအတွင်း တရားမဝင်သစ် ဖမ်းဆီးရရှိမှု
- ဆောင်းပါး
(ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ဖြစ်ပွားမှု (COVID-19)၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ် ဖောက်ကားမှုနှင့် CITIES)
- ကဗျာ (ပညာကဗျာ)
- တစ်ကွက်ကာတွန်း
- မေလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ

(သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC_Bulletin #NUG
1.1K views13:32
Open / Comment