Get Mystery Box with random crypto!

MONREC_NUG

Logo of telegram channel monrecnug2021 — MONREC_NUG M
Logo of telegram channel monrecnug2021 — MONREC_NUG
Channel address: @monrecnug2021
Categories: Animals , Automobiles
Language: English
Subscribers: 4.93K
Description from channel

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


The latest Messages 4

2022-05-28 16:39:04 “စစ်အာဏာသိမ်းကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုအပေါ် သက်ရောက်မှုများအား သုံးသပ်ခြင်း အပိုင်း (၄)”
(တရားမဝင်သစ်ထုတ်ခြင်းများကြောင့် သစ်သယံဇာတဆုံးရှုံးရမှုများ)

======================

စစ်အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ တရားမဝင်သစ်ခိုးထုတ်မှုများမှာ အလွန်များပြားစွာ
ပေါ်ပေါက်လျက်ရှိပြီး စစ်ကိုင်းတိုင်းနှင့် ပဲခူးရိုးမကဲ့သို့ သဘာဝတောကောင်းများ
ကျန်ရှိနေသေးသည့် ဒေသကြီးများ အပါအဝင် ကျန်တိုင်းပြည်နယ်အနှံ့တွင်လည်း ဝိသမလောဘသားများသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ တရားမဝင်သစ်ခိုးထုတ်နေမှုများကို လူမှုကွန်ရက်
စာမျက်နှာများမှတဆင့် မြင်တွေ့ရကြောင်း၊

သစ်ခိုးထုတ်မှုများ လွန်စွာများပြားလွန်းသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကပင် တရားမဝင်သစ် ဖမ်းဆီးပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေပါကြောင်း၊

အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော သစ်တောဝန်ထမ်းများသည် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ခြင်းမရှိဘဲ စစ်အာဏာရှင်ကို ကြောက်သဖြင့်၊ မိမိရာထူးနေရာဆုံးရှုံးမည်ကို ကြောက်သဖြင့် “မလုပ်မရှုပ်မပြုတ်” ဟူသော ဆောင်ပုဒ်ဖြင့် ဝန်ထမ်းဘဝကို ပျော်ပျော်ကြီးမှိန်းနေကြသည်ကို တွေ့နေရ ကြောင်း၊

အာဏာသိမ်းစစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်တော်လှန်ကြပြီး ဝန်ထမ်းယန္တရားကို ဇကာစိပ်စိပ်ဖြင့် စစ်ချနိုင်မှသာ ယခုကဲသို့အဖြစ်ဆိုးမျိုး နောက်ထပ်မခံစားရသော နိုင်ငံတော်သစ်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
#knowledgeproducts #MyanmarEnvironmentduringCoup
1.1K views13:39
Open / Comment
2022-05-28 16:38:56
1.0K views13:38
Open / Comment
2022-05-25 10:59:22
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ပူးတွဲသတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ မေလ (၂၅) ရက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.2K views07:59
Open / Comment
2022-05-21 16:37:42 “စစ်အာဏာသိမ်းကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုအပေါ် သက်ရောက်မှုများအား သုံးသပ်ခြင်း (အပိုင်း ၃)"
(လူ့စွမ်းအား အရင်းအမြစ်များအပေါ် လေ့လာသုံးသပ်ခြင်း)
=====================

အမှန်တရားဘက်တွင် ရပ်တည်ခဲ့သော ဓမ္မဘက်တော်သား ပြည်သူ့ဝန်ထမ်းများမှာ အသိပညာ၊ အတတ်ပညာ ပြည့်ဝပြီး လုပ်ငန်းစွမ်းဆောင်ရည် ကျွမ်းကျင်သူများဖြစ်ကြကြောင်း၊

စစ်အာဏာရှင် စနစ်ဆိုး အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရေး အလုပ်အကျွေးပြုနေကြသူများထဲတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အရည်အချင်းမပြည့်ဝသောသူများသာ ကျန်ရှိခဲ့ကြောင်း၊

စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနတွင် ဝန်ထမ်းအင်အား မလုံလောက်မှု၊ ကျန်ရှိခဲ့သော ဝန်ထမ်းများ၏ အရည်အချင်း မပြည့်ဝမှုများကြောင့် ယခုကာလအတွင်း သယံဇာတစီမံ အုပ်ချုပ်မှုနှင့်စပ်လျဥ်း၍ ထိထိ‌ရောက်ရောက် လုပ်ကိုင်နိုင်စွမ်းမရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊

ယခုလိုကာလမျိုးတွင် အသစ်ဖြည့်တင်းထားသော ဝန်ထမ်းများမှာ အချောင်အခွင့်ကောင်းယူ ဝင်ရောက်လာသူများဖြစ်ရာ ပြည်သူကို အလုပ်အကျွေးပြုမည့် ပြည်သူ့ဝန်ထမ်း စစ်စစ်များဟု သတ်မှတ်၍မရသော အခွင့်အရေးသမားသက်သက်သာဖြစ်ကြောင်း။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
#knowledgeproducts #MyanmarEnvironmentduringCoup
2.1K views13:37
Open / Comment
2022-05-21 16:37:39
1.6K views13:37
Open / Comment
2022-05-18 07:25:19
စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဦးစီးကျင်းပသည့် ရတနာပြပွဲများနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.3K views04:25
Open / Comment
2022-05-15 17:06:26
“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဆောင်းပါးပြိုင်ပွဲအတွက် စာမူဖိတ်ခေါ်ရာတွင် ပေးပို့ရမည့်ရက်အား တိုးမြှင့်သတ်မှတ်ခြင်း
=======================

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” အတွက် “တစ်ခုတည်းသောမြေကမ္ဘာ သက်ရှိလောကသဘာဝ ညီညွတ်မျှတ လူမှုဘဝ အာဏာရှင်စနစ်က ရုန်းထွက်ကြ” ဆောင်ပုဒ်ဖြင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်စာမူများကို MONREC Facebook Page Messenger (သို့)
pramt@monrec.nugmyanmar.org သို့ မေလ (၂၂) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အကြောင်းအရာအပြည့်အစုံကို အောက်ဖော်ပြပါ Facebook Post တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/101928055384776/posts/327404576170455/?d=n

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


#WorldEnvironmentDay2022 #OnlyOneEarth
#MONREC #NUG
1.2K views14:06
Open / Comment
2022-05-15 06:09:13
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် အွန်လိုင်းစနစ်ဖြင့် ပုံမှန်ဘွဲ့သင်တန်းများ ဖွင့်လှစ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
1.2K views03:09
Open / Comment
2022-05-14 16:32:19
“စစ်အာဏာသိမ်းကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုအပေါ် သက်ရောက်မှုများအား သုံးသပ်ခြင်း (အပိုင်း ၂)"
=========================

စစ်အာဏာသိမ်းကာလတလျှောက် ပျက်စီးခဲ့သည့် သစ်တောသယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ကို အပိုင်း (၄) ပိုင်းခွဲ၍ သုံးသပ်ရေးသားထားသည့် ဆောင်းပါးရှည်ဖြစ်ပါသည်။

ရေးသားတင်ပြချက်များသည် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ သတင်းမီဒီယာများနှင့် အခြားခိုင်လုံသော သတင်းအချက်များပေါ် အခြေခံရေးသားထားခြင်းသာဖြစ်ပါသည်။

ဆောင်းပါးရှည်တွင် အပိုင်း (၄) ပိုင်းပါဝင်ပြီး ယခုအပတ်အတွက် ဒုတိယအပိုင်းဖြစ်သည့် “နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် သုတေသနလုပ်ငန်းများအပေါ် သက်ရောက်မှုများ” အပိုင်းကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျန်ရှိသည့် အပိုင်း (၂) ပိုင်းကို ရှေ့အပတ်များတွင် အပတ်စဥ် ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC #NUG
#knowledgeproducts #MyanmarEnvironmentduringCoup
1.2K views13:32
Open / Comment
2022-05-10 12:10:04
1.1K viewsedited  09:10
Open / Comment