🔥 Burn Fat Fast. Discover How! 💪

Review For You

Logo of telegram channel obbychanmin — Review For You R
Logo of telegram channel obbychanmin — Review For You
Channel address: @obbychanmin
Categories: Literature
Language: English
Subscribers: 22.24K
Description from channel

Review For You
Find your desired book here !
စာအုပ်စာပေ လူ့ မိတ်ဆွေ
📚📖👍🏻💪🏻💡

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

2

3 stars

0

2 stars

0

1 stars

0


The latest Messages 3

2022-04-15 11:04:27 https://www.mediafire.com/download/xzxkck6do54xda7
702 viewsedited  08:04
Open / Comment
2022-04-15 11:03:46
720 views08:03
Open / Comment
2022-04-15 11:03:20 #သူငယ်ချင်းတစ်ယောက်အကြောင်း
#ဆရာမင်းလူ
ဒီတစ်ခေါက်reviewရေးမယ့်စာအုပ်လေးကတော့စီးပွားရေးအကြောင်းပါတဲ့စာအုပ်လေးပါ။စီးပွားရေးလုပ်တဲ့သူတစ်ယောက်အကြောင်းပါ။လူတစ်ယောက်အကြောင်းဆိုပေမယ့် ထင်ရှားကျော်ကြားတဲ့လူမဟုတ်တာကြောင့်အတ္ထုပတ္တိလို့မပြောနိုင်ပါဘူး။ဝတ္ထုတစ်ပုဒ်လည်းမဟုတ်ပေမယ့်လို့ ဝတ္ထုတစ်ပုဒ်လိုစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
စိန်ကြောင်နဲ့ဆရာမင်းလူတို့က၇တန်းတုန်းကစတွေ့ပြီးခင်ခဲ့ကြတာပေါ့။ဆရာကစိန်‌ေကြာင်တတ်တဲ့ကျောင်းကိုပြောင်းလာတဲ့ နှစ်မှာစခင်ကြတယ်လို့ဆိုရမည်။စိန်ကြောင့်အဖေကရွာမှာပဲစိန်ကြောင်တို့ကိုကျောင်းတက်ပြီးဘဝမပြီးစေချင်တာကြောင့် စိန်ကြောင်တို့မိသားစုအုန်းနှဲရွာကလေးကနေရန်ကုန်ကိုတတ်လာပြီးမြို့စွန်လေးမှာ‌‌ေမြ‌ေလးတစ်ကွက်ဝယ်ပြီး နွားမနှစ်ကောင်နဲ့နေကြတာပါ။စိန်‌ေကြာင်တို့ကနွားမနှစ်‌ေကာင်ကရတဲ့နို့ကိုရောင်းပြီးစီးပွားရေးလုပ်ကြတယ်။ကျောင်းမှာဆိုလည်း စိန်ကြောင်ကအလွန်ဗရုတ်ကျ‌ေသာ‌ေကြာင့်နာမည်ကြီးသည်။မကြာခဏလည်းကျောင်းပြေးဖူးသည်။ ဒါပေမယ့်သူရဲ့ဉာဏ်ပြေးမှု၊စီးပွားရေးနဲ့ပတ်သက်လာလျှင်အကွက်မြင်တတ်မှာ၊လက်လျင်မှုတွေကြောင့် စိန်ကြောင်တို့မိသားစု အစပိုင်းတွင်စီးပွားရေးအဆင်မပြေသောလည်းနောက်ပိုင်းတဖြည်းဖြည်းအဆင်ပြေလာကြတယ်။ပထမနွားနို့စစ်ကိုပို့ရာကနေနွားနို့ကိုရေရောပြီးပို့နောက်တော့လက်ဖက်ရည်ဆိုင်တွေကိုတိုက်ရိုက်ပို့ရာကနေ နွားတွေကိုရောင်းပြီးပုံနှိပ်လုပ်ငန်းဘက် ကူးပြောင်းလာခဲ့သည်။ပုံနှိပိလုပ်ငန်းကနေစိန်ကြောင်တစ်ယောက်ဆက်စပ်ပြီး ဘယ်လိုတွေလုပ်ငန်းခ‌‌ျဲ့ထွင်သွားသလဲဆိုတာတော့ စိတ်ဝင်စားစရာပင်။
စိန်ကြောင်သည်အများနဲ့ယှဉ်လှျင်ထူးခြားချက်တွေအများအပြားရှိတယ်။
"နာတာရှည် လူမမာတစ်ယောက် ဆုံးပြီဆိုရင် ဆေးကုတဲ့စရိတ် ထောင်းခဲ့လို့ ကျန်ရစ်တဲ့မိသားစုမှာ ဖြူခါပြာခါကျပြီး ကျန်ခဲ့တတ်တယ်၊ သင်္ဂြိုဟ်စရိတ်အခက်အခဲဖြစ်ဖို့ ကျိန်းသေပဲ။ လူနာဆုံးလို့ စိတ်မကောင်းဖြစ်ရတာက တစ်မျိုး၊ ငွေမရှိလို့ ရှာရတာက တစ်ဒုက္ခ၊ သိပ်စိတ်ဆင်းရဲရတယ်။ အဲဒီလိုအခါမျိုးမှာ ကူညီရတာမှ တကယ်ထိုက်တန်တာကွ”လို့ဆိုပြီးအသုဘရှုကိစ္စတွင်တတ်နိုင်သ၍ကူညီသည်။
“မင်္ဂလာဆောင်တယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ နဖားကြိုး အထိုးခံလိုက်ရကြောင်းကို လူပုံအလယ်မှာ အရှက်မရှိ ကြေငြာတာနဲ့ အတူတူပဲ၊ ငါက နာရေးကိစ္စသာ ကူညီချင်တာကွ၊ မင်္ဂလာဆောင်မှာ ကူညီရတာကျတော့ကျွန်ဝယ်ရာ အဆစ်ပါသလိုပဲ”ဆိုကာမင်္ဂလာဆောင်နဲ့ပတ်သက်လှျင်သိပ်မကူညီချင်။
"သွေးမတော်သားမစပ် သူများသားသမီးအိမ်ပေါ်ခေါ် တင်​ကျွေးထားရတာလောက်မိုက်လုံးကြီးတာမရှိဘူး "အဲ့လိုပြောလေ့ရှိတဲ့စိန်ကြောင်တစ်ယောက် မိန်းမရနိုင်ပါ့မလား။ မိန်းမရသွားခဲ့လျှင်လည်း ဘယ်လိုမိန်းမမျိုးဖြစ်မလဲ။သူရဲ့စီးပွားလောဘတွေကသူ့ကိုလွှမ်းမိုးလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ....
ဤစာအုပ်လေးထဲမှာစီးပွားရေးနဲ့ပတ်သက်ပြီး ဗဟုသုတတော်တော်များများရနိုင်သလို ဈေးဝယ်တာနဲ့ပတ်သက်တဲ့ဗဟုသုတတွေလည်းတော်တော်များများရနိုင်တဲ့အ့ြပင်ဆင်ခြင်စရာေတွလည်းရနိုင်တာမို့ လူကြီးလူငယ်မရွေးဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးဖြစ်ပါကြောင်း....
#reviewed by khing
697 views08:03
Open / Comment
2022-04-03 11:28:22 နန္ဒသိန်းဇံ
ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
https://www.mediafire.com/download/i01d0d21c2p2475
2.6K views08:28
Open / Comment
2022-04-03 11:28:13
2.6K views08:28
Open / Comment
2022-04-03 11:28:04 #ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#ဆရာနန္ဒသိိန်းဇံ
သုတစာအုပ်၊သုတရသစာအုပ်တွေကိုreviewလုပ်ပြီးနောက်မှာတော့ ဒီတစ်ခေါက်စိတ်ဓာတ်ခွန်အားနဲ့ပတ်သက်တဲ့စာအုပ်လေးတစ်အုပ်အ‌ေကြာင်းကို reviewလုပ်ပေးမှာပါ။
""ဒုက္ခနဲ့ဆုံဆည်းရပါလို၏။ဒုက္ခနဲ့မကွဲွဲမကွာွာနေရပါလို၏"လို့လဲဘယ်သူမှမြတ်မြတ်နိုးနိုးဆုမတောင်းဘူး။ဆုမတောင်းပေမယ့်ပြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒုက္ခနဲ့ဆုံဆည်းနေရလို့ပဲ၊ဒုက္ခနဲ့ အစဉ်လိုလိုပေါင်းဖော်နေရလို့ပဲ။"
လို့ဆိုတဲ့အတိုင်း လူ့လောကမှာ လူဖြစ်နေသ၍ဒုက္ခတွေကြုံဆုံရမှာပါပဲ။အခက်အခဲဒုက္ခတွေကိုဘယ်လိုမျိုးစိတ်ဓာတ်ကြံ့ခိုင်စွာရင်ဆိုင်သင့်တယ်။
"ဒီတော့ အခက်အခဲတွေ၊ဘေးအန္တရာယ်တွေကိုကြုံလာတဲ့အခါမှန်ကန်တဲ့သဘောထား၊အစွန်းမရောက်တဲ့အမြင်၊ပဓာနအကျဆုံးအကြောင်းတရားကိုသိတဲ့အသိနဲ့ရင်ဆိုင်ဖြေရှင်းတတ်ဖို့လိုမှာပဲ။"ဆိုတဲ့အသိတရားတွေနဲ့ပါရင်ဆိုင်ရမှာပါ။
ဘဝမှာအခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါအခြေအနေကိုမှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရမည်ဖြစ်ကြောင်းဉာဏ်ပညာအမြှော်အမြင်ဟာဘဝမှာအရေးကြီးကြောင်း ဇာတ်လမ်းများစွာနဲ့ဥပမာပေးပြီးရှင်းပြထားပါတယ်။
အကြောင်းအရာတစ်ခုခုက ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင်တောင်စိတ်ဓာတ်မကျသင့်ဘူးလို့လည်းရေးထားပါတယ်။ဒီစာအုပ်လေးဟာ ဆရာနန္ဒသိန်းဇံရဲ့ အထင်ရှားဆုံးစာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခေါက်ဖတ်ရုံနဲ့အသိပညာအများကြီးရနိုင်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။အတွေးအခေါ်ကောင်းများကိုသာမက ဘဝမှာစိန်ခေါ်မှာတွေကို ရင်ဆိုင်ဖို့ သတ္တိတွေရရှိချင်တဲ့လူတိုင်းအတွက်မလွတ်တမ်းဖတ်ရှုသင့်သောစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း....
#reviewed by khing
2.4K views08:28
Open / Comment
2022-03-11 16:56:27 5_6181220703660934488
6.1K views13:56
Open / Comment
2022-03-11 16:55:55
5.4K views13:55
Open / Comment
2022-03-11 16:55:47 #မီ
#ဆရာမကြည်အေး
လူငယ်တစ်ယောက်ရဲ့ အရူးအမူးအချစ်မျိုးနဲ့ မီ့ကိုချစ်မိတဲ့ မောင်ကိုလေး
"မီဟာ ကျွန်တော်မခံနိုင်ဆုံးစကားကိုသိပ်ပြောတတ်တယ်။'မုန်းလိုက် ..မုန်းလိုက်'တဲ့ရောဂါကြီးနဲ့ မိန်းကလေးတစ်ယောက်နေရတဲ့ မီ့ကိုဘယ်သူမုန်းနိုင်ပါမလဲ။ မီဟာသနားစရာသက်သက်ပါ'လို့ဆိုပြီး
နောက်ဆုံးမီ့စိတ်နဲ့ပင် စစ်ထဲဝင်၍သေလေသောမောင်ကိုလေးပင်။
မောင်ကိုလေးရဲ့အ‌ေပြာကတစ်ဆင့်မိတ်ဆက်ပေးမှုဖြင့် မောင်ကိုလေးကိုသေစေခဲ့သောကြောင့်မ‌ီ့ကိုမုန်းကာတဖြည်းဖြည်းမသိစိတ်က မီ့ကိုစွဲလန်းသွားသော သော်ဆွေ
"မီ့ကိုမုန်းသည်ဟုကျွန်တော်ပြောခဲ့ဘူးပေသည်။သိုသော်ကျွန်တော့်၏အမုန်းသည် မီကျွန်တော်တစ်ယောက်နားသာကပ်နေစေလိုသည့်အမုန်းမှန်း ခုသိရပါပြီ" "မီ..မီ..မီဟာ..မီမဟုတ်ဘူး။မီးပဲ..မီးပဲ၊ငါ့ကိုရှို့‌ေနတဲ့မီးပဲ..မီလေးရယ်"မီရဲ့ထူးခြားဆန်းြကယ်တဲ့အပြုအမှုနဲ့အတူ မီ့ကိုမြတ်မြတ်နိုးနိုးချစ်မိသွားကာ မီလုပ်သမျှပြဿနာတို့ကိုမီ့အနား‌ေနကာလိုက်ဖြေရှင်းတော့သည်။
"မီဟာ ကျားနာပဲ၊မီမြင်ရာလူကို ဒုက္ခပေးချင်တယ်၊သူတို့ကိုသနားစရာလား။မီ့ကိုမ‌ေကာင်းကြံနေတာတွေ သူတို့ဂျောက်ထဲကျရင် မီကတော့ဝမ်းသာလိုက်တာ"ဆိုတဲ့မီ။
မီတစ်ယောက်ကိုသော်ဆွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်လာမလဲ။ကိုသော်ဆွေကကောမီ့ကိုပြောင်းလဲနိုင်ပါ့မလား။
ဆရာမကြီးကြည်အေးရဲ့ လက်ရာကောင်းဖြစ်တဲ့မီ၊မနဲ့စပြီး မြန်မာစာပေလောကမှာထင်ရှားတဲ့စာအုပ်၅အုပ်ထဲက တစ်အုပ်အပါအဝင်ဖြစ်ပါတယ်။ဒီ၀တ္ထု‌ေလးကိုဖတ်ရင်းနဲ့ မီ့ကိုတော့သနားမိတယ်။မီကိုအဆုံးထိဖတ်ပြီးသည့်တိုင် မီဘာကြောင့်ဒီလိုထူးဆန်းတာတွေလုပ်ခဲ့သလဲဆိုတာစဉ်းစားမရအောင် ထူးဆန်းနေတယ်။မီ့ဘဝမှာ စိတ်ဒဏ်ရာတစ်ခုကြီးကြီးမားမားရှိခဲ့လိုသာ မီလုပ်ခဲ့တာလို့တွေးမိလေရဲ့။
#reviewed by khing
5.4K views13:55
Open / Comment