Get Mystery Box with random crypto!

Review For You

Logo of telegram channel obbychanmin — Review For You R
Logo of telegram channel obbychanmin — Review For You
Channel address: @obbychanmin
Categories: Literature
Language: English
Subscribers: 22.33K
Description from channel

Review For You
Find your desired book here !
စာအုပ်စာပေ လူ့ မိတ်ဆွေ
📚📖👍🏻💪🏻💡

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

2

3 stars

0

2 stars

0

1 stars

0


The latest Messages 6

2022-01-06 11:29:24 https://t.me/BooksatBookvio/43
2.6K views08:29
Open / Comment
2022-01-06 11:28:56
2.5K views08:28
Open / Comment
2022-01-06 11:28:47 #လှပ်၍လွင့်သော ကမ္ဘာ
#ဆရာမစံပယ်ဖြူနု
အေးအေးဆေးဆေးနဲ့ ကလေး‌ေတွကို ဂိုက်လုပ်ပြီးစာသင်တဲ့ငြိမ်းမှာတော့ အမေဆိုတာမရှိတော့။ကြီးကြီး၊ အဖေနဲ့အကိုသာရှိ‌‌ေတာ့တဲ့ ငြိမ်းမှာသိပ်ခင်ရတဲ့ မမသက်န‌ဲ့ ဥက္ကာတို့ မောင်နှမတော့ ရှိပါသေးရဲ့။ မမသက်တို့အိမ်မှာ အလှူလုပ်တော့ ငြိမ်း သွားစားရင်း မမသက်ရ‌ဲ့ သူငယ်ချင်းမကြည်ပြာက ငြိမ်းအဖေကို သူ့မောင်လေးကို သတ်ခဲ့ပါတယ်ဆိုပြီး စွပ်စွဲပါတော့တယ်။ ငြိမ်းလည်းကြားကြားချင်းလက်မခံနိုင် ။မမသက်တို့က အရင်ထဲကမကြည်ပြာမောင်လေးသေတာ သိကြပေမယ့် ဘယ်သူသတ်မှန်းတော့ခုမှပဲ သိကြ‌ရတာပေါ့။ မမသက်လည်းကြားပြီးရော ငြိမ်းအပေါ်အမြင်မကြည်တော့ပဲ ဥက္ကာကတော့ ပုံမှန်တိုင်းငြိမ်းကို ခင်နေမြဲ။ငြိမ်းကဒီကိစ္စကို မယုံနိုင်ပ‌ဲ ငြိမ်းအကိုကို ဖုန်းဆက်မေးတော့ သူလည်းမယုံဘူး၊မဖြစ်နိုင်ဘူးဆိုပြီးတော့ ပြောတယ်။ငြိမ်းကအဖေကိုမေးတော့ အဖေကအမှုဖြစ်ခဲ့တာမှန်ပြီးတော့ သူအပြစ်မရှိပဲ တရားသေလွတ်ခဲ့ကြောင်း ကြီးကြီးလည်း အဲ့လိုပဲပြောပါတယ်။ မကြည်ပြာရဲ့ ဒိုင်ယာရီကို မမသက်ဖတ်ပြီး ငြိမ်းဖတ်လိုက်ရချိန်မှာတော့ ငြိမ်းကိုယ်တိုင် စုံစမ်းချင်တဲ့စိတ်တွေက တားမရအောင် ပြင်းပြနေခဲ့တယ်။ငြိမ်းအိမ်မှာရှိတဲ့ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊သက်သေတွေကိုသေချာစုဆောင်း မှတ်သားပြီးတော့ ငြိမ်းရဲ့ငယ်စဉ်ကနေထိုင်ခဲ့တဲ့ မွေးရပ်ဇာတိ ဧရာဝတီမြစ်ကမ်းအနီးက မြိုင်သာယာမြို့‌ေလးဆီ သွားပြီးစုံစမ်းတဲ့အခါမှာတော့.....ငြိမ်းစုံစမ်းတဲ့အချိန်မှာဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ။ငြိမ်းယုံကြည်နေခဲ့သလို ငြိမ်းအဖေက လူမသတ်ခဲ့ဘူးဆိုတာ ဟုတ်မှန်ပါ့မလား။ငြိမ်းသာ အမှန်သိသွားတဲ့အချိန်မှာကော ဘယ်လိုခံစားရမလဲ။မမသက်နဲ့ဥက္ကာကကော ငြိမ်းအပေါ်အရင်လိုပြန်ဆက်ဆံပါ့မလား။မကြည်ပြာကကော ငြိမ်းအပေါ်ဘယ်လိုသဘောထားဆက်ဆံမလဲ ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုရင်းစောင့်ကြည့်ကြပါဦးနော်။
ဒီစာအုပ်လေးကိုဖတ်နေတဲ့အချိန်မှာ ငြိမ်းနေရာကနေခံစားမိတော့ အရမ်းကိုမွန်းကြပ်ရပါတယ်။ကိုယ့်ကအမှားမလုပ်ပေမယ့် ကိုယ်နဲ့ပတ်သတ်တဲ့သူကအမှားလုပ်မိတဲ့အခါ သူအပြင်ကိုယ်ကပါအဲ့ဒီဒဏ်တွေကိုခံစားရတော့ သိပ်ကိုခံစားရခက်ပါတယ်။တစ်ခုခုကိုလုပ်တဲ့အချိန်မှာလည်း စိတ်လိုက်မာန်ပါမလုပ်ပဲ သေချာစဉ်းစားဆုံးဖြတ်ပြီးမှသာ‌ေကာင်းရာမှန်ရာကိုလုပ်သင့်ပါကြောင်း........
#လှပ်၍လွင့်သောကမ္ဘာ
#ဆရာမစံပယ်ဖြူနု
#reviewed by khing
2.9K viewsedited  08:28
Open / Comment
2021-12-16 15:28:18 အမေနှင့်သမီးများ -မောင်သိန်းဆိုင်

"အမေနှင့်သမီးများ''လို့ခေါင်းစဥ်တပ်ထားတော့ မိခင်တစ်ယောက်နဲ့ သမီးတွေကြား မပြေလည်တဲ့ဆက်ဆံရေးတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေအကြောင်း ရေးထားမလားလို့ထင်ခဲ့မိတယ်။
တကယ်တော့ အချစ်ရဲ့ ထာဝရှင်သန်ခြင်းလို့ပြောရမဲ့ သမီးလေးယောက်အမေ မုဆိုးမတစ်ယောက်နဲ့ သူရဲ့ငယ်ချစ်ဦးတို့ အချစ်အတွက် ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းလေးဆိုပါတော့။

တက္ကသိုလ်နယ်မြေ မှာ ကိုဝေလင်းနဲ့မယဥ်သန့် တို့အချစ်ဇာတ်လမ်းလေး သင်းပျံ့နေခဲ့ဖူးတယ်။
မယဥ်သန့်အစ်မ မယဥ်ခန့်ဆုံးလိ​ု့မယဥ်သန့်တစ်ယောက် သူ့အိမ်အပြန်မှာတော့ သူ့ခဲအိုကို လက်မထပ်ချင်ပါဘဲ အကြောင်းအမျိုးမျိုးကြောင့်လက်ထပ်ခဲ့ရတယ် ။အက်အကြောင်းကြောင့် မယဥ်သန့်နဲ့ကိုဝေလင်းတို့လွဲချော်ခဲ့ရတာပေါ့။'ကျမရဲ့ခန္ဓာသာရမယ် ကျမရဲ့အချစ်ကိုတော့ ဘယ်တော့မှရမှာမဟုတ် 'ဆိုတဲ့ ရာဇသံအတိုင်းဘဲ မယဥ်သန့်ခဲအိုဟာ သေသည်အထိ မယဥ်သန့်ဆီကချစ်​​မြတ်နိုးမှုများရမသွား​ပေ။)
နောက်၁၀နှစ်လောက်အကြာမှာ မုဆိုးမဖြစ်နေတဲ့ မယဥ်သန့်နဲ့ လူပျိုကြီးကိုဝေလင်းတို့ ပြန်တွေ့ရမဲ့ကံပါလာပြီး ရင်ခုန်သံတွေလဲ ပြန်လည်နုပျိုလာကြတယ်။ ချစ်နေကြပါလျက်သေးနဲ့ ဒုတိယအကြိမ်ရတဲ့အခွင့်အရေးကို လက်လွှတ်ရမှာမတန်ဘူးလေ။ အက်တော့လက်ထပ်ချင်ကြတယ်။
သမီးတွေအပေါ် မိခင်ပီသတဲ့ မယဥ်သန့် အဖို့တော့ သမီးတွေ မကြည်ဖြူတဲ့ ကိစ္စကို ဘယ်တော့မှလုပ်မှာမဟုတ်။ သမီးတွေကလဲ သူတို့ဖအေကို သူ့အမေမချစ်ခဲ့ရတာရဲ့ တရားခံဖြစ်တဲ့ ကိုဝေလင်းနဲ့လုံးဝသဘောမတူကြ လက်မခံ ကြ။ အထူးသဖြင့် သမီး၄ယောက်ထဲမှာ (မယဥ်သန့်အစ်မ မယဥ်ခန့်ကမွေးခဲ့တဲ့သမီးဖြစ်တဲ့) သက်မာ က မယဥ်သန့်ကိုရော ကိုဝေလင်းကိုရော စကားလုံးတွေနဲ့ထိုးနှက်တတ်ပြီး အ ခိုင်အမာဆန့်ကျင်သူ။ကိုဝေလင်းကလဲ ခလေးတွေကို စည်းရုံးဖို့ အကြိမ်ကြိမ်ကြိုးစားလဲ အရာမထင်။
' သမီးတွေရဲ့ဆန္ဒ'နဲ့ 'အချစ်ရဲ့အလို'ကြားမှာ လွန်ဆွဲနေရတဲ့မယဥ်သန့်။အချစ်ကို ဒုတိယအကြမ်စွန့်လွှတ်ရဦးမှာလား။ ပျော်ရွှင်ရဦးမှာလား။

(သူ တို့ခေတ်သူတို့အခါတုန်းက ရုပ်ရှင်ရိုက်ကူးခဲ့ရပြီး ရုပ်ရှင်အနေနဲ့ပါ အောင်မြင်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။)

#Zaw#
6.5K views12:28
Open / Comment
2021-11-25 13:50:25 https://drive.google.com/file/d/0B4E4G6KgpyDzU29jLW1HeEoyR1U/view?resourcekey=0-aPfiDjowAxQUk_3eqCgOAA
ဒါကမြန်မာပြန်ပါ။
8.0K viewsedited  10:50
Open / Comment
2021-11-25 13:17:13 https://docs.google.com/file/d/0Bww2XZ1lBZHMeHZ6TEhaZEVRUEE/edit?resourcekey=0-Ao3Ves1gO68yrwx10ernSg
ဒါကoriginal bookရဲ့pdfပါ
7.3K viewsedited  10:17
Open / Comment
2021-11-25 13:08:57
ဒါကမြန်မာပြန်စာအုပ်ပါ။
6.0K views10:08
Open / Comment
2021-11-25 13:08:40
ဒါကoriginal bookပါ
5.1K views10:08
Open / Comment