🔥 Burn Fat Fast. Discover How! 💪

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 14

2023-03-05 03:39:25 ပြည်နယ်ဥက္ကဋ္ဌနှင့်ကွတ်ခိုင်ကော်မတီဝင်များ
တွေ့ဆုံဆွေးနွေး
=============================
ကွတ်ခိုင် မတ် ၄

၄.၃.၂၀၂၃ရက်​နေ့ ကွတ်ခိုင်မြို့
ပြည်နယ်​ကော်မတီဝင်ဦးစိုင်း
​မောင်​မောင်ထွန်း​နေအိမ်တွင်
ရှမ်း/​မြောက်ပြည်ခိုင်ဖြိုးပါတီ
ပြည်နယ်ဥက္ကဌ Drမျိုးထွန်း
အတွင်း​ရေးမူးDrလှဆိုင်းတို့
သည်ကွတ်ခိုင်မြို့နယ်ပါတီ​
ကော်မတီဝင်များနှင့်​တွေ့ဆုံပြီး
ဗဟိုအလုပ်အမူ​ဆောင်​ကော်မတီ
(၃)လတစ်ကြိမ်စုံညီအစည်းအဝေး၂/၂၀၂၃ မှ
ချမှတ်ခဲ့သည့်​ရှေ့လုပ်ငန်းစဥ်
များအားရှင်းလင်း​ဆွေး​နွေးခဲ့
ပါသည်။

ပြည်နယ်ဥက္ကဌ မှ စည်းလုံးညီ
ညွတ်မူ၊အင်အားကြီးမားမူ၊
တိကျပြတ်သားမူ၊သစ္စာရှိမူ၊
ပြည်သူလူထုယုံကြည်အားကိုးမူ
စသည့်အချက်များနှင့်ပြည့်စုံ
သည့် SMART partyဖြစ်​အောင်
ကြိုးစား​ဆောင်ရွက်ရန်၊

ပြည်သူနှင့်တစ်သားတည်းရှိ
သည့်အသွင်သစ်ဆက်ဆံ​ရေး
တည်​​ထောင်ကြရန်၊

ပါတီဝင်အင်အားစီစစ်ခြင်း၊
ပါတီဝင်သစ်နှင့်ဝန်းရံ အင်အား
တိုးမြင့်ရရှိ​ရေးကြိုးပမ်း​ဆောင်
ရွက်ရန်၊

First Time Voterများ/
ပါတီဝင်​ဟောင်းများ/မိတ်ဘက်
များ/လူငယ်/အမျိုးသမီး/
စာ​ပေယဥ်​ကျေးမူအသင်းများ/
လူမူ​ရေးအသင်းအဖွဲ့များနှင့်
စဥ်ဆက်မပြတ်ထိ​တွေ့ဆက်ဆံ​
​ရေး​ဆောင်ရွက်ရန်၊
လုံခြုံ​ရေးနှင့်ပါတ်သက်၍
သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ
ပြည်သူစစ်များနှင့်​ပေါင်းစပ်​
ဆောင်ရွက်ရန်

စည်းရုံး​ရေးကဏ္ဍ
ကြီး(၈)ရပ်​အောင်မြင်​အောင်
ဝိုင်းဝန်း​ဆောင်ရွက်ကြရန်
ဆွေး​​နွေးမှာကြားခဲ့ပါသည်။
မြို့နယ်ဥက္ကဌမှစည်းရုံး​ရေးနှင့်
ပါတီဝင်အင်အားစီစစ်​ရေး
လုပ်ငန်း​ဆောင်ရွက်​နေမူအ​ခြေ
အ​နေများအားရှင်းလင်းခဲ့ပါသည်။
162 views00:39
Open / Comment
2023-03-05 03:36:47
ပါတီဝင်စိစစ်ခြင်းဆောင်ရွက်
====================
သီပေါ မတ် ၄

ရှမ်းမြောက်၊သီပေါပြည်ခိုင်ဖြိုးပါတီမှ
ပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်။
151 views00:36
Open / Comment
2023-03-05 03:32:08
အလှူမင်္ဂလာပွဲတက်ရောက်၍အလှူငွေများထည့်ဝင်လှူဒါန်း
===========================
လားရှိုး မတ် ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ အတွင်းရေးမှူးဦးစိုင်းအောင်ကျော်၊အမျိုးသမီးရေးရာတာဝန်ခံဒေါ်နန်းမြမြဆွေ၊လူငယ်ရေးရာ တာဝန်ခံ ဒေါ်ချိုမာတို့ ဦးဆောင်သောမြို့နယ်ကော်မတီဝင်များသည်၂၀၂၃ခုနှစ်၊ မတ်လ(၄)ရက် နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိူးမြို့နယ် တာပုံကျးရွာဘုန်းတော်ကြီးကျောင်းတွင်ပြု လုပ်သောစုပေါင်းရှင်ပြုအလှူမင်္ဂလာပွဲသို့တက်ရောက်အားပေးပြီးအလှူငွေများထည့်ဝင်လှူဒါန်း ခဲ့ကြကြောင်းသိရပါသည်။
170 views00:32
Open / Comment
2023-03-05 03:30:19
ပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်
===========================
မိုးမိတ် မတ် ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးကျော်စိန်၊ မြို့နယ်ဘဏ္ဍာရေးမှူး(ယာယီ)ဒေါ်ခင်မြင့်ဌေးမြို့နယ်ပါတီဦးဆောင်သောမြို့နယ်ကော်မတီဝင်များ သည်၂၀၂၃ခုနှစ်၊ မတ်လ(၄)ရက် နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်ပါတီရုံး၌ ပါတီ ဝင်အင်အားစစ်ဆေးခြင်း၊ကော်မရှင်သို့တင်ပြမည့် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။
အဆိုပါ ပါတီဝင်အင်အားစိစစ်ရာသို့ မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးမြင့်ဦးဆောင်သော ခရိုင်ကော်မ တီဝင်များလည်း သွားရောက်ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါသည်။
149 views00:30
Open / Comment
2023-03-04 12:49:17
(၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို ပေးပိုသည့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏
သဝဏ်လွှာ
===========================================
170 views09:49
Open / Comment
2023-03-03 18:59:41
ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ
လုပ်ငန်းညှိနှိုင်းအစည်းအဝေး
========================
ကြို့ပင်ကောက် မတ် ၃

ယနေ့နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်လွင်ဦးဆောင်၍ မြို့ယ်ကော်မတီဝင်များနှင့်မျက်နှာစုံညီအစည်းအဝေးကိုကျင်းပခဲ့ပါသည် ။
အစည်းအဝေးတွင်ဥက္ကဌဦးခင်မောင်လွင်မှ ပါတီလမ်းညွှန်ချက်များအချိန်နှင့်တပြေးညီဆောင်ရွက်န်ိုင်ရေးအတွက် ညွှန်ကြားပြီး တက်ရောက်သူများမှ တင်ပြဆွေးနွေးခြင်းများဖြင့်ဆောင်ရွက်ခဲ့ပါသည်။
402 views15:59
Open / Comment
2023-03-03 18:55:12
စေတီတော်သန့်ရှင်းရေးပူးပေါင်းပါဝင်
ဆောင်ရွက်
===========================
နမ့်စန် မတ် ၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဌေးလွင် ( ခ ) ဦးဒီလုံး ၊ ခရိုင်အတွင်းရေးမှူး ဦးလင်းအောင်ဆွေ ၊ မြို့နယ်လူငယ် နှင့် အမျိုး
သမီးရေးရာအဖွဲ့ များသည် နမ့်စန်မြို့နယ် ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
409 views15:55
Open / Comment
2023-03-03 18:51:16
ပါတီလုပ်ငန်းများစနစ်တကျဆောင်ရွက်လျှက်ရှိ
=======================
လားရှိုး မတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့နယ်ပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအုန်းငွေ၊အမျိုးသမီးရေးရာတာဝန်ခံဒေါ်နန်းမြမြဆွေတို့ဦးဆောင်သော လားရှိုးမြို့ နယ်ကော်မတီဝင်များနှင့် ရုံးဦးစီးအဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင်လား ရှိုးမြို့နယ်ပါတီရုံး၌ပါတီဗဟိုမှချမှတ်သောဒုတိယရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင် ရေး ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေကြပါသည်။
268 views15:51
Open / Comment
2023-03-03 18:46:53
ဒုတိယရက်(၉၀)အကောင်အထည်ဖော်ရန်စီစဉ်ဆောင်ရွက်
=========================
လားရှိုး မတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊အတွင်းရေးမှူးဒေါက်တာလဆိုင်း၊ဘဏ္ဍာရေးမှူးဦးစိုင်းခမ်းကော်၊မီဒီယာတာဝန်ခံ ဦး ကျော်ဇောဝင်းတို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင် ပြည်နယ်ပါတီရုံး၌ ပါတီဗဟိုမှချ မှတ်သောဒုတိယရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကိုဆွေးနွေး ညှိ နိုင်းပြီး ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများကိုဆက် လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရ ပါသည်။
ပြည်နယ်ပါတီဥက္ကဋ္ဌ၊ပြည်နယ်ပါတီအတွင်းရေးမှူး၊ပြည်နယ်ဘဏ္ဍာရေးမှူးနှင့်မီဒီယာတာဝန်ခံတို့ သည် ကွင်းဆင်းဆောင်ရွက်မှု့မပြုသောရက်များတွင် ပြည်နယ်ပါတီရုံး၌ ရုံးတက်ချိန် နံနက်(၉) နာရီမှ ညနေ(၄)နာရီအထိ ပါတီကိစ္စများကို အစဉ်တစိုက်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
285 views15:46
Open / Comment
2023-03-03 18:26:53
တိုင်း/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
======================
မြောင်းမြ မတ် ၃

၃.၃.၂၀၂၃ရက်နေ့နေ့လည်(၂း၀၅)နာရီအချိန်တွင်မြောင်းမြမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌တိုင်းပါတီကော်မတီဝင်ဦးဉာဏ်လင်းတိုင်းပါတီကော်မတီဝင်ဦးခင်မောင်ဝင်းတိုင်းပါတီကော်မတီဝင်ဦးပြုံးချို(မြောင်းမြမြို့နယ်တာဝန်ခံ)နှင့်မြောင်းမြခရိုင်ပါတီဥက္ကဌဦးအောင်မြင့်အတွင်းရေးမှူးဦးဇော်ဇော်လတ်မြောင်းမြမြို့နယ်ပါတီဥက္ကဌဦးစိုးနိုင်မြို့နယ်ပါတီဝင်များတွေ့ဆုံပြီးပါတီ၏ရှေ့လုပ်ငန်းများ/ပါတီစည်းကမ်းများရှင်းလင်းဆွေးနွေးခဲ့ပါသည်။
371 views15:26
Open / Comment