Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 2

2023-07-06 17:23:25
မိုးရာသီနိုင်ငံရေးလှုပ်ရှားမှု(Politicial Activities Raining Season)ကွင်းဆင်း ဆောင်ရွက်ခြင်း
============================

လွိုင်လင်  ဇူလိုင်  ၅

လွိုင်လင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဒေါ်နန်းစံညွန့်မှ ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များသည် ပင်လုံမြို့ မြောက်ဖက် ပေါင်လိုင်းကျေးရွာတွင်ဒေသခံ တောင်သူလယ်သမားများနှင့်တွေ့ဆုံပြီး မိမိတို့ပါတီ​၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး လယ်ယာလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော ပျိုးပင် ၊မြေဩဇာနှင့် ပေါင်းသတ်ဆေးစသည့် ဆက်စပ်ပစ္စည်းများ ရရှိနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီိး ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များမှ ကောက်စိုက်ခြင်းလုပ်ငန်းတွင် ဝင်ရောက်လုပ်အားပေး စိုက်ပျိုး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
465 views14:23
Open / Comment
2023-06-14 05:49:26
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ
ပုသိမ်ညွန့်ရပ်ကွက် အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းသို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်
====================================================================

တောင်ညွန့်။ ။ဇွန် (၁၀)
                      ရန်ကုန်တိုင်းဒေသကြီး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် မှ ပုသိမ်ညွန့်ရပ်ကွက် ရှိ အမှတ် (၂၁)အခြေခံပညာမူလတန်းကျောင်း ရှိကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့်ခြင်အန္တရာယ်ကင်းဝေးစေရန် အတွက်  ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းကို (၁၀.၆.၂၀၂၃)စနေနေ့ကဆောင်ရွက်
ခဲ့ပါသည်။
            အဆိုပါ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်
မှု ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန်၊ဘဏ္ဍာရေးမှုး ဒေါ်နှင်းအိအိခင် ၊မြို့နယ်မီဒီယာတာ၀န်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့် နှင့်ပါတီဝင်လူငယ်များ မှ လိုက် ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
625 views02:49
Open / Comment
2023-06-14 05:48:31
417 views02:48
Open / Comment
2023-06-14 05:48:20 မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့
အမှတ်(၁၇)ရပ်ကွက်ပြည်သူများနှင့် ရပ်ကွက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးဆောင်ရွက်
=====================================
ဇွန် ၁၁ ၊ ၂၀၂၃

၁၁ - ၆ - ၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၃း၀၀ နာရီမှ ၁၄း၁၅ နာရီအထိတွင် ရွှေပြည်သာမြို့နယ် အမှတ်
(၁၇)ရပ်ကွက် စုစံဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ရွှေပြည်သာမြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့သည် ရပ်ကွက်ဒေသဖွံ့ဖြိုးရေးအတွ ရပ်ကွက် ပြည်သူ (၁၂၀)ဦးနှင့် ဆုံစည်းကာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။

ထို့သို့ပြည့်မဏ္ဍိုင်အဖွဲ့နှင့် ဆုံစည်းရာတွင် မင်္ဂလာဒုံ ခရိုင်ပြည့်မဏ္ဍိုင်အဖွဲ့ခေါင်းဆောင် ဒေါ်ချမ်းမြအေးနှင့် ခရိုင်အဖွဲ့ဝင် ဦးထွန်းထွန်းဦး ၊ ရွှေပြည်သာ
မြို့နယ် ပြည့်မဏ္ဍိုင်အဖွဲ့ခေါင်းဆောင် Dr. လေးမောင် နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်သိင်္ဂီ ၊ ဒေါ်မြတ်မြတ်ညွန့်နှင့် ဦးမျိုးမင်းဦး ၊ ရပ်မိရပ်ဖများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရွှေနှင့်အဖွဲ့ဝင်များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်သူ များက လမ်းပန်းဆက်သွယ်ရေး ၊ ရေစီးရေလာကောင်းမွန်ရေး ၊ ယိုင်စောင်းနေသည့် လမ်းမီးတိုင်များ တည့်မတ်ရေး စသဖြင့် ဒေသဖွံ့ဖြိုး​ရေးဆိုင် ရာများဆွေးနွေးတင်ပြကြပြီး မင်္ဂလာဒုံခရိုင်ပြည့်မဏ္ဍိုင်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက တင်ပြချက်အားပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ။
294 views02:48
Open / Comment
2023-06-14 05:47:04
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ
ပုသိမ်ညွန့်ရပ်ကွက် အမှတ် (၂၄) အခြေခံပညာမူလတန်း ကျောင်း သို့ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်
====================================================================

တောင်ညွန့်။ ။ဇွန် (၁၂)
                      ရန်ကုန်တိုင်းဒေသကြီး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် မှ ပုသိမ်ညွန့်ရပ်ကွက် ရှိ အမှတ် (၂၄)အခြေခံပညာမူလတန်းလွန်ကျောင်း ရှိကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့်ခြင်အန္တရာယ်ကင်းဝေးစေရန် အတွက်  ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းကို ယနေ့ (၁၂.၆.၂၀၂၃) တနင်္လာ နေ့
ညနေ (5:00) ကဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်
မှု ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန်၊မြို့နယ်မီဒီယာတာ၀န်ခံ ဦးဗိုလ်ဗိုလ်ခင်‌မောင်တင့် နှင့်ပါတီဝင်လူငယ်များ မှ လိုက် ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
327 views02:47
Open / Comment
2023-06-11 14:17:52
ပါတီ (၁၃)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်အလှူငွေ (၂၀၀၀၀၀)လှူဒါန်း
==================
မိုင်းဖြတ် ဇွန် ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့ ရှိ ထေရဝါသဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်အား အသစ်ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုးကွယ်ရန်အတွက် မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတည်ထောင်ခြင်း(၁၃)နှစ်ပြည့်နှစ်ပတ်လည်အထိန်းအမှတ် အဖြစ်အလှူငွေကျပ်(၂၀၀၀၀၀)အားသွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
 
#SN
702 views11:17
Open / Comment
2023-06-11 13:57:10
577 views10:57
Open / Comment
2023-06-11 13:57:08
(၁၃)နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြည်ထောင်စုနယ်မြေ ဥက္ကဌ ဒိုင်း မိုးရာသီဘောလုံးပွဲကျင်းပ

နေပြည်တော် ဇွန်လ (၁၁)ရက်နေ့  ၂၀၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ (၁၃)နှစ်မြောက် ပြညိခိုင်ဖြိုးပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် မိုးရာသီချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ အား ဇမ္ဗူသီရိမြို့နယ် ဘောလုံးကွင်း၌
နံနက် (၈)နာရီတွင် ကွင်းဖွင့်ပွဲကျင်ပခဲ့ပြီး  ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေမှ စပေးဘောလုံး စကန်၍ ဖွင့်လှစ်ပေးခဲ့ပါသည်
      အခမ်းအနားအားနေပြည်တော် မြို့နယ်ရှစ်မြို့နယ်မှ ဘောလုံးအသင်းများတက်ရောက် ခဲ့ပြီး လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ့်အသင်းများ စတင်ကန်ခဲ့ပါသည်။
442 views10:57
Open / Comment
2023-06-11 13:53:15
၁၃ နှစ်မြောက်၊ပါတီနှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်
==================
ကွမ်းလုံ ဇွန် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွမ်းလုံမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီရုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၁၃ နှစ်မြောက်၊ နှစ်ပတ်လည်အခမ်းအနားကိုပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။

အဆိုပါအခမ်းအနားသို့ ပင့်သံဃာ ၅ ပါးအား နေ့ဆွမ်းဆပ်ကပ်ပြီး လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်ယခဲ့ကြပါသည်၊

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းနှင့်ကွမ်းလုံခရိုင်နှင့်မြို့နယ်ကော်မတီဝင်များ စုံညီစွာတက်ရောက်၍ ပရိတ်တရားတော်များ နာယူခဲ့ကြကြောင်းသတင်းရရှိပါသည်။
346 views10:53
Open / Comment
2023-05-21 07:10:50
(၃၈)ဖြာမင်္ဂလာစာမေးပွဲအောင်မြင်သူများ
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်
982 views04:10
Open / Comment