Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 3

2023-05-21 07:10:48 (၃၈)ဖြာမင်္ဂလာစာမေးပွဲအောင်မြင်သူများ
ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှတက်ရောက်
---------------------------------------------------
(၂၀-၅-၂၀၂၃)ရက်နေ့(၁၂:၀၀)မှ(၁၃:၃၀)အချိန်ထိ ကျောက်ဆည်မြို့၊မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊YMBA(ဗဟို)မှ ကြီးမှုးကျင်းပသော မန္တလေးတိုင်းဒေသကြီး (၇၃)ကြိမ်မြောက်၊(၃၈)ဖြာမင်္ဂလာစာမေးပွဲအောင်မြင်သူများ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိူင်ငံတော်သြဝါဒါစရိယ၊ကျောက်ဆည်မြို့ ဧရာဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပါမောက္ခ အမှုးပြုသော ဆရာတော်၊သံဃာတော်များ၊ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဒုတိယဥက္ကဌဒေါက်တာအောင်မင်းကျော်သူနှင့်ဗဟိုအမှုဆောင်များ၊မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဌဦးကြည်စိန်နှင့်အမှုဆောင်များ၊အသင်းတာဝန်ရှိသူများ၊ကျောက်ဆည်တပ်နယ်မှုး ဗိုလ်မှုးချုပ်သိန်းထွေးနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ/မြို့ဖများ၊အလှူရှင်များ၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးမြတ်သူ၊ဦးတင့်လွင်ဦး၊ဦးမျိုးမြင့်၊ဒေါ်ဝါဝါလှိုင်၊ကျောက်ဆည်မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊စာအောင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက နိူင်ငံတော်သြဝါဒါစရိယ ဧရာဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပါမောက္ခထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် ဘဒ္ဒန္တပါမောက္ခမှ အဖွင့်သြဝါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။၎င်းနောက် ကျောက်ဆည်တပ်နယ်မှုး ဗိုလ်မှုးချုပ်သိန်းထွေးက သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ပြီး အလှုရှင်များက ဆရာတော်၊သံဃာတော်များအား လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ဆက်လက်၍ အလှုငွေများပေးအပ်လှုဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လှုဒါန်းငွေ(၅)သိန်းကျပ်အား လှုဒါန်းခဲ့ရာ ကျောက်ဆည်တပ်နယ်မှုး ဗိုလ်မှုးချုပ်သိန်းထွေးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဒုတိယဥက္ကဌ ဒေါက်တာအောင်မင်းကျော်သူ၊ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ဌာနတာဝန်ခံ ကျောက်ဆည်မြို့၊မဟာဂန္ဓာရုံကျောင်းတိုက်မှစာချဆရာတော် အရှင်ပဏ္ဍိတက ကျေးဇူးတင်စကား မိန့်ကြားခဲ့ပါသည်။၎င်းနောက် ကျောက်ဆည်မြို့၊မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီးချီးမြှင့်တော်မူသည့် အနူမောဒနာတရား နာယူကာ လှုဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး ပထမပိုင်းအခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားဒုတိယပိုင်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း တာဝန်ရှိသူများက အထူးအောင်(၄၄၄)ဦး၊ရိုးရိုးအောင်(၁၃၉၈)ဦးတို့အား စာဖြေဌာနအလိုက် အောင်လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
#သတင်းထုတ်ပြန်ရေးအဖွဲ့
941 views04:10
Open / Comment
2023-05-19 17:39:23
စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲသို့တိုင်းပါတီ
ဥက္ကဋ္ဌတက်ရောက်
====================
ဖျာပုံ မေ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ ၊ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်ပါတီမှကြီးမှူးဖွင့်လှစ်သော စွမ်းရည်မြင့်သင်တန်းသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်း၊ကော်မတီဝင်းဦးသန်းထွန်း၊ဒေါ်စိုးစိုးရီ(ဖျာပုံခရိုင်တာဝန်ခံ)၊ခရိုင်ပါတီဥက္ကဌဦးစန်းမောင်နှင့်ကော်မတီဝင်များ၊ဖျာပုံ၊ဒေးဒရဲ၊ဘိုကလေး၊ကျိုက်လတ်မြို့နယ်ပါတီဥက္ကဌများနှင့်သင်တန်းနည်းပြများ၊သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ပါသည်။
1.3K views14:39
Open / Comment
2023-05-19 17:24:18
ရှမ်း/အရှေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု (ဆင့်ပွား)သင်တန်း ဖွင့်လှစ်
------------------------------------
မိုင်းဆတ်၊  မေ (၁၈)ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ကို နံနက်(၀၉၀၀)နာရီအချိန် တွင် မိုင်းဆတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။သင်တန်းဖွင့်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုင်းမိုးဇော်ဦး ၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ၀င်များ၊မြို့နယ်မီဒီယာတာ၀န်ခံ၊ရပ်ကွက်နှင့် ကျေးရွာပါတီများမှပါတီ၀င်သင်တန်းသားများ တက်ရောက် ခဲ့ပါသည်။
  
792 views14:24
Open / Comment
2023-05-18 01:24:15
639 views22:24
Open / Comment
2023-05-18 01:24:06
569 views22:24
Open / Comment
2023-05-18 01:24:05
401 views22:24
Open / Comment
2023-05-12 10:18:53
1.2K views07:18
Open / Comment
2023-05-12 10:18:46 ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု (ဆင့်ပွား)သင်တန်း ဖွင့်လှစ်
============================

တောင်ကြီး  မေ  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကို (၁၂.၅.၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀)နာရီချိန် ပြည်နယ်ပါတီရုံး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ ၊ခရိုင်ကော်မတီဝင်များနှင့် တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀)ချိန်တွင်ရုတ်သိမ်းကာ အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်၊မြို့နယ်များမှ မီဒီယာတာဝန်ခံများ၊လူငယ်နှင့်အမျိုးသမီးများ စုစုပေါင်းသင်တန်းသား (၂၇)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်းသိရှိရပါသည်။
1.3K views07:18
Open / Comment
2023-05-11 06:45:58
ပြည်သူ့ဆက်ဆံရေးအထောက်အကူပြု
(ဆင့်ပွား)သင်တန်းဖွင့်လှစ်
======================
ဟိုပန် မေ ၁၀

ရှမ်းမြောက်၊
ဟိုပန်မြို့မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီ
ရုံး၌ပြည်သူ့ဆက်ဆံ​ရေးအ​ထောက်
အကူပြုဆင့်ပွားသင်တန်း
သင်တန်းအမှတ်စဥ်(၁)အား
ဟိုပန်မြို့နယ်ပါတီရုံးတွင်
ကျင်းပရာ ဟိုပန်၊ကွမ်းလုံ၊
​လောက်ကိုင်နှင့်ကုန်းကြမ်း
မြို့နယ်များမှ မြို့နယ်ဥက္ကဌ
များနှင့်သင်တန်းသား(၃၀)ဦး
တက်​ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား
အပြီးတွင်"ဝ"ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်​ရေး
အဖွဲ့ဥက္ကဌ ဦးညီနပ်မှ မြို့နယ်
ပါတီရုံးဝန်ထမ်းများအား
(ဆန်၊ဆီ၊ကြက်ဥ)များ​ထောက်ပံ့
​ပေးခဲ့ပါသည်။
1.0K views03:45
Open / Comment
2023-05-11 06:40:08
858 views03:40
Open / Comment