Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 7

2023-03-31 12:44:26
မြို့နယ်ကော်မတီလစဉ်ပုံမှန် အစည်းအဝေးကျင်းပ
============================

ကလော   မတ်  ၃၁

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)ချိန်  မြို့နယ်ပါတိရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးစံဌေးမှ ဒုတိယပါတ်ရက်(၉၀)စီမံချက်ပါ အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခြင်း၊ပါတီဝင်အင်အား စီစစ်ခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးခွန်ထွန်းဖြူမှ ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံးApplication (No.1) အသုံးပြုပုံအဆင့်ဆင့်အား တစ်ဦးချင်းစီအလိုက် အသုံးပြုနိုင်သည်အထိ တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
1.2K views09:44
Open / Comment
2023-03-31 12:39:58
တောင်ကြီး မတ် ၃၁

ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပြည်နယ်ပါတီအစည်းအဝေးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မှတ်ပုံတင်ခြင်း စနစ်သစ် Application များကို ရှင်းလင်းခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခ့ဲပါသည်။ ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် နှင့် ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ခင်ထွေးအောင် ( စည်းရုံးရေးရာတာဝန်ခံ) မှ Application No 1 ( USDP ) Client အသုံးပြုပုံအဆင့်ဆင့် ၊ Application No 2 ( USDP Township ) မြို့နယ်အဆင့် အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်/ မြို့နယ်ဥက္က နှင့်ကော်မတီဝင်များမှ Application. အသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့စမ်းသပ်လေ့ကျင့်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင်များ ၊ ခရိုင် ( ၆ ) ခရိုင်မှ ဥက္ကဌ များး ၊ မြို့နယ် ( ၁၆ ) မြို့နယ်ဥက္က နှင့်ကော်မတီဝင်များ စုစုပေါင်းအင်အား ( ၅၅ ) ဦးတက်ရောက်ခဲ့ပါသည်။
995 views09:39
Open / Comment
2023-03-31 03:27:32
ရေအားလျှပ်စစ်စီမံကိန်း ဖေါ်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခြင်း
============================
ကွန်ဟိန်း  မတ်  ၃၀

ရှမ်းပြည်နယ် (တောင်ပိုင်း)
ကွန်ဟိန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းနု နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဥက္ကဋ္ဌ၊မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိတို့နှင့်အတူ ကျိုင်းလွန်းကျေးရွာအုပ်စု ဟိုယံကျွန်းရှိ ရေတံခွန်သို့ သွားရောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူရရှိနိုင်မှု အခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
430 views00:27
Open / Comment
2023-03-31 03:23:38
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
================.
ဆီဆိုင် မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)
ဆီဆိုင်မြို့  ရွှေဟင်္သါဘုရား
(၉) ကြိမ်မြောက်အသံမစဲပဌာန်းပူဇော်ပွဲ၌
သံဃာတော်များအားဆီဆိုင်မြို့နယ် 
ပြည် ခိုင်  ဖြိုးပါတီမိသားစုမှနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
417 views00:23
Open / Comment
2023-03-30 08:27:25
မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး မတ် ၃၀

မင်းဘူးခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းပါတီအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူးဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်နှင့် မင်းလှမြို့နယ်မှ ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ကြသည်။
496 views05:27
Open / Comment
2023-03-29 17:30:08
ပါတီအစည်းအဝေးကျင်းပ
====================
တာချီလိတ် မတ် ၂၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)
တာချီလိတ်ခရိုင်နှင့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ရှေ့လုပ်ငန်းစဉ်များဆောက်ရွက်ရေးအတွက်ညှိနှိုင်းအစည်းအဝေးအား၊မကာဟို
ခမ်းရပ်ကွက်၊ပါတီရုံး၌ကျင်းပပြုလုပ်ရာ လက်ရှိလုပ်ဆောင်နေမှု့များ၊ရှေ့ဆောက်ရွက်မည့်လုပ်ငန်းများကိုညှိနှိုင်းတိုင်ပင်ပြီး
(၁၁း၃၀)အချိန်တွင် အစည်းအဝေးရုတ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ(ယာယီ) ဦးကျော်ငြိမ်းအောင်နှင့်မြို့နယ်ကော် မတီဝင်များ၊ ခရိုင်အမျိုးသမီးရေးရာတာခံ ဒေါ်ကြည်ကြည်သန်း၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ နှင့် ခရိုင်/မြို့နယ် အမျိုးသမီးအဖွဲ့ဝင်တို့မှ တက်ရောက်ခဲ့ပါသည်။
1.1K views14:30
Open / Comment
2023-03-29 17:12:45
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့် တွေ့ဆုံ
=====================================
မကွေး ၊ မတ် ၂၉

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင် ဦးညွှန့်ဝင်း ဦးဗိုလ်ဟိန်းထွန်း၊ လူငယ်ရေးရာ ခေါင်းဆောင် ဦးရဲထက်အောင်တို့သည် ရုံးကုန်းကျေးရွာ၊
ကွမ်းအုံး(တ/မ)ကျေးရွာ၊ကူးသန်းကျေးရွာသို့
အမာခံပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည် ။

တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု ၊PRစနစ် ၊ပါတီဗဟို ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီ၏လုပ်ငန်းမျာဆောင်ရွက်နေမှု ၊ရက် (၉၀ )လုပ်ငန်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိူင်ရေး ၊ ပါတီ၏ရပ်တည်ချက်၊ပါတီဝင်အင်အားစီစစ်စာရင်းပြုစု လက်မှတ်ရေးထိုးပြီး ဓာတ်ပုံ ရိုက်လုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ပါသည်။
1.0K views14:12
Open / Comment
2023-03-28 18:32:26
488 views15:32
Open / Comment
2023-03-28 18:32:24
486 views15:32
Open / Comment
2023-03-28 18:32:20
274 views15:32
Open / Comment