Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 5

2023-04-30 06:52:13 ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံး Application ဖြည့်သွင်းခြင်း ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းမှု လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအတွက် ပြည်နယ်/ ခရိုင် / မြို့နယ်များ Zoom meeting ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
====================
တောင်ကြီး ဧပြီလ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မှ ယနေ့ ( ၂၈.၄.၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀း၄၅ ) နာရီအခိျန်တွင် ပြည်နယ်ကော်မတီဝင်များ ( ခရိုင်/ မြို့နယ် တာဝန်ခံ ) ၊ ခရိုင် / မြို့နယ် ဥက္ကဌများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး Zoom meeting ပြုလုပ်ခဲ့ပါသည် ။ အစည်းအဝေးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မွ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ( ၂ / ၂၀၂၃ ) အစည်းအဝေးမှတ်တမ်း မွ ဆုံးဖြတ်ချက်များအား ပြန်လည်ချပြ ရှင်းလင်းခြင်း ၊ ပါတီဝင်လျှောက်လွှာ နှင့် နည်းဥပဒေ ( ၁၃ ) ပုံစံ ( ဇ ) ဖြည့်စွက်ခြင်း ၊ ပါတီဝင်မှတ်ပုံတင်ခြင်းစနစ်သုံး Application ဖြည့်သွင်းခြင်း ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းမှု လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအခြေနေ နှင့် ပါတီ ဥက္ကဌကြီး၏ Zoom meeting အစည်းအဝေး၌ လမ်းညွန်မှာကြားချက်များအား ရှင်းလင်းပြောကြားခ့ဲပါသည် ။ ဆက်လက်၍ ခရိုင် / မြို့နယ်ဥက္ကဌ မ်ားမွ ပါတီဝင်အင်အားဖြည့်သွင်းခြင်းကိစ္စ ၊ ပြည့်မဏ္႑ိုင်ဖွဲ့စည်းထားရှိမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် ဒုတိယ ( ၃ ) လတာ ရက် ( ၉၀ ) စီမံချက် လုပ်ငန်းဆောင်ရွက်မှုအခြေနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည် ။ ဆက်လက်ပြီး ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိန်လေးမောင် ( ခေတ္တအတွင်းရေးမှူး )( မီဒီယာတာဝန္်ခံ) ၊ ဦးအောင်ကျော်ညွန့် ( စီမံရေးရာ ) ၊ ဦးစိုင်းစံဝင်း ( ပါတီစည်းကမ်းထိန်းသိမ်းရေး ) ၊ ဦးစိုင်းကျော်မိုး ( ပါတီလုပ်ငန်းစိစစ် ) ၊ ဒေါ်ခင်ထွေးအောင် ( စည်းရုံးရေးရာတာဝန်ခံ ) ၊ ဦးစောထွန်းခိုင် ( လူငယ်ရေးရာတာဝန်ခံ ) တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ပါသည် ။ ထိုနောက်ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး Zoom meeting အစည်းအဝေးအား မွန်းလွဲ ( ၁း၃၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည် ။
844 views03:52
Open / Comment
2023-04-30 06:52:11
768 views03:52
Open / Comment
2023-04-30 06:51:27
နယ်မြေကွင်းဆင်း၍ပါတီဝင်များနှင့်
တွေ့ဆုံဆွေးနွေး
=========================
ရပ်စောက် ဧပြီ ၂၉

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင်  ဒေါ်ဝေဝေမြင့်သည် သည် မကျီးကုန်း ကျေးရွာအုပ်စု ဝန်စိုကျေးရွာဉီးဝင်းနိုင်နေအိမ်၌ ပါတီအဆင့်ဆင့်ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပါတီကေဒါများဖွဲ့စည်းနိုင်ရေး နှင့် အမာခံပါတီဝင်များ စုစည်းထားနိူင်ရေး ကိစ္စရပ်များအား ညှိနိူင်းဆွေးနွေးခဲ့ကြပါသည်။
959 views03:51
Open / Comment
2023-04-30 06:50:28
ဟိုပန်မြို့သို့သွားရောက်၍ပါတီလုပ်ငန်းများကွင်းဆင်းစစ်ဆေး
========================
ဟိုပန် ဧပြီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း ၊ကွမ်းလုံခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းရင်၊ဟိုပန်မြို့နယ်ပါတီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းတို့သည်၂၀၂၃ ခုနှစ်၊ဧပြီလ(၂၉)ရက်နေ့တွင် ဟိုပန်မြို့နယ်ပါတီရုံး၌ ရုံးလုပ်ငန်းများကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ကြကြောင်းသတင်းရရှိပါသည်။
1.4K views03:50
Open / Comment
2023-04-24 17:57:41
2.2K views14:57
Open / Comment
2023-04-24 17:57:40
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ "ပြည်သူ့ဆက်ဆံရေးအထောက်အကူပြုနည်းပြသင်တန်း" ဖွင့်ပွဲသို့ ပါတီဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်
=======================================
ဧပြီ ၂၄၊ နေပြည်တော်
1.8K views14:57
Open / Comment
2023-04-24 17:56:56 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ "ပြည်သူ့ဆက်ဆံရေးအထောက်အကူပြုနည်းပြသင်တန်း" ဖွင့်ပွဲသို့ ပါတီဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်
=======================================
ဧပြီ ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ဆက်ဆံရေးဌာနကြီးမှ ကြီးမှူးဖွင့်လှစ်သည့် "ပြည်သူ့ဆက်ဆံရေးအထောက်အကူပြုနည်းပြသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၂၄-၄-၂၀၂၃ ရက်နေ့ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ​လေးပြုပြီ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အနာဂတ်မျှော်မှန်းချက်များ အပါအဝင် မှာကြားချက်များဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားကို နံနက် (၁၀:၀၀)အချိန်တွင် ရုတ်သိမ်းပြီး ပါတီဥက္ကဋ္ဌနှင့် အကြီးအကဲများက သင်တန်းတက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ၎င်းနောက် ဘာသာရပ်ပို့ချခြင်းများကို ပါတီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့မှလည်း တက်ရောက်လေ့လာခဲ့ကြပါသည်။

အဆိုပါ "ပြည်သူ့ဆက်ဆံရေး အထောက်အကူပြုနည်းပြသင်တန်း" ကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား/သင်တန်းသူ (၁၀၀)ဦးဖြင့် ရက်သတ္တတစ်ပတ်တာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

#USDP #Myanmar
#Naypyitaw
1.7K views14:56
Open / Comment
2023-04-22 13:57:15
956 views10:57
Open / Comment
2023-04-22 13:57:14
955 views10:57
Open / Comment
2023-04-22 13:56:54 နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးရွာ၊ အောင်မြင်ကုန်းရွာမှ လေဘေးသင့်ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ကူညီလှူဒါန်း
=======================================
ဧပြီ ၂၂၊ နေပြည်တော်

​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၁-၄-၂၀၂၃ ရက်နေ့ ညနေတွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးရွာ၊ အောင်မြင်ကုန်းရွာမှ ပြည်သူများဆီသို့ သွားရောက်ကူညီခဲ့ပါသည်။

ကူညီမှုအနေဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ပြည်သူများအား ကျေးရွာမှ ဆေးရုံသို့ ပို့ဆောင်ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ မော်တော်ယာဥ် ၁ စီး၊ ပြည်ထောင်စုနယ်မြေပါတီမှ မော်တော်ယာဥ် ၄ စီးဖြင့် သွားရောက်ကူညီခဲ့ပါသည်။

၂၂-၄-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံသွားရောက်ပြီး စားသောက်မှုအဆင်ပြေစေရေးအတွက် သောက်ရေသန့်ကဒ်များ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ဒံပေါက်အထုပ်များ၊ အချိုရည်နှင့် ကော်ဖီမစ်များ ကုန်ကျစရိတ် စုစုပေါင်း (၁၁၅)သိန်းဖိုးအား ပြည်ထောင်စုနယ်မြေပါတီမှ သွားရောက်ပို့ဆောင်ကူညီခဲ့ပါသည်။

၄င်းနောက် နေ့လည်ပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ နေပြည်တော် ပြည်သူ့ဆေးရုံ ကုတင် (၁၀၀၀)သို့ သွားရောက်ပြီး ထိခိုက်ဒဏ်ရာရသူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ အလှူငွေ (၃၅)သိန်းကျပ်အား ထပ်မံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

#USDP #Myanmar
#Naypyitaw
906 views10:56
Open / Comment