Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 9

2023-03-15 18:22:45
ယဥ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့်ကလေးငယ်များအတွက်အဟာရလှူဒါန်း
=======================
ပြင်ဦးလွင် မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၅:၀၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁)၊ထုံးဘိုရပ်၊ပန်းတိုင်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းသား/ သူများအား ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အာဟာရကျွေးမွေးလှူဒါန်းခဲ့ရာ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဟိန်းမင်းဦးနှင့်ခရိုင်/မြို့နယ်ကော်မတီဝင်များ တက်ရောက်လှူဒါန်းခဲ့ကြပါသည်။အဆိုပါ ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းမှာ ၃-၃-၂၀၂၃ ရက်နေ့မှ ၁၈-၃-၂၀၂၃ ရက်နေ့ထိ နေ့စဥ် ၀၉:၀၀မှ၁၅:၀၀ အချိန်ထိဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား/ သူ ၁၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
1.0K views15:22
Open / Comment
2023-03-15 18:19:47
လုပ်ငန်းညှိနှိုင်းအစည်းအဝေး
======================
စဥ့်ကူး မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၁:၀၀မှ၁၃:၀၀ အချိန်ထိ စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ စဥ့်ကူးမြို့နယ်ပါတီဥက္ကဌဦးဝင်းဆွေ၊အတွင်းရေးမှုးဦးအောင်နိူင်ဦးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဒုတိယ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊၁၀-၃-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
608 views15:19
Open / Comment
2023-03-15 18:18:40
ဘွဲ့တံဆိပ်တော်ရဆရာတော်အားဖူးမြော်
ကြည်ညိုပြီးအလှူငွေလှူဒါန်း
=======================
မဟာအောင်မြေ မတ် ၁၅

မဟာအောင်မြေခရိုင် ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌဦးမြင့်သန်း၊အတွင်းရေးမှုးဦးဝင်းလှိုင်ငြိမ်းနှင့်ကော်မတီဝင်များ၊ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဌဦးကိုကိုဦးနှင့်ကော်မတီဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊လယ်ဝန်ကျောင်းမှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တ ပညာသီရိထံသို့လည်းကောင်း၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မင်္ဂလာဘုံကျော်ကျောင်းတိုက်မှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တကေသဝထံသို့လည်းကောင်း သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
461 views15:18
Open / Comment
2023-03-15 18:15:42
တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
=======================
မိတ္ထီလာ မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၃:၀၀မှ၁၅:၀၀ အချိန်ထိ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမြင့်ဆန်းနှင့်ကော်မတီဝင်များသည် မိတ္ထီလာမြို့နယ်၊ကွက်ငယ်အုပ်စု၊ကြာကန်ကျေးရွာသို့သွားရောက်ပြီး ကြာကန်ကျေးရွာမှ စီမံကိန်း၊အထူးမိုးကြိုဝါ (၇၁)ဧက စိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံရာတွင် မြို့နယ်ပါတီဥက္ကဌဦးမြင့်ဆန်းက ပြည်ခိုင်ဖြိုးပါတီ၏ တောင်သူလယ်သမားရေးရာ မူဝါဒသဘောထားများအား ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်း၊အထူးမိုးကြိုဝါ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကူညီပံပိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ရာ ဝါစိုက်တောင်သူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
426 views15:15
Open / Comment
2023-03-15 18:12:53
မီးကြိုးများ လှူဒါန်းပေးခြင်း
...............................................................
တာချီလိတ် မတ် ၁၅

  တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄) ရွာနေ ပါတီဝင်များ၏ နေအိမ်မျာသည် လွန်ခဲ့သော နှစ်(၂၀)မှ သွယ်တန်းခဲ့သည့် လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်း၍ ပေါက်ပြဲနေပြီး ဝါယာရှော့မကြာခဏဖြစ်နေ၍ အိမ်တိုင်စေ့ မီးကြိုးအသစ်လဲလှယ်ရန် လိုအပ်နေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီသို့ (၉.၃.၂၀၂၃)ရက်နေ့တွင် လာရောက်အကူအညီတောင်းခံမှုအပေါ် ယနေ့တွင် ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဌ(ယာယီ) ဦးကျော်ငြိမ်းအောင်၊ ဒေါ်မူအန်တူငဲတ(အမျိုးသမီးရေးရာတာဝန်ခံ)နှင့်ပါတီရုံးဝန်ထမ်း များမှ ပါတီရုံးတွင် (၂×၂.၅) မီးကြိုး ခွေကြီး(၃)ခွေ၊ (၂×၁)မီးကြိုးခွေသေး(၅)ခွေ၊ တန်ဖိုးငွကျပ်(၅)သိန်း
(၅)သောင်းရှိ လျှပ်စစ်မီကြိုးခွေများကို ခရိုင်/မြို့နယ်ပါတီမှ လှူဒါန်းပေးရာ ရန်ရှင်း(၄)ရွာ သူကြီး ဦးကျချီ နှင့် ပါတီဝင် ဦးမာလခီ၊ ဦးယောလှတို့မှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် ရွာသူကြီးနှင့်ပါတီဝင်များဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
419 views15:12
Open / Comment
2023-03-15 03:15:10
886 views00:15
Open / Comment
2023-03-15 03:14:38 ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ တောင်ငူခရိုင်အတွင်းရှိ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
========================
တောင်ငူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဌဦးရဲမြင့်ထွန်း ဦးဆောင်သော တိုင်းပါတီကော်မတီဝင်များသည် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်ပါတီ အစည်းအဝေးခန်းမတွင် တောင်ခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ကော်မတီဝင်များ ၊ ခရိုင်အတွင်းရှိမြို့နယ်အသီးသီး၏ ပါတီဥက္ကဌများ ၊ အတွင်းရေးမှူးများ နှင့်တွေ့ဆုံခဲ့သည် ။

ရှေးဦးစွာ ပါတီ၏ဗဟိုအလုပ်အမှုဆောင် ၊ တိုင်းဒေသကြီးပါတီ၏ဥက္ကဌမှ လာရောက်တွေ့ဆုံရခြင်းအားဆွေးနွေးခဲ့ရာတွင် ပါတီ၏လုပ်ငန်းစီမံချက်ဖြစ်သော သုံးလတာ ရက်ပေါင်း ၉၀ အားအကောင်အထည်ဖော်ရာတွင် ရရှိကြုံတွေ့ခဲ့ရသော အားသာချက် ၊အားနည်းချက်များ ၊ ပါတီဝင်များမြေပြင်စရင်းအမှန်စီစစ်ဆောင်ရွှက်နေမှုများ ၊ ဒုတိယ ရက်ပေါင်း ၉၀ ပါတီ၏လုပ်ငန်းစီမံချက်များအား မိမိတို့တိုင်းဒေသကြီးပါတီအနေဖြင့် ရာနှုန်းပြည့်ပြီးစီးအောင်မြင်နိုင်ရေး ၊ မြို့နယ်များ၏ မြေပြင်အခြေအနေအမှန်ကို သိရှိထားမှုအခြေအနေများအား ချပြရှင်းလင်းဆွေးနွေးခဲ့သည် ။ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်မှ ပါတီလုပ်ငန်းကိစ္စရပ်များ ၊ လုပ်ငန်းစီမံချက်များ ၊ မိမိတို့ပါတီဝင်များ၏ လုံခြုံရေးတိုင်ရာကိစ္စရပ်များ စသည်တို့ကိုအကျယ်တစ်ဝင့်ရှင်းလင်းချပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာရေးရာကော်မတီတာဝန်ခံ တိုင်းပါတီကော်မတီဝင်များမှ လူငယ်ရေးရာကဏ္ဍ ၊ အမျိုးသမီးရေးရာကဏ္ဍ ၊ မီဒီယာကဏ္ဍ ၊ အလုပ်သမားရေးရာကဏ္ဍ ၊ လုပ်ငန်းစီစစ်ရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးချပြဆွေးနွေးခဲ့သည် ။ ဆွေးနွေးရှင်းလင်းချက်များအပေါ် ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ပါတီဥက္ကဌများမှ သက်ဆိုင်ရာမြို့နယ်များ၏ ပါတီလုပ်ငန်းစီမံချက်များအကောင်အထည်ဖော်ဆောင်ရွှက်နေမှု ၊ မြေပြင်ပါတီ၏ ပကတိအခြေအနေများအား အသီးသီးတင်ပြဆွေးနွေးခဲ့သည် ။ တင်ပြချက်များအပေါ်ပါတီ၏တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွှက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီ၏လုပ်ငန်းစီမံချက်များ အောင်မြင်စွာဆောင်ရွှက်နိုင်ရေးအတွက် တိုင်း ၊ ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ကျေးရွာများအထိ စဥ်ဆက်မပြတ်ထိတွေ့ကာ ပါတီလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည် ။

#USDP #Bago
890 viewsedited  00:14
Open / Comment
2023-03-14 17:08:36
ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကွက်ပါတီများလုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်
===========================
ရွှေပြည်သာ မတ် ၁၄

     ၁၄-၃-၂၀၂၃ နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၆း၀၀
နာရီအထိတွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်နှင့် ရပ်ကွက်ပါတီများ လုပ်ငန်း
ညှိုနှိုင်းအစည်းအဝေးကို မြို့နယ်နှင့် ရပ်ကွက်ပါတီများ စုစုပေါင်းအင်အား ၅၀ ဦးဖြင့် ဆောင်ရွက်ကြသည်။
   အစည်းအဝေးတွင် မြို့နယ်ပါတီ ယာယီဥက္ကဌ
ဦးထွန်းထွန်းဦးက ပါတီ၏ ဒုတိယရက်(၉၀)စီမံချက်ပါလုပ်ငန်းစဥ်များ ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းစဥ်များကို ​ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းကာ ပါတီဝင်အင်အားများကို စိစစ်ခြင်းဆောင်ရွက်ကြသည် ။
644 views14:08
Open / Comment
2023-03-14 16:40:17
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
========================
ဗန်းမော် မတ် ၁၄

ဗန်းမော် ခရိုင်၊ဗန်းမော်မြို့နယ်
ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်
လုပ်ငန်းညှိ နှိုင်းအစည်းအဝေးပြုလုပ်
672 views13:40
Open / Comment
2023-03-14 06:25:45
1.1K views03:25
Open / Comment