🔥 Burn Fat Fast. Discover How! 💪

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 11

2023-03-12 18:18:24
ပါတီဝင်အသစ်များအားကြိုဆိုရာတွင်
လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက်ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီသို့
အလှူငွေသိန်း(၁၀၀)လာရောက်လှူဒါန်း
==========================
လားရှိုး မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ​ရှမ်းပြည်နယ်မြောက်ပိုင်း
ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာကြမည့်ပါတီဝင်
အသစ်များကြိုဆိုဂုဏ်ပြုသောအားဖြင့်
လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက်
ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီအားအလှူငွေ
သိန်း(၅၀)ကျပ်ကိုလည်းကောင်း၊
ဗဟုိကော်မတီဝင်၊မုန်းဝန်းယဥ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးမြင့်
လွင်မှ အလှူငွေ သိန်း (၅၀)ကျပ်စုစုပေါင်းသိန်း(၁၀၀)
ကျပ်တိတိလာရောက်လှူဒါန်းခဲ့ရာ
ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှလက်ခံရယူခဲ့ပါသည်။
617 views15:18
Open / Comment
2023-03-12 17:58:58
ရက်(၉၀)စီမံချက်ဆက်လက်ဆောင်ရွက်ခြင်းနှင့်ပါတီဝင်အသစ်များကြိုဆို
========================
သိန္နီ မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးစံ အေး ဦးဆောင်သောမြို့နယ်ကော်မတီဝင်များနှင့်ရုံးဦးစီးအဖွဲ့များသည်၂၀၂၃ခု နှစ်၊မတ် လ(၁၁) ရက် နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကောင်းဟော်ကျေးရွာအုပ်စု၊ကောင်းလောက်ကျေးရွာတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကိုကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပါတီဝင်ကဒ်အသစ်လဲလှယ်ရမည့် သူ(၇၅)ဦးနှင့် ပါတီဝင်အဖြစ်လျှောက်ထားမှု့(၇၀)ဦးရရှိခဲ့ကြောင်းသိရပြီး ပါတီဝင်အသစ်လက်ခံ ခြင်းများကိုစနစ်တကျလက်ခံခြင်း များပြုလုပ်ခဲ့ပြီး ပါတီမှ ကြိုဆိုကြောင်း ဂုဏ်ပြုစကားပြန်လည် ပြောကြားခဲ့ကြောင်းသိရပါသည်။
823 views14:58
Open / Comment
2023-03-12 12:38:54
428 views09:38
Open / Comment
2023-03-12 12:38:31 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီအ​ဟောင်းများနှင့်တွေ့ဆုံ
***********
မတ် ၁၂၊ သံတွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ ၃ နာရီအချိန်ထိ သံတွဲမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်မှ ပါတီဝင်ဟောင်း (၈၀)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီမှ ဆောင်ရွက်နေသောလုပ်ငန်းစဥ်ကိစ္စရပ်များ၊ ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းကူညီဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပါတီ၏ အားနည်းချက် အားသာချက်များ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့်စနစ်အကြောင်းအရာများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

#USDP #Myanmar
#Rakhine
419 views09:38
Open / Comment
2023-03-12 11:31:57
423 views08:31
Open / Comment
2023-03-12 11:31:53
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီအဆင့်ဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ
***************************************
391 views08:31
Open / Comment
2023-03-10 08:18:26
လုပ်ငန်းညှိနှိုင်းအစည်းအဝေး
======================
တောင်ကြီး မတ် ၁၀

တောင်ကြီးမြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးနင့်မြိုနယ်ပါတီကော်မတီဝင်အရံပါတီကော်မတီဝင်များမြို့နယ်ပါတီရုံးခန်းတွင်လုပ်ငန်းညှိနိုင်းစည်းဝေး
ပြုလုပ်ခဲ့ပါသည်။
979 views05:18
Open / Comment
2023-03-10 08:06:22
ရှမ်းမြောက်၊ပြည်ခိုင်ဖြိုးပါတီ
၂၀၂၃ ပထမ(၃)လပါတ်အစည်းအဝေးကျင်းပ
========================
လားရှိုး မတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဒေါက်တာ မျိဲးထွန်းဦးဆောင်သော ပြည်နယ်ကောမတီဝင်များ၊ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/မြို့နယ် ဥက္ကဋ္ဌများနှင့်၂၀၂၃ ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်ပါတီရုံးတွင် ၂၀၂၃ ခုနှစ်၊ပထမ(၃)လပါတ်အစည်းအဝေးကိုကျင်းပခဲ့ပြီး ပထမရက်(၉၀)စီမံချက်အကောင်အထည် ဖော်ဆောင်မှု့ပြီးစီးမှု့များကိုရှင်းလင်းသုံးသပ်ခြင်းနှင့်ဒုတိယရက်(၉၀)စီမံချက်နှင့်ပက်သက်၍ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်/ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်မြို့နယ်များမှ ပါတီကော် မတီအဖွဲ့ဝင်(၃၆)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
1.0K views05:06
Open / Comment
2023-03-09 16:59:37
666 views13:59
Open / Comment
2023-03-09 16:59:28 ဒိုက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ပါတီတာဝန်ရှိသူများတွေ့ဆုံ

ဒိုက်ဦး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးရဲမြင့်ထွန်း၏ ပါတီလုပ်ငန်းလမ်းညွန်စီမံချက်အရ မတ်လ ၉ ရက်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်ပါတီရုံးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်နိုင် နှင့်တိုင်းပါတီကော်မတီဝင်များသည် မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ။

အစီစဥ်အရရှေးဦးစွာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်နိုင် မှလာရောက်တွေ့ဆုံရခြင်း၏ကိစ္စရပ်များအားနှုက်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပြောကြားခဲ့ရာတွင် ပါတီဗဟို၏လုပ်ငန်းလမ်းညွန်ချက် ၊ ပါတီဝင်များစီစစ်နေမှု ၊ ပါတီဝင်များ၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အခြားကိစ္စရပ်များအားအသေးစိတ်ချပြရှင်းလင်းကာ လုပ်ငန်းစီမံချက်များအားလမ်းညွန်မှာကြားခဲ့သည်။ အစီစဥ်အရ တိုင်းဒေသကြီးပါတီ လူငယ်ရေးရာတာဝန်ခံဒေါက်တာသန့်ဇော်လွင်မှ လူငယ်ရေးရာကဏ္ဍလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၊ ဖွဲ့စည်းမှု့ ၊ စုစည်းမှု့အခြေအနေများအား အသေးစိတ်ချပြဆွေးနွေးခဲ့ပြီး ပါတီလုပ်ငန်းရေးရာစီစစ်မှုကော်မတီတာဝန်ရှိသူမှ ပါတီ၏လုပ်ငန်းများစီစစ်နေမှုအကေခအနေများအားရှင်းလင်းခဲ့ပြီး မီဒီယာကဏ္ဍစုဖွဲ့ထားရှိမှု အခြေအနေများအား အသေးစိတ်ဆွေးနွေးခဲ့သည်။

ဆွေးနွေးချက်များအပေါ်တက်ရောက်လာကြသောမြို့နယ်ပါတီ၏တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခြင်း မေးမြန်းခြင်း အကြံပြုခြင်းများအားဆောင်ရွက်ခဲ့ရာပါတီ၏တာဝန်ရှိသူများမှ တင်ပြဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပေးခဲ့ပြီး ရှေ့လုပ်ငန်းစဥ်များအားချမှတ်နိုင်ခဲ့သည် ။

#USDP #Bago
693 views13:59
Open / Comment