Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 10

2023-03-14 06:25:19
907 views03:25
Open / Comment
2023-03-13 18:32:33
တပ်ကုန်း မတ် ၁၃

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ
နယ်မြေတာဝန်ခံများ၊ရပ်ကျေးပါတီ ကော်မတီ များမှအမာခံ ပါတီဝင်ရရှိရေး ဆောင်ရွက်နေမှုများ အားပြည်ထောင်စုနယ် မြေ ပါတီကော်မတီ ဝင်ဦးကျော်ကျော်လတ် (ဗဟိုကော်မတီဝင်)မှ လိုအပ်သည် များနှင့်..ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စ ရပ်များအားမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်
659 views15:32
Open / Comment
2023-03-13 17:46:40
ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များတက်ရောက်
=================================
မတ် ၁၂၊ ပုသိမ်

၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၉ အချိန်တွင် ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အောက်မြန်မာပြည်လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ အမျိုးသမီးရေးရာ အောက်မြန်မာပြည်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်ရွှေမြင့်တို့မှ သက်ဆိုင်ရာ ရေးရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် လူငယ်ရေးရာတာဝန်ခံတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တွေ့ဆုံပွဲပြုလုပ်ရခြင်းတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင်များမှပြန်လည်ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။
755 views14:46
Open / Comment
2023-03-13 17:19:24
နယ်မြေကွင်းဆင်း၍ဒေသခံများနှင့်
စကားဝိုင်းပြုလုပ်
=====================+
မိတ္ထီလာ မတ် ၁၃

မိတ္ထီလာမြို့နယ်၊ကျွဲတလင်းကျေးရွာအုပ်စု၊ဘုံစုကံကျေးရွာတွင် ဒေသခံများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မိတ္ထီလာမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမြင့်ဆန်းနှင့်ကော်မတီဝင်များ၊ရပ်/ ကျေးကော်မတီဝင်များ၊ပါတီဝင်များ၊ဝါရင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်း၊လက်ရှိနိူင်ငံရေးအခြေအနေများနှင့် လူငယ်/အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းရေး လုပ်ငန်းစဥ်များဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
598 views14:19
Open / Comment
2023-03-13 17:17:45
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
=========================
ချမ်းအေးသာစံ မတ် ၁၃

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်ပါတီ ဥက္ကဌဦးကျော်ကျော်ဌေး၊အတွင်းရေးမှုး ဦးစန်းမောင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ၁၀-၃-၂၀၂၃ ရက်နေ့က တိုင်းဒေသကြီးပါတီရုံးတွင်ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လုပ်ငန််းညှိနှိုင်းအစည်းအဝေးမှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊လူငယ်/အမျိုးသမီးကဏ္ဍလှုပ်ရှားမှုများ ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
457 views14:17
Open / Comment
2023-03-12 18:42:13
ပါတီဝင်စိစစ်ခြင်းဆောင်ရွက်
====================
မိုင်းယောင်း မတ် ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)
မိုင်းယောင်းခရိုင် ၊
မြို့နယ်ပါတီဝင်အင်အားစိစစ်ရေး
ဆောင်ရွက်ခဲ့ပါသည်။
971 views15:42
Open / Comment
2023-03-12 18:40:13
ပါတီဝင်စိစစ်ခြင်းဆောင်ရွက်
====================
မိုင်းယန်း မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)
မိုင်းယန်းမြို့နယ်
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် ရုံး၀န်ထမ်းအဖွဲ့တို့မှ ပါတီ၀င်အင်အားပြန်လည်စိစစ်သည့်လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။
947 views15:40
Open / Comment
2023-03-12 18:36:09
ပါတီဝင်အဖြစ်လျှောက်ထားသူများအား
ပါတီဝင်အဆိုပြုလွှာဖြည့်သွင်းခြင်းဆောင်ရွက်
========================
တန့်ယန်း မတ် ၁၁

ရက်(၉၀)စီမံချက်ဆက်လက်ဆောင်ရွက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးကျော်လှိုင်ဦးဆောင်သောမြို့နယ်ကော်မတီဝင်များနှင့်ရုံးဦးစီးအဖွဲ့များသည်၂၀၂၃ခု နှစ်၊မတ် လ(၁၁) ရက် နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊တန့်ယန်းမြို့၊မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများမှ ပါတီဝင်အဖြစ်လျှောက်ထားမှု့များကိုစနစ်တကျလက်ခံခြင်းနှင့်ပါတီဝင်အင်အားစိစစ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
616 views15:36
Open / Comment
2023-03-12 18:32:52
မိဘမဲ့ကျောင်းအတွက်ဆန်၊ဆီ၊ဆားများ
လှူဒါန်းပြီးပိုလီယိုရောဂါခံစားနေရသော
ကလေးများအားထောက်ပံ့
==========================
လားရှိုး မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်နယ်အမျိုး သမီးရေးရာတာဝန်ခံဒေါ်နန်းခမ်းယဉ်နှင့်မိသားစုသည် လားရှိုးမြို့နယ် အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်နန်းမြမြဆွေနှင့်လူငယ်ရေးရာတာဝန်ခံဒေါ်ချို မာတို့ပါလိုက်ပါ၍၂၀၂၃ ခုနှစ်၊မတ်လ(၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ အလင်းအိမ်မိဘမဲ့  ကျောင်း ရှိ မသန်မစွမ်း ပိုလီယိုရောဂါခံစားနေရသော ကလေးများအတွက် (၁)ဦးလျှင် ငွေကျပ် (၂) သောင်းစီ ထောက်ပံ့ပေးခဲ့ပြီးအလင်းအိမ်မိဘမဲ့  ကျောင်း
အတွက် ဆန်၊ဆီ၊ဆား၊ရေသန့်၊ဆပ်ပြာ
နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရပါသည်။
554 views15:32
Open / Comment
2023-03-12 18:22:15
ဘုရားရွှေကပ်လှူဒါန်းရန်အတွက်
အလှူငွေထည့်ဝင်လှူဒါန်း
===================
နမ့်ခမ်း မတ် ၁၂

ရှမ်းမြောက်၊နမ့်ခမ်းမြို့
မြို့နယ်ဘုရားကျောင်းတွင် ပြုလုပ်ကျင်းပသည့် ဘုရားကြီးရွှေချရန်အတွက် စုပေါင်းအလှူငွေ ပေးအပ်ပွဲသို့တက်ရောက် ပါဝင်လှူဒါန်းခဲ့ပါသည်။
570 views15:22
Open / Comment