Get Mystery Box with random crypto!

USDP News

Logo of telegram channel kyawswarks969 — USDP News U
Logo of telegram channel kyawswarks969 — USDP News
Channel address: @kyawswarks969
Categories: Politics
Language: English
Subscribers: 14.12K
Description from channel

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


The latest Messages 4

2023-05-11 06:40:05 ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကွင်းဆင်းဆောင်ရွက်ခြင်း
=============================

တောင်ကြီး    မေ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်သည် တောင်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်သူရရှင်း၊အတွင်းရေးမှူး ဦးသန်းထူး၊မြို့နယ်ပါတီ အကြံပေး ဦးကျော်ကျော် နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာ ၊နယ်မြေ(၃)မှ ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်သိုက်​၏ နေအိမ်တွင် ယနေ့ နံနက် (၁၀:၃၀)ချိန်မှ စတင်ပြီး ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်သိုက်အပါ ကါတီဝင်အင်အား (၃၀)ဦးနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သူရရှင်း မှ လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပါတီ အကြံပေးဦးကျော်ကျော်မှ ပါတီ​၏ အရံအင်အားအဖြစ် ပြည့်မဏ္ဍိုင်ဖွဲ့စည်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ချပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က လက်ရှိနိုင်ငံရေးအခြေအနေ ၊ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုလက်ရှိပါတီဝင်များက ပြည်သူများကိုဝိုင်းဝန်း စည်းရုံးပြီး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားပြီး ရွေးကောက်ပွဲတွင် မိမိမဲပေးရမည့်ပါတီ၊ လူပုဂ္ဂိုလ် ရွေးချယ်ရာတွင်လည်း မိမိဒေသအကျိုးကို အမှန်တကယ် ဖေါ်ဆောင်ပေးနိုင်မည့်သူကိုသာ စီစစ်ရွေးချယ်မဲပေးကြရန် ပြောကြားပြီး ဆွေးနွေးပွဲကို (၁၁:၃၀)ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
629 views03:40
Open / Comment
2023-05-11 06:39:00
အမျိုးသမီးလူငယ်များနှင့် Application သွင်းခြင်း လုပ်ငန်းဆောင်ရွက်
============================

ရပ်စောက်  မေ  ၁၀

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာတာဝန်ခံ ဒေါ်အိအိအောင်သည် အမျိုးသမီးလူငယ်များနှင့် ပါတီဝင်အင်အားကို application ဖြင့် ဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိပါသည်။
544 views03:39
Open / Comment
2023-05-11 06:33:42
ပြည်ခိုင်ဖြိုးပါတီမှစွမ်းရည်မြှင့်(ဆင့်ပွား)သင်တန်းဖွင့်လှစ်
==========================
နေပြည်တော် မေလ ၁၁ ရက် ၂၀၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုနယ်မြေရုံး၌မြို့နယ်ကော်မတီဝင်များစွမ်းရည်မြှင့်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနား ကိုနံနက် (၈)နာရီခွဲအချိန်ကျင်းပခဲ့ပါသည်
အဆိုပါအခမ်းအနားကိုပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေမှအဖွင့်အမှာစကားပြောကြားခဲ့ပြီ အတွင်းရေးမှူးဦးဝင်းဋ္ဌေးသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုပြောကြားခဲ့ပါသည်
သင်တန်းသို့ ပြည်ထောင်စုနယ်မြေကော်မတီများ ခရိုင်ပါတီဥက္ကဋ္ဌများမြို့နယ်ပါတီဥက္ကဋ္ဌများသင်တန်းသားများ အင်အားစုစုပေါင်း
(၁၀၀)ခန့် တက်ရောက်ခဲ့ပါသည်
873 views03:33
Open / Comment
2023-05-10 06:10:58
1.2K views03:10
Open / Comment
2023-05-10 06:10:53 ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ  ဒေါပုံမြို့နယ်
သို့ကွင်းဆင်း ၍ ရပ်ကွက်ပါတီခေါင်းဆောင် များနှင့် တွေ့ဆုံပြီး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ။
===================================================
ဒေါပုံ။  ။ မတ် (၉)

ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင် ပြည်
​​ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီမှ ဒေါပုံမြို့နယ် သို့ကွင်းဆင်း ၍ မြို့နယ်ကော်မတီဝင်များ ရပ်ကွက်ပါတီကော်မတီဝင်များ နှင့် တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  (၉.၅.၂၀၂၃)အဂ်ါနေ့ နေ့လည် ( ၁:၃၀) က ​ဒေါပုံ ​မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဝါရင့်စာရေးဆရာကြီး အလက်ာကျော်စွာ
စည်သူ ဦးမြက်သူ က လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေနှင့်ပက်သက်၍ တင်ပြဆွေးနွေးခဲ့ပါသည်။
တို့နောက် ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင်
ဗိုလ်တထောင်ခရိုင် ပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက် မှ
ရေ နှင့် မီးကိစ္စတင်ပြထားမှုများအားဆောင်ရွက်ပြီးစီးမှု အခြေအနေ နှင့် ရက် (၉၀)စီမံချက် များ နှင့် App လုပ်ငန်းစဥ်များကို အချိန်မှီ စနစ်တကျ ပြီးစီးအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရိုင်ပါတီ ဥက္ကဌ
အနေဖြင့် တက်ရောက်လာသူများအား တစ်ဦးလျှင်
လမ်းခရီးစရိတ်( ၂၀၀၀)ကျပ်ထောက်ပံ့ပြီး မြို့နယ်ပါတီအနေဖြင့်လည်း ပုံမှန်ထောက်ပံပေးနိုင်ရေး
စီစဥ်ထားရှိပါကြောင်းပြောကြား ၍ ခရိုင်ပါတီ
အတွင်းရေး မှုး ဒေါ်လဲ့လဲ့အေး က ပြည့်မဏ္ဍိုင် လုပ်ငန်းစဥ် များနှင့်ပက်သက်၍ ရှင်းလင်းပြောကြား
ပြီး ရပ်ကွက်ပါတီခေါင်းဆောင် များက မိမိတို့ရပ်ကွက်အလိုက် လိုအပ်ချက်များကို တင်ပြဆွေးဆွေးကြပါသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက် ၊အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ဘဏ္ဍာရေးမှုး ဒေါ် အေးအေးမွန် နှင့်ခရိုင်ပါတီကော်မတီဝင်များ ၊ဒေါပုံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ပုဇွန်တောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်း၊မဂ်လာတောင်ညွန့်မြို့နယ်ပါတီ အတွင်းရေးမှုးဦးတင်ရှိန်၊သာကေတမြို့နယ်ပါတီအတွင်းရေးမှုးဦးဝေဠုအောင်၊ ဗိုလ်တထောင်မြို့နယ် ပါတီအတွင်းရေးမှုး ဦးနေဝင်းအောင်၊ ဒေါပုံမြို့နယ် ပါတီ အတွင်းရေးမှုး ဦးမောင်မောင်သန်း နှင့် ဒေါပုံမြို့နယ်ပါတီကော်မတီဝင်များ၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက် များမှ ပါတီဥက္ကဋ္ဌ များ တက်ရောက်ကြကြောင်းသိရပါသည်။
1.1K views03:10
Open / Comment
2023-05-10 05:37:45
နယ်မြေကွင်းဆင်း၍ဒေသခံများနှင့်
တွေ့ဆုံဆွေးနွေး
=======================
သိန်းနီ မေ ၉

ရှမ်းမြောက်၊သိန်းနီမြို့နယ်
ကောင်းလောက်စောက် ကျေးရွာ တွင်
ပြည့်မဏ္ဍိုင် စီမံချက် လုပ်ငန်းအဖြစ်
ဒေသခံကျေးရွာရှိ ရပ်မိ/ရပ်ဖ များ /
ပါတီဝင်များ တွေ့ဆုံပွဲ သို့ လားရှိုးခရိုင်
ပါတီ ဥက္ကဌ /သိန်းနီမြို့နယ် ပါတီ ဥက္ကဌ
နှင့် ကော်မတီဝင်များ တက်ရောက်၍
ဒေသခံများ၏ ဆွေးနွေးတင်ပြချက်များအား မှတ်သားဆွေးနွေးရှင်းလင်း
ခဲ့ပြီး ပါတီ၏ မူဝါဒများအားဆွေးနွေး
ခဲ့ကြပါသည်
737 views02:37
Open / Comment
2023-04-30 14:21:14
(၃၉) ကြိမ်မြောက် (ICAPP)အမြဲတမ်းက​ေတေီဝင်အစည်းအဝေးနှင့် ပထမအကြိမ် (ICAPP) Business Council အစည်းအဝေးများသို့ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်တက်ရောက်
******************************************
ဧပြီ ၃၀၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဋ္ဌေး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နိုင်ငံတကာရေးရာဌာနမှူး ဦးမြင့်ကိုကို၊ ဒေါက်တာသန့်ဇော်လွင်တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် International Conference of Asian Political parties (ICAPP) မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့မှ မေလ (၄)ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကျင်းပမည့် (၃၉) ကြိမ်မြောက် (ICAPP)အမြဲတမ်းက​ေတေီဝင်အစည်းအဝေးနှင့် ပထမအကြိမ် (ICAPP) Business Council အစည်းအဝေးများတက်ရောက်ရန်အတွက် ၂၉-၄-၂၀၂၃ ရက်နေ့ ညနေ (၁၆၂၅)အချိန်တွင် ရန်ကုန်-ဘန်ကောက်-ဘူဆန် လေကြောင်းခရီးစဥ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါတီတာဝန်ရှိသူများလိုက်ပါပို့ဆောင်ခဲ့ပါသည်။
1.3K views11:21
Open / Comment
2023-04-30 07:05:06
ကွမ်းလုံမြို့သို့သွားရောက်၍ပါတီလုပ်ငန်းများကွင်းဆင်းစစ်ဆေး
======================
ကွမ်းလုံ ဧပြီ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း သည်၊ကွမ်းလုံမြို့နယ်ပါတီဥက္ကဋ္ဌအတွင်းရေးမှူး ဦးစိုးနိုင်မြင့်နှင့်အတူ ၂၀၂၃ ခုနှစ်၊ဧပြီလ(၂၉)ရက် နေ့တွင်ကွမ်းလုံမြို့နယ်ပါတီရုံး၌ ရုံးလုပ်ငန်းများကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ကြပြီး ဝန်ထမ်းများ ၏ပါတီရုံးတာဝန်ထမ်းဆောင်မှု့အခြေအနေများနှင့်ပက်သက်၍လိုအပ်သည်များကိုပေါင်းစ်ညှိနိုင်း ပေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။
1.3K viewsedited  04:05
Open / Comment
2023-04-30 06:59:15
စာပေယဥ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊
ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး
=========================
နမ့်ခမ်း ဧပြီ ၂၉

ရှမ်း​​မြောက်၊နမ့်ခမ်းမြို့
ပြည်ခိုင်ဖြိုးပါတီမှသာယာကုန်းရပ်ရှိ
တာင်းခန်းမ၌ မြို့နယ်အတွင်းရှိ တအာင်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တအာင်တစယကော်မတီဝင်များ တို့နှင့်တွေ့ဆုံပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဒေသဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
1.2K views03:59
Open / Comment
2023-04-30 06:55:37
ပါတီလုပ်ငန်းများစဥ်ဆက်မပြတ်
ဆောင်ရွက်လျှက်ရှိ
=====================
နမ္မတူ ဧပြီ ၂၉

ရှမ်းမြောက်၊နမ္မတူပြည်ခိုင်ဖြိုးပါတီရုံး၌
ပါတီဌာနချုပ်၏လမ်းညွှန်ချက်များနှင့်
ပါတီလုပ်ငန်းများအားစဥ်ဆက်မပြတ်
ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
889 views03:55
Open / Comment