🔥 Burn Fat Fast. Discover How! 💪

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 54.06K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 15

2023-04-23 12:26:11 ​​အလုပ်သမားများ မမျှမတဆက်ဆံခံရသည့် အလုပ်နေရာများ- အထည်ချုပ်လုပ်ငန်း၏ အမှောင်ဘက်ခြမ်း

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအကြာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုးထပ်အဆောက်အအုံ ရာနာ ပလာဇာ အထည်ချုပ်စက်ရုံ ပြိုကျမှု ဖြစ်၍ လူ ၁,၁၃၈ ဦး သေဆုံးခဲ့ရပြီးနောက် အမြန်ထုတ်လုပ်ဖက်ရှင် fast fashion ၏ လူသေဆုံးစေသော အကျိုးဆက်များကို မီးမောင်းထိုးပြခဲ့သည်။
575 views09:26
Open / Comment
2023-04-23 12:24:44 မင်းကင်းမြို့နယ် မအူရွာစစ်ကောင်စီတပ်စခန်းကို PDF သိမ်းပိုက်ပြီး ရဟတ်ယာဉ်ကွင်း ၂ ခုကိုဖျက်ဆီး



552 views09:24
Open / Comment
2023-04-23 11:34:45 ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် သထုံမှ ဘားအံဘက်သို့ မောင်းနှင်လာသော လူနှစ်ဦးပါ အိမ်စီးကားတစ်စီးသည် သံလွင်တံတား(ဘားအံ)နှင့် မြိုင်ကလေးလမ်းဆုံအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ယာဉ်မောင်းမှာ ဦးခေါင်းကြေမွဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးခဲ့ရကာ ကားပေါ်ပါလာသူ ကျန်တစ်ဦးသည် နီးစပ်ရာတောထဲသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထွက်ပြေးသွားသူအား စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအထိုင်ချနေသော စစ်ဆေးရေး ဂိတ်တစ်ခုတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးတွင် စစ်ကောင်စီတပ်က စစ်ဆေးနေကြောင်း သိရသည်။
ဗုံးပေါက်ကွဲခဲ့သော ကားသည် Nissan X-Trial အမျိုးအစားကားတစ်စီးဖြစ်ပြီး (KYN) လိုင်စင်တပ်ထား သော်လည်း လိုင်စင်မဲ့ကားတစ်စီးဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သော သတင်းရင်းမြစ်ထံက သိရသည်။
ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သောယာဉ်မောင်းနှင့် ဖမ်းဆီးခံလိုက်ရသူတို့မှာ မည်သူမည်ဝါ ဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကားပေါ်တွင် ၃၈ ဗို့ ပစ္စတိုသေနတ်တစ်လက်၊ ပစ္စတိုကျည်ခုနစ်တောင့်၊ ကျည်အိမ်တစ်ခု၊ ရီမုတစ်ခု၊ VIVO ဖုန်းအပြာရောင် နှစ်လုံးအား တွေ့ခဲ့ရသည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ကားပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ဘားအံ-သထုံ ကားတွင် ပထမဆုံးအကြိမ်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သထုံ-ဘားအံလမ်း
#ကားဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
824 views08:34
Open / Comment
2023-04-23 11:34:44
သထုံ-ဘားအံလမ်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ သထုံ- ဘားအံလမ်းပေါ်တွင် မောင်းနှင် နေသောကားတစ်စီး ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးသွား ကြောင်း ရဲစခန်းနှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။
“ကားပေါ်တင် ဗုံးကွဲခဲ့တာမို့ ခေါင်းကြေသွားတာ။ နှစ်ဦးလာတာ တစ်ဦးသေတယ်၊ တစ်ဦးကထွက်ပြေး တာအရှင်ပြန်မိတယ်။ ပြန်မိတဲ့တယောက်ကတော့ တပ်ထဲက စစ်ကြောရေးမှာ” ဟု ရဲစခန်းနှင့်နီးစပ် သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
710 views08:34
Open / Comment
2023-04-23 11:33:14 စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ်ကို မတ်လ ၂၅ ရက်၊ ၃၀ ရက်နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်မှု လေးရက်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံကလည်း မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ဧပြီလ ၇ ရက်နေ့တွင် ကယားနှင့် ရှမ်းပြည်နယ်အစပ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာ၌ အရေးပေါ် ကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းမှ ငါးကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးကြဲမှုကြောင့် ဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူနှစ်ဦး မြေပြင်တွင်ပွဲချင်းပြီးကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သလို လူနာတင်ယာဉ်အပါအဝင် ကားလေးစီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဧပြီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေး ရွာနှင့် ပြည်သူ့ဆေးရုံကို စစ်ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းခဲ့သည်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးသဖြင့် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဂျပန်နိုင်ငံက လှူဒါန်း ထားသော ဆေးရုံအဆောက်အအုံနှင့် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ဓာတ်မှန်စက်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရသည်။ အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦးကို သတ် ဖြတ်ခဲ့ပြီး လူနာများ၊ လူနာစောင့်များနှင့် ရွာသူရွာသား ၁၀၀ ကျော်ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား ခဲ့ကာ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပြည်သူ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်သားတွေက မန်ကျည်းကန်ဆေးရုံကိုမီးရှို့ခဲ့တဲ့အပြင် ဘာတစ်ခုမှရစရာမရှိအောင် လုပ် သွားခဲ့တာ။ ရွာထဲက အိမ်တွေကိုလည်း မွှေနှောက်ရှာကြတယ်။ ရွှေတွေ၊ ပိုက်ဆံတွေ၊ သယ်လို့ရသမျှ အကုန်သယ်သွားတာ။ ရွာသားတွေရဲ့ဖုန်းတွေပါမကျန် အကုန်ယူသွားတာ”ဟု မြိုင်မြို့နယ် ဒေသကာ ကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို သတ်ဖြတ်ခြင်း၊ ၈၃၆ ဦးခန့်ကို ဖမ်းဆီး ခြင်း၊ ဆေးရုံ/ဆေးခန်းများကိုတိုက်ခိုက်ဖျက်ဆီးခြင်း (၁၈၈)ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သော လူနာ တင်ယာဉ် ၅၉ စီး၊ ခိုးယူသိမ်းပိုက်ခံရသော လူနာတင်ယာဉ် ၄၉ စီး ရှိခဲ့ကြောင်း Insecurity Insight Website ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပုံစာ-စစ်ကောင်စီတပ် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မူကြောင့် ပျက်စီးခဲ့သည့် ဆေးရုံ၊ ဆေးခန်း များ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဆေးရုံဆေးခန်း
#စစ်ကောင်စီတပ်
#တိုက်ခိုက်
#ကျန်းမာရေးဝန်ကြီးဌာန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
671 views08:33
Open / Comment
2023-04-23 11:33:10
ဧပြီလအတွင်း ဆေးရုံဆေးခန်းများအား စစ်ကောင်စီတပ်က (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်ဟုဆို

KMN
(မဇ္ဈိမ)။ ။၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၈ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံရှိ ဆေးရုံဆေးခန်းများ အပေါ် စစ်ကောင်စီတပ်က လေကြောင်းမှအပါအဝင် (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာတိုက်နယ်ဆေးရုံရှိ ပြင်ပလူနာ ဆောင်၊ ကျား/မ လူနာဆောင် နှစ်ဆောင်၊ ဆေးစတိုခန်း၊ ခွဲစိတ်ခန်းစသည်တို့ကို စစ်ကောင်စီတပ်သား များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၅ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာကို စစ်ကောင်စီတပ်က လေ ကြောင်းမှသုံးကြိမ်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ၊ စာသင် ကျောင်းနှင့် နေအိမ် ၂၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။
628 views08:33
Open / Comment
2023-04-23 11:30:20 တရုတ်ဒီဂျစ်တယ်ငွေကြေးနဲ့ Bitcoin နဲ့ တခြား Cryptocurrency တွေရဲ့အလုပ်လုပ်ပုံက မတူပါဘူး။ အဓိကကွာတဲ့အချက်ကတော့ တရုတ်ဒီဂျစ်တယ်ငွေကြေးဟာ ဗဟိုအခြေပြု (Centralized) စနစ်အနေနဲ့ တရုတ်ပြည်သူ့ဘဏ်က လိုအပ်သလို ထိန်းချုပ်ထားပြီး Bitcoin တို့လို Cryptocurrency တွေကတော့ (Decentralized) ဘယ်အစိုးရ ၊ဘယ်အဖွဲ့အစည်းကမှ ထိန်းချုပ်ထားတာမျိုးမရှိပါဘူး။

Cryptocurrency ကတော့ Blockchain နည်းပညာရဲ့ အကူအညီကြောင့် အသုံးပြုသူတွေအတွက် လုံခြုံစိတ်ချရပြီး အဖိုးအခနည်းနည်းနဲ့ ကမ္ဘာ့နေရာအနှံ့ကို ငွေလွှဲလို့ရပါတယ်။ အခြေအနေတစ်ခုခုကြောင့် အလိမ်ခံရတာမျိုး ဖြစ်ရင်တောင် Blockchainပေါ်မှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေရဲ့ အကူအညီနဲ့ လိမ်လည်သူတွေကို ခြေရာခံလို့ရပါတယ်။

ဒီလို ပွင့်လင်းမြင်သာမှု အဆင့်မြင့်တဲ့ နည်းပညာ စနစ်သစ်တွေကို ငွေကြေးကို ထိန်းချုပ်ချင်တဲ့ အစိုးရတွေက အမြင်ကြည်လေ့ မရှိပါဘူး။ အကြောင်းအရင်းကတော့ ဒီ နည်းပညာတွေကို သူတို့ကိုယ်တိုင်ထိန်းချုပ်လို့မရနေလို့ပါ။ ဒါကြောင့် တရုတ်ပြည်တွင်းမှာ ပိတ်ပင်ထားတဲ့ Bitcoin နဲ့ တခြားသော Cryptocurrency တွေ အစား Chinese Central Bank Digital Currency (CBDC) ဆိုပြီး လုပ်လာတာဖြစ်ပါတယ်။

တရုတ်ဒီဂျစ်တယ်ငွေကြေးရဲ့ ထူးဆန်တဲ့တစ်ချက်ကတော့ Expiry Date လို့ခေါ်တဲ့ သတ်မှတ်ရက်အတွင်းသုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ဆိုလိုတာက အစိုးရအနေနဲ့ ပိုက်ဆံကို ပြည်သူတွေလက်ထဲမှာ ပိုက်ဆဲအရေအတွက်အများကြီးကို မစုထားစေချင်တဲ့ သဘောပါ။ တခုခုကို သုံးပြီး ငွေကို အမြဲ လည်ပတ်နေစေချင်တဲ့ မျှော်လင့်ချက် ရှိနိုင်ပါတယ်။

နောက်ထပ်အနေနဲ့ Digital Yuan (CBDC) စနစ်ဟာ တရုတ်လူထုရဲ့ နေ့စဉ် ငွေကြေးသုံးစွဲမှု Data အချက်အလက်တွေကို စက္ကန့်မလပ်ထောက်လှမ်းနိုင်တဲ့ စနစ် အသစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံလောက် နည်းပညာအရ မလုပ်ဆောင်နိုင်သေးပေမယ့် သမာရိုးကျ ဘဏ်စနစ်တွေနဲ့ နိုင်ငံရေးအမြင်မတူတဲ့ကိစ္စမျိုးတွေ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ ရည်ရွယ်မျိုးနဲ့ တစ်ယောက်ယောက်က စစ်တပ်ကိုတိုင်ကြားလိုက်မယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်အပိတ်ခံရတာမျိုးတွေ ရှိနေပါတယ်။

တရုတ်ပြည်မှာတော့ နောက်ထပ် တဆင့်အနေနဲ့ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းတစ်ခု ခုချိုးဖောက်မိမယ်ဆိုရင်လည်း Public CCTVကနေတစ်ဆင့် ကိုယ့်ကား သို့မဟုတ် ကိုယ့်မျက်နှာကို ပုံရိပ်ဖမ်းပြီးတော့ ကိုယ့်ရဲ့ Digital Yuan (CBDC) Wallet စနစ်ထဲကနေ ကနေ ဒဏ်ငွေ ကို အလိုအလျှောက် နှုတ်ယူသွားမှာပါ။

ဒီလို သတ်မှတ်ချက်တွေကြောင့် ငွေကြေးကို ထိန်းချုပ်ပြီး ပြည်သူတွေကို အုပ်ချုပ်ဖို့ ရည်ရွယ်သူတွေအနေနဲ့ CBDC စနစ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။


နိဂုံးအနေနဲ့ ပြောမယ်ဆိုရင် ဗဟိုအခြေပြု လူတစ်စုကသာ ထိန်းချုပ်လို့ရတဲ့ CBDC ငွေကြေး စနစ်ဟာ ကျွန်စနစ်နဲ့ဆင်တူပြီး ဗဟိုထိန်းချုပ်မှု မရှိဘူး တစ်ကမ္ဘာလုံး ကွန်ရက်ဖြန့် ထိန်းချုပ်တဲ့ Bitcoin နဲ့ တခြားသော Cryptocurrency လို စနစ်ကတော့ CBDC ရဲ့ ဆန့်ကျင်ဘက် လွတ်လပ်စွာအသုံးပြုလို့ရတဲ့ ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်။

ကိုးကား
1. CBDC’s have an expiry date where you have to spend your money – Focus on Bitcoin and Stellar Lumens (crypto-news-flash.com)
2. China has given away millions in its digital yuan trials. This is how it works (cnbc.com)
620 views08:30
Open / Comment
2023-04-23 11:30:13
Central Bank Digital Currency (ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေစနစ်) နဲ့ Bitcoin အားပြိုင်မှု

Chinese CBDC ဆိုတာက Chinese Central Bank Digital Currency ဖြစ်ပြီးတော့ တရုတ်ဒီဂျစ်တယ်ငွေကြေး(ယွမ်)ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီ project ကို People's Bank of China (PBOC) တရုတ်ပြည်သူ့ဘဏ်က ဦးဆောင်ပြီး တရုတ်အစိုးရက သာမန် အသုံးပြုနေတဲ့ ငွေကြေး နေရာမှာ အစားထိုး အသုံးပြုနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၂၀၁၄ မှာတရား၀င်စတင်ခဲ့ပါတယ်။
617 views08:30
Open / Comment
2023-04-23 11:29:46 ​​ပဇီကြီးရွာအနီး လေးတွင်းစင်ရွာမှ ရွာသားအချို့ စစ်ကောင်စီ ဖမ်းဆီးသွားဟုဆို

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပဇီကြီးကျေးရွာအုပ်စု လေးတွင်းစင်နှင့် ချောင်းသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လေးတွင်းစင်ရွာမှ အမျိုးသားအချို့ကို ဖမ်းဆီးသွားခြင်းဟု သိရသည်။
“ ရွာသားတချို ပါသွား(ဖမ်းသွား)တယ်လို့ပဲ သိရသေးတယ်။ လေးတွင်းစင်ရွာက ရွာသားသုံးယောက်လောက်ပါသွားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။
ယမန်‌နေ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို ဧပြီလ ၁၉ ရက်နေ့ မှ စတင်ကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရစဉ် ဒေသခံများ လူစုကွဲပြီး အချို့သည် ဆက်အသွယ်ပြတ်တောက်နေကြောင်းသိရသည်။
" လွတ်ရာပြေးလွှားနေရတော့ လူစုကွဲပြီး အဆက်အသွယ်တွေ ပြတ်နေတယ်။ စစ်ကြောင်းအ‌ခြေအနေကြည့်ပြီး လိုက်ရှာနေကြတယ်" ဟု ပဇီကြီးရွာဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့ တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၁၆၈ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။ ယင်းနောက် ဧပြီလ ၁၉ ရက်နေ့မှစတင်၍ ပဇီကြီးကျေးရွာကို စစ်ကောင်စီက ခြေလျင်စစ်ကြောင်းထိုးနေပြီး ဧပြီလ ၂၀ ရက်နေ့တွင် ပဇီကြီးရွာအနီး ထန်းတောရွာမှ စစ်ရှောင်ပြည်သူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။စစ်ကောင်စီက သတ်ဖြတ်သွားသူနှစ်ဦးမှာအသက် ၇၀ ခန့်အရွယ် ဦး‌မောင်ကိုလေးနှင့် ဦးတင်မြင့်တို့ ဖြစ်သည်ဟုဒေသခံတစ်ဦးကပြောသည်။
ယနေ့ဧပြီ ၂၃ရက် နေ့လယ်တွင် စစ်ကောင်စီစစ်ကြောင်းသည် ချောင်းသာကျေးရွာအနီး ပြန်လည်ရောက်ရှိနေသောကြောင့် ဒေသခံများသည် ယင်းစစ်ကြောင်းမှလွတ်အောင် နေထွက်‌ပြေးနေကြရကြောင်း သတင်းရရှိသည်။
စာတည်း -မောင်ကြီး
#mizzima
#ကန့်ဘလူ
#ပဇီးကြီးကျေးရွာ
#မိုင်းဆွဲတိုက်ခိုက်
ဓါတ်ပုံ - ပဇီကြီးရွာဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
616 views08:29
Open / Comment
2023-04-23 11:27:53 ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

လေဆိပ်အသစ်များနဲ့ အိန္ဒိယနိုင်ငံလေကြောင်းလိုင်းဟာ ရွေခေတ်ကိုရောက်ရှိနေ

နိုင်ငံအဆင့် အသိအမှတ်ပြုမှုရရှိနိုင်ဖို့ ကြိုးစားနေတဲ့ နီပေါလူမျိုး ကွဲပြားစွာ စွမ်းဆောင်နိုင်သူ အလေးမသမား

မိုးထိအောင်မြင့်တက်နေတဲ့ကုန်ဈေးနှုန်းများကြားရာမ်ဇာန်ဥပုသ်လကို ဆင်နွှဲဖို့ POKဒေသခံများ ရုန်းကန်ကြိုးစားနေရ

နွေဦးရာသီရောက်ရှိလာချိန်မှာတော့နာဂမြေရှိ ကိုဟီမာမြို့မှာ“အဲလောင်း”ပွဲတော်ကို ကျင်းပဖို့ တာဆူနေကြ

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့ Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။



668 views08:27
Open / Comment