Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.65K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 12

2023-05-11 09:47:08
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ

Watch more detail -



#PoliticalNews #မြန်မာနိုင်ငံ #အကြမ်းဖက်မှု #VideoNews #shorts #reels
416 views06:47
Open / Comment
2023-05-11 09:44:41 လူသားချင်း စာနာကူညီမှုလုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပအဖွဲ့အစည်းများနှင့်ပါ ပူး​ပေါင်း​ဆောင်ရွက်ရန် အာဆီယံကို တိုက်တွန်း
=====================

001
(မဇ္စျိမ)။ ။ အာဆီယံအ​နေဖြင့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ပူး​ပေါင်း​ဆောင်ရွက်ရန် တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့များ(EROs)နှင့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)တို့က တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်​ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ယမန်​နေ့ ​မေလ ၁၀ ရက်​နေ့က အထက်ပါအတိုင်း ပူးတွဲထုတ်ပြန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ​မေလ ၇ ရက်​နေ့က ရှမ်းပြည်နယ်​၊ ဆီဆိုင်မြို့သို့ သွား​ရောက်သည့် အာဆီယံ သံတမန်အချို့နှင့် AHA Center မှ ကိုယ်စားလှယ်များပါဝင်သည့် ယာဥ်တန်းကို စစ်တပ်နှင့် ဆက်စပ်မှုရှိသည့်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့မှုကို ကြည့်ခြင်းအားဖြင့် ​ဘေးကင်းလုံခြုံစွာ ကူညီကယ်ဆယ်​​ရေးလုပ်ငန်းများ ​ဆောင်ရွက်​ပေးနိုင်ရန် အ​ရေးကြီး​ကြောင်း ထုတ်ပြန်ချက်တွင် ​​ဖော်ပြထားသည်။

လက်ရှိတွင် လူသားချင်း စာနာ​​ထောက်ထားသည့် အကူအညီများအား နယ်​မြေအနှံ့အပြားတွင်​ ပေးအပ်​နေခြင်းကို စစ်တပ်က ပြင်းထန်စွာ ပိတ်ဆို့တားဆီး​နေသည့်အတွက် မြန်မာနိုင်ငံတွင် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ ကပ်​ဘေးတစ်ရပ်ကို ရင်ဆိုင်​နေရ​ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအ​ခြေအ​နေဆိုးကို ​ဖြေရှင်းရန် လွတ်လပ်သည့် ​ဒေသခံအဖွဲ့အစည်းများက စွမ်းစွမ်းတမံ ​​ဆောင်ရွက်​နေ​သော်လည်း ၎င်းတို့အတွက် အရင်းအမြစ်လိုအပ်ချက် လွန်စွာကြီးမား​နေသည်ဟု အဆိုပါအဖွဲ့များက ​​ပြောထားသည်။

ယင်း အကျပ်အတည်းကို အသိအမှတ်ပြုပြီး အကူအညီလိုအပ်သည့် ပြည်သူအချို့အား အကူအညီ​ပေးရန် အာဆီယံ AHA Center၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုသည်ဟုလည်း ဆိုထားသည်။

သို့​သော် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီများ ​ပေးအပ်မှုများသည် နိုင်ငံ၏ အ​ရှေ့ဘက်နှင့် အ​နောက်ဘက်နယ်စပ်တစ်​လျှောက်မှသာ ​ထောက်ပံ့နိုင်မည်ဖြစ်​ကြောင်း အဆိုပါအဖွဲ့များက အာဆီယံကို အကြံပြုထားသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုအဆင့်ကို ​ရောက်ရှိလာပြီဖြစ်သည့်အတွက် အားလုံးပါဝင်သည့် လူသားချင်းစာနာကူညီမှုဖိုရမ်တစ်ရပ် ပြုလုပ်နိုင်​ရေးအတွက် လွန်ခဲ့သည့် တစ်နှစ်​ကျော်ကာလ တစ်​လျှောက် နိုင်ငံတကာကို တိုက်တွန်းထားသည်ဟုလည်း ​ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦး​ရေ ၁ ဒဿမ ၈သန်း​ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်​နေကြရဆဲဖြစ်ပြီး နိုင်ငံအ​နောက်​​မြောက်ပိုင်းတွင် ​နေရပ်စွန့်ခွာတိမ်း​ရှောင်ရသူ တစ်ရှိန်ထိုး များပြားလာ​ကြောင်း UN OCHA Myanmarက ​မေလ ၆ ရက်​နေ့က ထုတ်ပြန်ထားသည်။
ဆက်လက်ဖြစ်ပွား​နေသည့် တိုက်ပွဲများ​ကြောင့် အရပ်သားပြည်သူများ အသက်​ဘေးအန္တရာယ်ထိခိုက်​နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်လည်း မြင့်တက်​နေ​ကြောင်း UN OCHA Myanmarက ​ပြောထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အာဆီယံကို တိုက်တွန်း
#လူသားချင်း စာနာကူညီမှုလုပ်ငန်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
436 views06:44
Open / Comment
2023-05-11 09:44:40
လူသားချင်း စာနာကူညီမှုလုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပအဖွဲ့အစည်းများနှင့်ပါ ပူး​ပေါင်း​ဆောင်ရွက်ရန် အာဆီယံကို တိုက်တွန်း
427 views06:44
Open / Comment
2023-04-30 05:27:54 ​​သံပန်းသံတံခါး လုပ်ဆောင်သူတစ်ဦးဖြစ်သော အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးသည်လည်း ၎င်းကိုယ်ပိုင်အလုပ်ကိုရပ်နားပြီး နေ့စားအလုပ်သမား၀င်လုပ်ရန်ပဲ ရှိတော့ကြောင်း ပြောသည်။
“ ကျွန်တော်တို့အလုပ်တွေက ဒီလျှပ်စစ်မီးနဲ့ လုပ်ရတာလေ ။ မီးက ပြတ်ချင်ပြတ် လာချင်လာတော့ ဘာမှန်းကို မသိပါဘူး။ အလုပ်တောင် ဖြုတ်ပစ်ရမလို ဖြစ်နေပြီ ။ ဆက်ပဲတောင့်ခံထားရမလား ၊ ခဏပဲရပ်ထားလိုက်ရမလား စဉ်းစားရပြီ။ ရပ်ထားတော့လဲ ကိုယ်ကလဲ ဒီအလုပ်ပဲ လုပ်တတ်တာ ။ ကိုယ့်ကိုယ်ပိုင်အလုပ်ကို ရပ်ပစ်လိုက်ရင် သူများဆီမှာ နေ့စားသဘောမျိုး ၀င်လုပ်ဖို့ပဲ ရှိတော့မှာ ။ တော်တော်တော့ စိတ်ပျက်နေပါပြီဗျာ”ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်မှာ လျှပ်စစ်မီးဟာ အလှည့်ကျပေးတဲ့ စနစ်တစ်ခုကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အလှည့်ကျ မီးပေးသည်ဟုဆိုသော်လည်း မီးပြတ်သည့် အချိန်သာ ပိုမို များပြားလာခဲ့ခြင်းဖြစ်သည်။ မီးပြတ်ခြင်းကြောင့် မီးစက်များဖြင့် အလုပ်လုပ်ကိုင်ရသည့်အခါ ဆီဖိုးများကုန်ကျမှုကြောင့် အမြတ်ရရှိမှု နည်းလာကြောင်း သံပန်း သံတံခါး လုပ်ငန်းရှင်က ပြောသည်။
“မီးပြတ်တဲ့အခါ ၀ရိန်ဆော်တာ ဘာညာကျတော့ မီးစက်နဲ့လုပ်ရတော့ ဆီဖိုးတွေ ပိုကုန်တာပေါ့ဗျာ။ မီးစက်က တောက်လျှောက်မောင်းတော့လည်း မရတော့ ခဏအနားပေးလိုက် ပြန်လုပ်လိုက်ဆိုတော့ ရက်ပိုပြီး အချိန်ယူရတာပေါ့။ အဲ့တော့ အလုပ်သမားခ ပိုရှင်းရတယ်။ ကိုယ့်အမြတ်က ရတန်သလောက် မရတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခင်က ပုံမှန် အပ်ထည်ရရှိသည့် ၎င်းလုပ်ငန်းသည် ၂၀၂၂ နောက်ပိုင်းမှစ၍ ယနေ့အထိ အဆင်မပြေတော့ကြောင်း ပြောသည်။
ကိုအေး၀င်းတို့လို အသေးစားစက်မှုလုပ်ငန်းတွေဟာ လျှပ်စစ်မီးပြတ်တောက်ခြင်းတွေဟာ အခက်အခဲတွေကြုံနေရသလို တခြားသာမန်ပြည်သူလူထုတွေအကုန်လုံးဟာလည်း လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် လူမှုဘ၀တွေမှာ ထိခိုက်မှုတွေ အများကြီး ရှိလာနေခဲ့သည် ။ ထမင်းဟင်းချက်ပြုတ်တာကစလို့ ဖုန်းအားသွင်းတာအထိ အဆင်မပြေမှုတွေဟာ ပုံမှန်လို ဖြစ်လာနေခဲ့ပါသည်။
လူမှုကွန်ရက်တွင်လည်း EPCရုံးချုပ်သို့ ရင်ဖွင့်သံများ ၊ ရန်ကုန် မီးပြတ် ရေပြတ်သတင်းများ ၊ လျှပ်စစ်မီတာခ တိကျ မှန်ကန်စေချင်သူများ အစရှိသည့် ဖေ့ဘွတ်စ် ဂရုများသည်လည်း updateအဖြစ်ဆုံးဂရုများထဲတွင်ပါဝင်ပြီး လူမှုကွန်ရက်အသုံးပြုသူများ၏ ရင်ဖွင့်သံများ ၊ စာများသည်လည်း အချိန်နှင့်အမျှ တွေ့နေရသည်။
“ မီးလာချိန် တစ်နာရီပဲပေးပေး၊ နှစ်နာရီပဲပေးပေး လာချိန် ပြတ်ချိန် အချိန်မှန်စေချင်တယ်။ ရန်ကုန်မြို့နေ လူထုဆိုတာ အလုပ်သွားချိန် ပြန်ချိန် ကားစောင့်ချိန် အားလုံးခန့်မှန်းတွက်ချက် လုပ်ကိုင်ရတာ ။ ချက်နေရင်း တန်းလန်း မီးကပြတ် မီးမွှေး ရှုပ်ကုန် ကားကမမှီ ည ၃ နာရီထမင်းထချက်တာတောင် ထမင်းအိုးတန်းလန်း မီးကပြတ် “ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ဝေဖန်ပြောဆိုထားသည်ကိုလည်းတွေ့ရသည်။
ထို့အပြင် “ မီးပြတ်တာကို မပြောလိုဘူး၊ မီးပေးတဲ့အခါတော့ နှစ်နာရီ သုံးနာရီ အတိအကျပေးလေ။ ထမင်းဟင်းချက် ရေတင် အဆင်ပြေအောင်လို့။ ခုတော့ ငါးမိနစ်လာလိုက် ပြတ်လိုက် အကြာကြီးနေမှ ၁၅မိနစ်လောက်ပေးလိုက် ပြန်ပြတ်လိုက်နဲ့ ငါတို့က ..လုပ်ရမှာလား။ အိမ်သုံးနေတဲ့ ပစ္စည်းတွေက အလကားရထားတာာ တစ်ခုမှ မပါဘူး”ဟု အဆိုပါဂရုမှမန်ဘာဝင် တစ်ဦးကလည်း ယခုလို ပြောထားသည်ကို တွေ့ရသည်။
အိမ်သုံးလျှပ်စစ်များအတွက် မေလ ၁ရက်နေ့မှစတင်၍ ၂နာရီပေး ၄နာရီပိတ် စနစ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု ၃စုခွဲကာ အလှည့်ကျ မီးပေးသွားမည်ဟုလည်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ နံနက် ၆နာရီမှ ည၁၂နာရီအထိ အုပ်စု ၃စုအတွက် အလှည့်ကျ မီးပေးကာ ည၁၂နာရီမှ နံနက် ၆နာရီအထိ အုပ်စု ၁စုအတွက် မီးအပြည့်အဝပေးမည်ဖြစ်ပြီး တစ်နေ့လျှင် အုပ်စု၁စုသည် ည၁၂နာရီမှ နံနက်၆နာရီအထိ အလှည့်ကျ မီးအပြည့်အဝ ပုံမှန်ရရှိနေမည်ဖြစ်သည်ဟုလည်း ၎င်းတို့ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
ထို့ကြောင့် မီးလာလျှင် “ဟေး” ဟု ပျော်၍ မီးပြတ်လျှင် “ ဟာ “ကနဲ အော်သည့် ၂၀၀၀ခုနှစ် အလွန်လက်ထက်ကို ပြန်ရောက်နေကြသည့် အနေအထားတစ်ခုထဲတွင် ပြည်သူလူထုအားလုံးသည် ဆက်လက်ရင်ဆိုင်ရပ်တည်နေကြရပြီး မီးပြတ်ခြင်းသည် ၎င်းတို့အတွက် မရယ်ရသည့် ဟာသတစ်ခုဖြစ်လာခဲ့တော့သည်။
478 views02:27
Open / Comment
2023-04-30 05:27:14 ​​အဲ့ဘက်မှာ မီးလာလား

ကီရာ
“မီးလာနေတာလား၊ မလာဘူး၊ ဘာမီးလဲ ဒါက၊ မီးစက်နှိုးထားတာ”ဟူသော အမေးအဖြေ ဗီဒီယိုတစ်ခုမှာ ရန်ကုန်မြို့ရဲ့ ဘလော့ကာတစ်ယောက်က ရန်ကုန်မြို့ထဲမှာ မီးအလင်းရောင်အနည်းငယ်ရှိသည့် တည်းခိုခန်းတွေ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးမုန့်ဆိုင်လေးတွေကို မီးလာနေတာလားဆိုတာကို လိုက်လံမေးမြန်းပြီး ဗီဒီယို ရိုက်ကူးထားတာဖြစ်သည်။
လတ်တလောတွင် မီးလာလား ဆိုသောမေးခွန်းသည် ဖျော်ဖြေစရာ ၊ ဘလော့ရိုက်စရာခေတ်စားနေသော၊ ပေါ်ပြူလာဖြစ်နေသော စကားလုံးတစ်ခုဖြစ်ပြီး သူငယ်ချင်းအချင်းချင်း မိတ်ဆွေများ အချင်းချင်း တွေ့ဆုံသည့်အခါ ဖုန်းပြောသည့်အခါ " အဲ့ဘက် မီးလာလား" ဆိုသော မေးခွန်းသည် နှုတ်ဆက်စကားတစ်ခု ဖြစ်သည်။ ထို့အပြင် အွန်လိုင်း ရှော့ပင်ရောင်းသူတစ်ဦးက ဖယောင်းတိုင်ထွန်း၍ စျေးရောင်းနေသည့် Live လွှင့်စျေးရောင်းသည့်ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်အသုံးပြုသူများမှ သဘောကျကြပြီး ၎င်းတို့ ဖေ့ဘွတ်စ်များတွင် ပြန်လည် ဝေမျှမှုလုပ်ဆောင်ကြသည်ကို တွေ့ရသည်မှာလည်း မီးလာခြင်း မလာခြင်းသည် လူစိတ်၀င်စားစရာ ကြော်ငြာတစ်ခုကဲ့သို့ ဖြစ်လာသည့် သဘောဖြစ်သည်။
ထို့အပြင် လျှပ်စစ်စွမ်းအား၀န်ကြီးဌာနမှ ရန်ကုန်မြို့ရှိ စျေး၀ယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ ၊ စက်မှုဇုန်များရှိ စက်ရုံများ၊ အလုပ်ရုံများ၏ ပိုလျှံနေသော လျှပ်စစ်ဓာတ်အားကို ၀ယ်ယူမည်ဟူသော ထုတ်ပြန်ချက်သည်လည်း လူမှုကွန်ရက် အသုံးပြုသူများကြားတွင် ရယ်စရာဟာသတစ်ခု ဖြစ်နေခဲ့ပြန်သည်။
သို့သော် တကယ့်လက်တွေ့ဘ၀များတွင် မီးမလာခြင်းသည် ရယ်စရာဟာသတစ်ခု ၊ ဖျော်ဖြေစရာ ရသတစ်ခု ဖြစ်မနေခဲ့ပေ။
ရန်ကုန်မြို့ အသေးစားစက်မှုလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ကိုအေး၀င်းသည် မီးပုံမှန်လာခြင်းမရှိသည့် အခက်အခဲများကြောင့် လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းကိုရပ်၍ တက္ကစီမောင်းရန်ပင် ပြင်ဆင်နေပြီဟု ပြောသည်။
“ အလုပ်သမား သုံးယောက် ခေါ်ထားတာရှိတော့ညနေကျရင် လုပ်အားခကို အပြည့်ရှင်းပေးရတယ်။ မီတာခတွေ စက်ရုံဌားခတွေနဲ့ကျတော့ စားဖို့တောင် မရဖြစ်လာလို့ အိမ်စားရိတ်ဆို အိတ်စိုက်တွေပါ ဖြစ်လာပြီ။ အဲ့ဒါကြောင့် ကားဌားပြီး ဆွဲမလို့တောင် မေးထားတယ်။ မီးလာတဲ့အချိန် ရှိတဲ့အလုပ်ကလေး လုပ်ပြီး မီးပျက်တဲ့အချိန် ကားထွက်ဆွဲမလို့လေ” ဟုကိုအေး၀င်းကပြောသည်။
လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် အလုပ်အချိန်မီ
မလုပ်နိုင်ခြင်းနှင့် အလုပ်အချိန်မီမပြီးသည့်အတွက် အလုပ်အပ်သူများလျော့နည်းသွားပြီး အလုပ်အပ်ထားသည်များကိုလည်း အလျင်မီအောင်လုပ်ဆောင်နိုင်ခြင်း မရှိကြောင်းကိုအေး၀င်းက ဆိုသည်။
ထို့အပြင် ရန်ကုန်မြို့တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အများဆုံးရှိသည့် စက်မှုဇုန်များကို ယခုလ ဧပြီ ၂၄ရက်မှစ၍ တစ်ရက်ခြားတစ်ခါ လေးနာရီမီးပေးသည့် စနစ် ပြုလုပ်ထားကြောင်းသိရသည်။ ဥပမာ-၂၅ရက်နေ့တွင် နံနက် ၉နာရီမှ ၁နာရီအထိ မီးရပါက ကျန်သည့် အချိန်များနှင့် ၂၆ရက် တစ်ရက်လုံး မီးပြတ်ခြင်း ဖြစ်သည်။
444 views02:27
Open / Comment
2023-04-30 04:38:53 မတ် ၃၀ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။




#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
643 views01:38
Open / Comment
2023-04-30 04:23:27
ချက်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်တစ်စုက ဦးစီး၍ ပရာဟာမြို့၊ စစ်ကောင်စီသံရုံး အနီးတွင် “Shedding Light on Untold Stories of Burma“အမည်ရှိ ဆန္ဒပြပွဲ ဧပြီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီအား ကိုယ်စားပြုလျက်ရှိသည့် မြန်မာသံရုံးအား အရှက်ရစေရန်နှင့် မြန်မာ့အရေးအား နိုင်ငံတကာ လူထုအား ပညာပေးသိရှိစေရန် ပရာဟာမြို့၏ ပြည်တွင်းပြည်ပ ခရီးသွားအများဆုံးနေရာတစ်ခုတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့သည်။ ဆန္ဒပြသူများက မြန်မာ့အရေး လက်ကမ်းစာစောင်များ မျှဝေခြင်း၊ မြန်မာ ဒီမိုကရေစီအရေးနှင့် အကြမ်းဖက်စစ်တပ်၏ ပြည်သူအား ဖိနှိပ်မှုများကို လူမှုကွန်ယက်မှ တဆင့်ကြည့်ရှုနိုင်သည့် QR code များမျှဝေခြင်း၊ နွေဦးတော်လှန်ရေးအကြောင်း ရှင်းလင်းပြောပြခြင်း၊ ကျဆုံးသူများနှင့် မတရား အသက်ဆုံးရှုံးခဲ့ရသည့်ပြည်သူများအား ရည်စူး ဆုတောင်းခြင်း၊ လူရမ်းကားစစ်တပ်၏ အကြမ်းဖက်မှုများအား ဖော်ညွှန်းသည့် ပြဇာတ်တို ကပြမှုတို့ ပါဝင်ခဲ့ပါသည်။
664 views01:23
Open / Comment
2023-04-29 18:09:10 National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်ထုတ်လွှင့်မှုများ




#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
1.6K views15:09
Open / Comment
2023-04-29 18:08:44 ​​ဟုမ္မလင်းမှ ရဲကင်းစခန်း ၄ ခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီ ၂၉ ရက်နေ့ နံနက်တွင်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟုမ္မလင်းမြို့နယ်ရှိ ဝဲဟက်ရဲစခန်းကုန်း၊ အောင်သာယာ၊ အောင်စည်သာနှင့် ထိန်းကူးရွာရဲကင်းများကို ယနေ့ နံနက် ၅ နာရီခန့်မှ ၈နာရီခန့်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“ စခန်း ၄ခုစလုံး သိမ်းနိုင်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်တာ မရှိဘူး။ ဘယ်သူမှ အထိအခိုက်မရှိဘူး” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှထိခိုက်မှုကို မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ဒေသခံများ၏ ပြောကြားချက်အရ စစ်‌ကောင်စီဘက်မှ အကျဆုံးများသည့်အတွက် ဂျက်ဖိုက်တာတစ်စင်းဖြင့် နံနက် ၈ နာရီ ၂၇ မိနစ်ခန့်တွင် ဗုံးကြဲ တိုက်ခိုက်သွား‌ကြောင်းသိရသည်။ ထိုဂျက်ဖိုက်တာသည် တံတားဦးလေဆိပ်မှ တက်လာပြီး ဟုမ္မလင်းမြို့ တိုက်ပွဲဧရိယာအတွင်း ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု သတင်းရရှိသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
စာတည်း- မောင်ကြီး
#mizzima
#ဟုမ္မလင်းမြို့
#ရဲကင်းစခန်း ၄ ခု
#ဒေသကာကွယ်ရေးတပ်ဖွဲ့များ
#တပြိုင်နက်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
1.3K views15:08
Open / Comment
2023-04-29 17:21:14
ကြံခင်းမြို့နယ်တွင် "တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင်ရှုစရာမရှိဘူး"စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ "တိုင်း ပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင်ရှုစရာမရှိဘူး"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၆၆) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#စစ်အာဏာရှင်
#Mizzimatv
1.3K views14:21
Open / Comment