Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.65K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 11

2023-05-11 10:46:16
May - 11 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
102 views07:46
Open / Comment
2023-05-11 10:37:31 မေလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီ ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:03-ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုင်ကလုန်မုန်းတိုင်းမလာခင် အမြန်ပြောင်းရွှေ့ကြဖို့ သတိပေးတဲ့သတင်း

02:12-ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့
စစ်ကောင်စီကိုဖိတ်ကြားတဲ့သတင်း

04:37-KNU တပ်မဟာ (၅)မှာ ဧပြီလအတွင်း တပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးသေဆုံးတဲ့သင်း

05:49-နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကို NUG နှင့် တိုင်းရင်းသားအဖွဲ့တွေ တောင်းဆိုတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။





#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
218 views07:37
Open / Comment
2023-05-11 10:31:59 ​​မြန်မာငြိမ်းချမ်းရေး အစီအစဉ်၌ စွမ်းဆောင်နိုင်မှု အနည်းအကျဉ်းသာ ရှိဟု အင်ဒိုနီးရှား သမ္မတ ပြော
===========================

မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခများ အဆုံးသတ်ရေးကို ရည်ရွယ်သည့် ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် “အရေးပါသော စွမ်းဆောင်မှု” လုပ်ဆောင်ထားနိုင်ခြင်း မရှိကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ပြောသည်။

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံက အရှိန်မြင့်ဖြစ်ပွားနေသည့် ပဋိပက္ခများသည် အင်ဒိုနီးရှားတွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အစည်းအဝေးများတွင် လွှမ်းမိုးနေသည်။
မြန်မာပဋိပက္ခကို ဖြေရှင်းနိုင်ရေး သံတမန်အားထုတ်မှုများကို ဦးစီးဖော်ဆောင်နေသည့် အာဆီယံအနေဖြင့်လည်း စစ်ကောင်စီ သဘောတူထားသော ငြိမ်းချမ်းရေး မူ ငါးရပ်ကို ကျင့်သုံးနိုင်ရေး ဖိအားများနှင့် ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့် နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရအား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးမူ ငါးရပ်ကို သဘောတူခဲ့ပြီး အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်နေခြင်း ဖြစ်သည်။
249 views07:31
Open / Comment
2023-05-11 10:30:36 ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုဖိတ်ကြား
=========================

ထိုင်းနိုင်ငံက လာမည့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ဖွယ်ရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် စစ်ကောင်စီ တာဝန်ရှိသူများကို နိုင်ငံတကာအစည်းအဝေး တက်ရောက်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့သောနှစ် ကလည်း သီရိလင်္ကာနိုင်ငံတွင်ကျင်းပသော BIMSTEC အစည်းအဝေးကို စစ်ကောင်စီ တာဝန်ရှိသူများ တက်ရောက်ခွင့် မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။





#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
252 views07:30
Open / Comment
2023-05-11 10:02:09 KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ဘေးရှောင်ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့
===================

(မဇ္ဈိမ)။ ။တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာအား စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို မှ မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

မေလ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ဝိုင်းကျေးရွာအတွင်းရှိ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ မူကြိုကျောင်း၊ ဘုံပစ္စည်းထားရာ အဆောက်အဦး နှင့် နေအိမ် ၄၂ လုံးခန့်အပါအဝင် ရွာလုံးကျွတ် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

လယ်ဝိုင်းကြီးကျေးရွာမှ ဒေသခံများသည် ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ စစ်ဘေးရှောင်နေရခြင်းဖြစ်ကာ နေအိမ်များ မီးလောင်နေသည်ကို ကြားသိရချိန်တွင် မီးငြှိမ်းသတ်ရန် ပြန်လာခဲ့ကြသော်လည်း ကျေးရွာ အတွင်း စစ်ကောင်စီတပ်သားများရှိနေ၍ မပြန်ဝံ့ခဲ့ကြကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေသတွင်း KNU သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် လယ်ဝိုင်းကြီး ကျေးရွာအား စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးမှုအပြင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ခန့် ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

“စစ်ကြောင်းထိုးလာပြီးမှ မီးရှို့တာရော ဗုံးကြဲတာပါ လုပ်ခဲ့တာ။ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် လောက်ရှိတယ်” ဟု တပ်မဟာ (၃) KNU သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လယ်ဝိုင်းကြီးကျေးရွာမှ ဒေသခံများအနေဖြင့် နေရပ်ပြန် ရန် အဆင်မပြေတော့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

“လက်ရှိမှာ ဘေးလွတ်ရာကို ရှောင်နေကြရတယ်။ ရွာသားတွေအနေနဲ့ ရွာကို ပြန်ဖို့အဆင်မပြေတော့ ဘူး” ဟု ၎င်းကပြောသည်။
မေလ ၉ ရက်နေ့ နံနက်ပိုင်းက လယ်ဝိုင်းကြီးကျေးရွာအပြင် ပိုးလိုနိုဖိုးကျေးရွာမှ နေအိမ်နှစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ မေလ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် တပ်မဟာ (၃) မုန်းမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာမှ နေအိမ် ၁၈ လုံးခန့် မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ကျေးရွာအတွင်း စစ်ကြောင်းထိုးမှုများကြောင့် ကျောက် ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုနိုဖိုးကျေးရွာတို့မှ နေအိမ် ၁၂၁ လုံးမှ ဒေသခံ ၁,၂၀၆ ဦး၊ မုန်းမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် နေအိမ် ၁၄၇ လုံးမှ ဒေသခံ ၁,၀၂၀ ဦးတို့သည် ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစ၍ စစ်ဘေးရှောင်နေခဲ့ရပြီး ယနေ့အထိ အိမ်မပြန်နိုင်ကြသေးကြောင်း KNU က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တပ်မဟာ(၃)နယ်မြေ
#ကျောက်ကြီးမြို့နယ်
#ရွာလုံးကျွတ်မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
453 views07:02
Open / Comment
2023-05-11 10:02:01
KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ဘေးရှောင်ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့
372 views07:02
Open / Comment
2023-05-11 09:53:42 ​​မီဇိုရမ် - မြန်မာနယ်စပ်ဂိတ်ကို ဒေသခံလူငယ်အဖွဲ့က တစ်ပတ် ၃ ရက်ပြန်ဖွင့်ပေး
======================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များကို ဒေသခံလူငယ်အဖွဲ့အစည်းဖြစ်သည့် မရာလူငယ်အဖွဲ့ (MPT) မှ တစ်ပတ်လျှင် သုံးရက် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများ စောင့်ရှောက်ရေးကော်မတီ (ကျပီး) ထံက သိရသည်။

“ဂိတ်တွေပြန်ဖွင့်ရတာကတော့ မြန်မာပြည်ဘက်မှာ စားနပ်ရိက္ခာအခက်ခဲဖြစ်နေတဲ့အတွက် လို့ပြောတယ်။ မဖွင့်တဲ့ရက်မှာတော့ ဟိုဘက်ဒီဘက်သွား လာလို့ရတော့၊ စားကုန်နဲ့ ပစ္စည်းတွေ အပြန်အလှန်ဖလှယ်လို့ရတယ်။ အလုပ်အကိုင်နဲ့ သာရေးနာရေးကိစ္စတွေအတွက်လည်း အဆင်ပြေသွားတာပေါ့” ဟု စစ်ဘေးရှောင် ပြည်သူများရှောက်စောင့်ရေးကော်မတီ - ကျပီး ၊ ဥက္ကဌ ဦးဖေလီကာ က မဇ္စျိမကိုပြောသည်။

မေလ ၈ ရက်နေ့တွင် ၎င်းတို့ထံသို့ လူငယ်အဖွဲ့မှတာဝန်ရှိသူများ လာရောက်ပြီး နယ်စပ်ဂိတ် ပြန်လည်ဖွင့် လှစ်ပေးမည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။

ကျပီး (အိန္ဒိယ) - လုံကြွေး (မြန်မာ) နယ်စပ်ဂိတ်ကို တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ ၊ဗုဒ္ဓဟူး သုံးရက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။
မရာလူငယ်အဖွဲ့ (MPT) ၏ ဌာနချုပ်မှ ညွှန်ကြားချက်တွင် တစ်ပတ်သုံးရက် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ စနေနေ့များဖြစ်ကြသည်။ ကျန်ရက်များတွင် ၂၄ နာရီပိတ်ထားမည်ဖြစ်ကာ သာရေးနာရေးမှအပ အဝင်အထွက် ခွင့်မပြုကြောင်းလည်းသိရသည်။

သို့သော် ဆိုင်ဟားခရိုင်အတွင်း ကျပီး ၊ ရောင်းလီ ၊ နဒီ ၊ ခိုင်ခေါင် အပါအဝင် နယ်စပ်ဂိတ် ခြောက်ခုရှိသောကြောင့် နယ်မြေအခြေအနေပေါ်မူတည်၍ ဖွင့်သည့်ရက်များမတူညီကြကြောင်းဆိုသည်။

မတ်လ ၁၉ရက်နေ့တွင် မြန်မာနိုင်ငံသားတချို့က မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်ရှိ လူသုံးဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဒေသခံလူငယ်များက တရားခံများဖမ်းဆီးနိုင်ရေးနှင့် ၎င်းတို့ထံသို့ လွှဲပြောင်းမပေးမချင်း နယ်စပ်ဂိတ်များကို ပိတ်ထားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ကျပီးကျေးရွာဘက်တွင် လူသတ်မှုနဲ့ ပတ်သက်၍ အများစုမှာ တင်းမာသောသဘောထားများမရှိကြဘဲ ယခုဂိတ်များဆက်လက်ပိတ်ပင်ရခြင်းသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုကို တားဆီးနိုင်ရန်အတွက်ဖြစ်ကြောင်း လူငယ်အဖွဲ့အစည်းများက ပြောဆိုသည်ဟုသိရသည်။

နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့်ဖွင့်လှစ်သဖြင့် ကယ်ရီလုပ်ငန်းစသော နေ့စားလုပ်ငန်းအချို့ ပြန်လည်အဆင်ပြေနိုင်သော်လည်း ကျပီးကျေးရွာရှိ CDM များနှင့် စစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး အခက်ကြုံနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ပြည်သူများရှောက်စောင့်ရေး ကော်မတီ - ကျပီး ၊ ဥက္ကဋ္ဌ ကအသိပေးခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မီဇိုရမ်
#နယ်စပ်ဂိတ်
#ဖွင့်လှစ်
#စစ်ဘေးရှောင်
#မြန်မာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
414 views06:53
Open / Comment
2023-05-11 09:51:16 နိုင်ငံရဲ့ နေရာ အရပ်ရပ်မှာ စစ်တပ်ရဲ့ တစိမ့်စိမ့် ပြိုကျ ပျက်စီးမှုတွေကနေပဲ ဖြစ်လာမှာ
=======================

" တော်လှန်ရေးအသွင်အတိုင်း ဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် စစ်တပ်က ရှုံးမှာပဲ။ ဒါပေမယ့် အောင်မြင်မှုက တိုက်ပွဲ ကြီးကြီး တစ်ခါလောက်တိုက်ရုံနဲ့ ဖြစ်လာမှာမျိုးတော့ မဟုတ်ဘူး။ နိုင်ငံရဲ့ နေရာ အရပ်ရပ်မှာ စစ်တပ်ရဲ့ တစိမ့်စိမ့် ပြိုကျ ပျက်စီးမှုတွေကနေပဲ ဖြစ်လာမှာ။ ကျွန်တော်ဆိုလိုတာက အခုဆိုရင် စစ်တပ်က ချင်းပြည်နယ်မှာ သိသိသာသာအင် အားနည်းနေပြီ။ သူတို့ လတွေအများကြီးချီပြီး ချင်းပြည်နယ်မှာ အင်အားဖြည့်ဖို့ ကြိုးစားနေရတာ။

ဒါပေမဲ့လည်း သူတို့ ကျရှုံးနေတာပဲလေ။ သူတို့ ရဟတ်ယာဉ်နဲ့တောင် အင်အားဖြည့်လို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ရဲ့ ရဟတ်ယာဉ်တွေတောင် ပစ်ချခံနေရလို့လေ။ မကြာခင်မှာ မိုးရာသီရောက်လာရင် သူတို့ရဲ့ အခြေအနေက ချင်းပြည်နယ်မှာ တော်တော်ဆိုးဝါးလာတော့မှာ။ ကရင်နီတို့ ကရင်ပြည်နယ်ထဲက ဒေသတွေနဲ့၊ အခြားဒေသတွေမှာလည်း အလားတူပဲ။ အခြေအနေတွေက သိသိသာသာ အရှိန်မြင့်လာနေတယ်။ ပဲခူးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းအနောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ အဲဒီနေရာတွေမှာ အခြေအနေတွေက အရှိန်လျော့မသွားဘူး။"

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ကိုင်နေသည့် လွတ်လပ်သော မူဝါဒ သုတေသီ ဒေါက်တာ မက်သရူးအာနိုးက မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်း





# စစ်ကောင်စီတပ်
#တော်လှန်ရေး
#Exclusive Interview
#David Arnold

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
408 views06:51
Open / Comment
2023-05-11 09:50:24 ​​အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် စည်းလုံးညီညွတ်မှုကို ပြသရမည်ဟု အင်ဒိုနီးရှားသမ္မတ ပြော
=======================

မြန်မာအာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် နှစ်နှစ်အကြာက အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသော တိုးတက်မှု မရှိဘဲ ဖြစ်နေစဉ် ဒေသတွင်းအုပ်စုဖြစ်သည့် အာဆီယံအနေဖြင့် အရှိန်မြင့်လာသော မြန်မာ့အကျပ်အတည်းကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းသွားမည် ဆိုသည်ကို ဆုံးဖြတ်ရာတွင် စည်းလုံးညီညွတ်မှုကို ပြသရလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက မေလ ၁၁ ရက်တွင် ပြောသည်။
416 views06:50
Open / Comment
2023-05-11 09:49:03 ​​ခင်ဦးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တိုက်ခိုက်၊ သေနက် ၂ လက် သိမ်းဆည်း ရရှိ
=================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦး ကင်းလှည့်ထွက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံး သေဆုံးခဲ့ပြီး သေနက်နှစ်လက်သိမ်းဆည်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး မူးတိမ်ချောင်းတံတားအနီးသို့ ကင်းပုန်းဝပ်ရန်ထွက် လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်(ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နေ့လည် ၁၂ ခွဲ ဝန်းကျင်းလောက်မှာ မူးတိမ်ချောင်းတံတားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ထဲကနှစ်ယောက်က သူတို့တပ်စခန်းပတ်လည်မှာကင်းဝပ်ဖို့လာတာ၊ ကျနော်တို့ကင်းဝပ်တာလက်ဦးတဲ့ အနေအထားမှာ ထိပ်တိုက်တွေ့ပြီးပစ်ခတ်ခဲ့တယ်။

အချိန်အားဖြင့် သုံးမိနစ်လောက်ကြာတယ်၊ နှစ်ဦးလုံး ကို အသေပစ်ခတ်နိုင်ခဲ့ပြီး သူတို့ကိုင်ဆောင်လာတဲ့လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

သိမ်းဆည်းရမိသည့်လက်နက်များမှာ MA-1 တစ်လက်၊ AK-47 တစ်လက်ကျည်ဘောက်သုံးခုနှင့် 5.56 ကျည် ၁၅ တောင့်ဖြစ်ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်

တိုက်ပွဲဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးခန့် လိုက်လာသော် လည်း အလောင်းကောက်ယူရန်တက်မလာဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း ခင်ဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးပြောသည်။

သေနတ်နှစ်လက်ဆုံးရှုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရေဦး မြို့နယ်မှ ကားကြီးနှစ်စီး အင်အား ၅၀ ခန့်ဖြင့် ခင်ဦးမြို့နယ်ထဲသို့ ၀င်ရောက်လာနေကြောင်း သိရသည်။

“ရေဦးကထွက်လာတဲ့ အင်အား ၅၀ လောက်နဲ့ရွာသစ်ကုန်းက ပျူတွေပေါင်းပြီး မနေ့ကတိုက်ခိုက်ခဲ့တဲ့ မူးတိမ်ချောင်းဘက် စစ်ကြောင်းစထွက်နေပြီ” ဟု ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်တစ်ခု ဖြစ်ပြီး စစ်ကောင်စီတပ်များက မြို့နယ်အတွင်းရှိကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ထောင်နှင့်ချီသည့်ဒေသခံများမှာ စစ်ဘေးရှောင် မီးဘေးသင့်ဒုက္ခသည်များအဖြစ် နေထိုင်နေကြရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်အုပ်ချုပ်ရေး
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
413 views06:49
Open / Comment