Get Mystery Box with random crypto!

Mizzima

Logo of telegram channel mizzimatv — Mizzima M
Logo of telegram channel mizzimatv — Mizzima
Channel address: @mizzimatv
Categories: Politics , News
Language: English
Subscribers: 53.37K
Description from channel

Mizzima News brings you the latest news and insightful reports about Myanmar.
https://bur.mizzima.com
https://en.mizzima.com
https://www.facebook.com/MizzimaDaily/
https://twitter.com/MizzimaNews

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

0

1 stars

1


The latest Messages 8

2023-05-20 11:43:43 ​​လူ့အခွင့်အရေးဥပဒေကို လိုက်နာပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆို

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်အတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လိုက်နာပေးကြရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆိုထားသည်။
“နိုင်ငံရေးအခြေအနေအရ သတင်းဖော်ပြမှု အားနည်းလို့ နှစ်နှစ်တာ ကာလမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့အရာတွေက ဆိုးရွားလာတယ်” ဟု အမည်မဖော်လိုသော သျှမ်းတက်ကြွလှုပ်ရှားသူများအဖွဲ့ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှ ဦးဝါလနှင့် အရပ်သားအချို့အား ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့က ဧပြီလ အတွင်းတွင် ဖမ်းဆီးသွားပြီး မေလ ၉ ရက်နေ့တွင် ဦးဝါလ အား လက်ပြန်ကြိုးတုပ်ကာ သစ်ပင်တွင် တွဲလောင်းချည်ပြီး အောက်ကနေ မီးမြှိုက်ကာ SSPP/SSA မှ တပ်သားများက မေးမြန်းစစ်ဆေးနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံံ့နှံံ့ခဲ့သည်။
ယင်းဖြစ်စဉ်သည် စစ်စည်းမျဉ်းစည်းကမ်းနှင့် လူ့အခွင့်ရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကျူးလွန်နေပြီး ထိုဖြစ်စဉ်ထဲမှ ဦးဝါလအပါအဝင် ဖမ်းဆီးခံ အရပ်သားများအားလုံး ပြန်လည်လွှတ်ပေးရန်၊ နစ်နာသူများနှင့် မိသားစုဝင်များအတွက် ကျူးလွန်သည့် အဖွဲ့အစည်းများမှ တာဝန်ယူပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။
ထိုဖြစ်စဉ်နှင့် အလားတူ လက်နက်ကိုင် အဖွဲ့အစည်းများမှ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ကျူးလွန်ထားသည့် အမှုပေါင်း ၃၀ ကျော်ကို စာရင်းကောက်ယူရရှိထားပြီး မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည်ကိုမူ အချက်အလက်သက်သေများ စုဆောင်းဆဲဖြစ်ကြောင်း ပြည်ပရောက် သျှမ်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကွန်ရက် (Oversea Shan Patriotic Network) မှ ပြောခွင့်ရသူ နန်းမောက်ဟွမ်က ပြောသည်။
“အချက်အလက် သက်သေတွေ စုစည်းနေဆဲပါ။ ကျမတို့ စာထုတ်ပြီးတဲ့နောက် ထွက်ပေါ်လာမယ့်ရလဒ်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖိအားပေးခြိမ်းခြောက်မှုများမှာ လက်လှမ်းမမီနိုင်သည့် ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။
ဖမ်းဆီးနှိပ်စက်ခံရခြင်းများတွင် ရှမ်းလူမျိုးတစ်မျိုးတည်းသာမက အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း ပါဝင်ကြောင်း ဆိုသည်။
အရပ်သားများအား စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းအပြင် အမျိုးသမီးများအား လိင်စော်ကားမှုများပြုလုပ်ခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ၊ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေသည့် လုပ်ရပ်များလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ၌ SSPP/SSA မှ တပ်သားသစ််များ စုဆောင်းခဲ့ရာ ရွာသား ၆၀ ခန့်ကို ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်စည်းမျဉ်းဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများအား လိုက်နာပေးကြရန် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးများ ချိုးဖောက်ကျူးလွန်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးထံသို့ ရှမ်း၊ ဓနု၊ လားဟူ၊ ရှမ်းနီ၊ တအာင်း စသည့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၃၀ ခုမှ စုပေါင်းတောင်းဆိုထားကြခြင်းဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရှမ်းပြည်နယ်
#SSPP/SSA
#လူ့အခွင့်အရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
957 views08:43
Open / Comment
2023-05-20 11:42:39 ​​မိုခါ ဆိုင်ကလုန်းနောက်ပိုင်း လူ ၈၀၀,၀၀၀ ကို အကူအညီများ ထောက်ပံ့ရန် WFP စီစဉ်

မိုချာဆိုင်ကလုန်းမုန်တိုင်း ကြုံတွေ့ခဲ့ရသော အနည်းဆုံး လူ ၈၀၀,၀၀၀ ကို သုံးလအတွင်း စားနပ်ရိက္ခာနှင့် ငွေရေးကြေးရေး အကူအညီများ ထောက်ပံ့သွားရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စီစဉ်ထားကြောင်း မေ ၁၉ ရက် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မုန်တိုင်းနောက် နေအိမ်များမှ စွန့်ပြေးရသူ အနည်းဆုံး လူ ၃၆၀,၀၀၀ နှင့် ဝင်ငွေနည်းပြီး ခုခံနိုင်မှု နည်းပါးသည် လူ ၄၄၀,၀၀၀ ကို အရေးပေါ် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
796 views08:42
Open / Comment
2023-05-20 11:41:49 ​​အုတ်ဖိုမြို့မှ လူငယ်ဇနီး‌မောင်နှံကိုPDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးကာ စစ်ကောင်စီက သတ်ဖြတ်သွားဟု ဆို

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ လူငယ်ဇနီး‌မောင်နှံနှစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် ပဲခူးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
အုတ်ဖိုမြို့၊ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာမှ ကိုမြမင်းထက်နှင့် မသက်သက်ဦးကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် ကြို့ပင်ကောက်မြို့၊သာစည်ကျေးရွာအနီး၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
" ဖမ်းသွားပြီး ပြည် ဒကစ ကိုအရင်ခေါ်သွားတယ်။ ပြီးမှ ခမရ(၆)ထဲပြန်ခေါ်လာပြီးဖမ်းထားတာ။ မနေ့ကတော့ လင်မယားစုံတွဲကို ရိုးမထဲက PDF စခန်းတွေကိုလိုက်ပြဖို့ဆိုပြီးခေါ်လာပြီး သတ်ပစ်လိုက်တာပါ”ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
ကိုမြမင်းထက်သည် အသက် ၂၀ခန့်နှင့် မသက်သက်ဦးသည် အသက်၁၈နှစ်ခန့်သာရှိသေးသည့် ဇနီးမောင်နှံဖြစ်သည်ဟု သိရသည်။စစ်ကောင်စီတပ်က မေလ ၁၉ ရက် နေ့လယ်တွင် ကိုမြမင်းထက်နှင့် မသက်သက်ဦးတို့ကို ပဲခိုးရိုးမထဲမှ PDF စခန်းများကို လိုက်ပြခိုင်းပြီး ပဲခူးရိုးမအစပ်ရှိ အုတ်ဖိုမြို့နယ်အပိုင် ကိုင်းချိုကြီးနှင့် လက်ပံပင်ခုန်ကျေးရွာကြား၌ ပစ်သတ်ခဲ့သည်ဟု သတင်းရရှိထားကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
"လင်မယားနှစ်ဦးသတ်ခံရတယ်ဆိုတာက ကောင်မလေးအော်သံကိုလည်းကြားလိုက်ရတယ်။ နောက်ပြီး ဒီစစ်ကြောင်းပြန်ဆင်းသွားချိန်မှာ ခေါ်လာတဲ့လင်မယားနှစ်ဦးလည်းပြန်ပါမလာဘူး။ ပစ်ခတ်သံလည်းကြားရတယ်။ ဒီမနက်မှာကျွန်တော်တို့ဘက်က အလောင်းလိုက်ရှာနေပါတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ယနေ့မေလ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။
အမျိုးသမီးဖြစ်သူအား မသတ်ခင် စစ်ကောင်စတပ်ဖွဲ့ဘက်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကိုမြမင်းထက်နှင့် မသက်သက်ဦးဖမ်းဆီးခံရစဉ် မေလ ၁၀ရက်က ကိုမောင်မင်း၊ ကိုကတုံးဆိုသူလည်း ပါဝင်ခဲ့ကြောင်း၊ ကိုကတုံးသည် ထွက်ပြေးရန် ကြိုစားစဉ် စစ်ကောင်စီက ပစ်သတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။ကိုမောင်မင်းသည် ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရမှုများနှင့်နောက်ဆက်တွဲအခြေအနေများကို အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား နှိမ်နင်းနိုင်ရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းလျက်ရှိပြီး မသင်္ကာသူ အရပ်သားများကိုလည်းဖမ်းဆီးသတ်ဖြတ်မှုများရှိသည်ဟု ဒေသခံများကပြောသည်။လက်ရှိတွင် ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေတင်းမာနေသည်။
စာတည်း - မောင်ကြီး
#mizzima
#အုတ်ဖိုမြို့နယ်
#လူငယ်ဇနီး‌မောင်နှံ
#စစ်ကောင်စီ
#ဖမ်းဆီးသတ်ဖြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
729 views08:41
Open / Comment
2023-05-17 07:21:39 ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာ
======================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယခု ရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော်ရှိနေပြီဖြစ် ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှု အပြင် မြေပြင်တွင်လည်း ရွာစဉ်လှည့်စစ်ကြောင်းထိုးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ် အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်ကုန်း၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနှင့် အလယ်ခုံကျေးရွာ များကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးနေသလို ချပ်သင်းတိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး(ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ၊ ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်း ခြား နှင့် မကျီးကုန်းကျေးရွာများကိုလည်း စစ်ကြောင်းထိုးမှုရှိနေသည်။

ထို့ပြင် ဇီးကုန်းတိုက်နယ်မှ ရေကြည်ဦးကျေးရွာ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့်ကျေးရွာများမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများမှာ ရွာအတွင်းပြန်မဝင်နိုင်ဘဲ အမြဲတမ်း စစ်ရှောင်ရွာများအဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကဆို သည်။

ကန့်ဘလူခရိုင်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများအား စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၆၁)နှင့် ခမရ(၃၆၈) စစ်ကြောင်းများက ကျူးလွန်နေခြင်းဖြစ်ပြီး မေလ ၁၆ ရက် နေ့တွင် ခမရ(၃၆၁)မှာ ကျေးပင်အက်ဆည်ဘက်သို့လှည့်လည်နေပြီး ခမရ(၃၆၈)စစ်ကြောင်းမှာ ချင်မြစ် ကျင်းကျေးရွာဘက်၌ ယာယီတပ်စွဲစခန်းချနေကြောင်းဒေသခံများက ပြောကြားသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ ပြည်သူများမနေထိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာထိရှိလာပြီး ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စသည့် ကျေးရွာခုနစ်ရွာမှ ဒေသခံ များမှာ စစ်ကောင်စီ၏စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် မေလ ၁၆ ရက်နေ့အထိ ရွာအတွင်း ပြန်မဝင်နိုင်သေးကြောင်းသိရသည်။

ကန့်ဘလူခရိုင်အတွင်း၌ စစ်ရှောင်ဦးရေမြင့်တက်လာမှုနှင့်အတူ စစ်ရှောင်များအတွက် အဓိကကျသည့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးများလည်း လိုအပ်ချက် မြင့်မားလာနေကြောင်း သိရသည်။
စစ်ရှောင်များအတွက် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌သုံးစွဲရသည့်ဆေးဝါးများ လိုအပ် နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ သတင်းထုတ်ပြန်ထား သည်။

Photo - ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့
(ကန့်ဘလူခရိုင်၊စစ်ဘေးရှောင်ပြည်သူများ)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ဘေးရှောင်
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
124 views04:21
Open / Comment
2023-05-17 07:21:35
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ မြင့်တက်လာ
123 views04:21
Open / Comment
2023-05-17 07:15:57 ​​ဆိုင်ကလုန်းမုန်တိုင်း မိုခါက မြန်မာပြည်သူ ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ဟု ကုလသမဂ္ဂ ပြော
========================

ရခိုင်ပြည်နယ်က “ခုခံအားနည်းပြီး အခြေအနေ ဆိုးနေပြီးသား” နယ်မြေဧရိယာများကို ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ခြင်းက “ခြောက်အိပ်မက် သဖွယ်” ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းအတွင်း ခန့်မှန်းလူပေါင်း ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူးတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
154 views04:15
Open / Comment
2023-05-17 07:12:47 လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
======================

ဖေ့ဘုတ်လူမှုကွန်ရက်ကို တည်ထောင်သူဖြစ်တဲ့ သန်းထောင်ကြွယ် သူဌေး မာ့ခ် ဇက်ကာဘာ့ဂ်ဟာ ဘရာဇီးလ်နပန်းကို ကိုဗစ်ကပ်ဘေးကာလမှာ သင်ယူခဲ့ပြီး အခု ပထမဆုံးပြိုင်ပွဲမှာ ဆု ၂ ဆု ရသွားပါတယ်။ တက္ကဆက်ပြည်နယ်မှာတော့ ရထားတိုက်ဖို့ စက္ကန့်ပိုင်းအလိုမှာ လူ ၃ ဦး လွတ်သွားလိုက်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။





#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
176 views04:12
Open / Comment
2023-05-17 07:11:53 မိုခါ ဆိုင်ကလုံးမုန်တိုင်းဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအရ အသုံးချစရာ ဖြစ်လာမလား
========================

မြန်မာပြည်ရဲ့ ဒေသတချို့ကို မိုခါဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မုန်တိုင်းကြောင့် ပျက်စီးခဲ့ဆုံးရှုံးမှုတွေ၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ စားရေရိက္ခာပြတ်လပ်မှု ဒဏ်တွေကို ပြည်သူတွေ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။
အားပြင်းမုန်တိုင်း ဆိုင်ကလုံးမိုခါဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေကို အားအပြင်းဆုံးနဲ့ တိုက်ခတ်ဖြတ်သန်းခဲ့ပြီး ကျန်တဲ့ဒေသတွေမှာတော့ မုန်တိုင်းအဖျားခတ်တဲ့ဒဏ်ကြောင့် အင်တာနက်လိုင်း ပြတ်တောက်တာ လျှပ်စစ်မီးပြတ်တောက်တာတွေ ဒီနေ့အထိ ရှိနေတုန်းပါပဲ။





#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
196 views04:11
Open / Comment
2023-05-17 07:10:28 စစ်ပွဲကြောင့် ပိုလန်ရောက် ယူကရိန်းစီးပွားရေးလုပ်ငန်းရှင်များ | VOA On Mizzima
====================

ယူကရိန်းကို ရုရှားစပြီး ကျူးကျော်ခဲ့တဲ့ အစောပိုင်း ၉ လလောက်ကတည်းက ပိုလန်ရောက်ယူကရိန်း စီးပွါးရေးလုပ်ငန်းရှင်တွေ ရဲ့ အကူအညီနဲ့ ပိုလန်မှာ ယူကရိန်းကုမ္ပဏီ ၁၄၀၀၀ လောက်လည်ပတ်နိုင်ခဲ့တယ်လို့ ရဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ အိမ်နီးချင်း ပြည်ပတိုင်းပြည်တခုမှာ လုပ်ငန်းစတင်ခဲ့ကြတဲ့ ယူကရိန်း စွန့်ဦးတီထွင်သူတွေ အောင်မြင်မှုရနေကြသလို စစ်ပွဲအတွက် နိုင်သလောက် အကူအညီတွေပေးနေတဲ့ အကြောင်း VOA သတင်းထောက် Lesia Bakalets ပိုလန်ကနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။





#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
187 views04:10
Open / Comment
2023-05-17 07:08:46 အမေရိကန်လယ်ယာမြေ တရုတ် ပိုင်ဆိုင်မှုများပြား | VOA On Mizzima
======================

အမေရိကန်လယ်ယာမြေ တရုတ် ပိုင်ဆိုင်မှုများပြား | VOA On Mizzima

အမေရိကန်စိုက်ပျိုးမြေတွေကို နိုင်ငံခြားသားတွေ၊ အထူးသဖြင့်တရုတ်တွေကိုရောင်းချတာကို တားမြစ်တဲ့ ဥပဒေတွေချမှတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တချို့က တိုက်တွန်းနေကြပါတယ်။ အမေရိကန်မြေယာရင်းနှီးမြုပ်နှံမှုပိုင်ဆိုင်တဲ့ နိုင်ငံ ၁၀၀ ကျော်မှာတရုတ်က အဆင့် ၁၈ မှာရှိတာပါ။ တရုတ်ရဲ့ အမေရိကန်လယ်မြေတွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီးအမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေရှိနေပေမဲ့လည်း တချို့ဒေသခံတွေကတော့ ဒါကို အရေးထားရမယ့် ကိစ္စတခုလို့ မတွေးမိကြသေးပါဘူး။ VOA သတင်းထောက် Kane Farabaugh သတင်းပေးပို့ထားတာကို မဆုမွန် တင်ဆက်ထားပါတယ်။





#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
206 views04:08
Open / Comment